လေထဲမှ လောင်စာဖြင့် မောင်းမယ်ဆိုတဲ့ Lamborghini


လေထဲမှ လောင်စာဖြင့် မောင်းမယ်ဆိုတဲ့ Lamborghini


Lamborghini က ၂၀၂၄ ခုနှစ်ကစလို့ ထုတ်သမျှကားတိုင်း မောင်းနှင်အားအတွက် မော်တာပါမယ်လို့ ပြောထားပေမယ့် Lamborghini အနေဖြင့် အတွင်းမီးလောင်ပေါက်ကွဲအင်ဂျင် internal combustion engine (ICE) ကို မစွန့်လွှတ်သေးပါဘူး။ ဘက်ထရီနှင့် ဓာတ်ဆီ ၂ မျိုးစပ် ဟိုင်းဘရစ်ကားတွေ ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။

အီတလီမှ တစ်မူထူးတဲ့ အိမ်စီးပြိုင်ကား brand ဖြစ်တဲ့ Lamborghini က ၂၀၂၄ မှစလို့ မော်ဒယ်တိုင်း ဟိုင်းဘရစ် ဖြစ်စေရမယ်လို့ ကတိပြုထားပြီး ၂၀၂၈ မှာ အပြည့်အဝ လျှပ်စစ်ကား စတင် ထုတ်လုပ်ဖို့ လျာထားပါတယ်။ ဒါပေမဲ့ ၎င်းရဲ့ V8, V10 , V12 ICE အင်ဂျင်တွေကိုလည်း နှစ်အတန်ကြာ ဆက်လက်သုံးစွဲဖို့ မျှော်လင့်ထားပါတယ်။
Lamborghini ရဲ့ စီအီးအို Stephan Winkelmann က "ဟိုင်းဘရစ်တွေ ထုတ်လုပ်ပြီးရင် ၂၀၃၀ ဟိုမှာဘက်ကို ICE တပ်ထားတဲ့ ကားတွေ ပေးအပ်ဖို့ ဖြစ်နိုင်မလားဆိုတာ ကျွန်တော်တို့ စောင့်ကြည်ကြမယ်" လို့ ပြောကြားပါတယ်။
" ဖြစ်နိုင်တာတစ်ခုက လောင်စာအတုဖြင့် အင်ဂျင်ပါတဲ့ကားတွေ ဆက်လက်ရှင်ခွင့် ရနိုင်ပါတယ်" လို့ သူက ပြောကြားပါတယ်။

 

Lamborghini ရဲ့ မိခင်လုပ်ငန်း VW Group ရဲ့ ထီးရိပ်အောက်မှ Porsche က လေထုထဲမှ ကာဘွန်ဒိုင်အောက်ဆိုဒ်နှင့် ဟိုက်ဒြိုဂျင်တို့ကို ရယူပြီး မက်သနော ဖန်တီးကာ လောင်စာတုအဖြစ် အသုံးပြုတာကို သုတေသနနှင့် ဖွံ့ဖြိုးရေး လုပ်ဆောင်နေပါတယ်။ 
လောင်စာတုကို သုံးစွဲတဲ့အတွက် လေထုထဲ ကာဘွန်ဒိုင်အောက်ဆိုဒ် ထပ်တိုးမသွားလို့ အသားတင် သုည net-zero လို့ ခေါ်ကြတဲ့ လောင်စာဖြစ်ပါတယ်။ 

လောင်စာတုဖန်တီးတဲ့နည်းဖြင့် ထုတ်လုပ်ထားတဲ့ လောင်စာက ဈေးကြီးပါတယ်။ ဒါပေမဲ့ အတွင်းမီးလောင်ပေါက်ကွဲတဲ့ အင်ဂျင်ကို ဆက်လက်သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ Lamborghini လို ဈေးကြီးတဲ့ကားမျိုးကုိ ဝယ်စီးတဲ့သူတွေအဖို့ လောင်စာတု ဈေးကြီးတာကို အမှုမထားဘဲ စီးကြမှာ ဖြစ်ပါတယ်။

 


Porsche က လောင်စာတု synthetic fuel ထုတ်လုပ်မယ့် စက်ရုံကို ချီလီမှာ တည်ဆောက်နေပါတယ်။ စက်ရုံက ထုတ်လုပ်တဲ့ လောင်စာတုတွေကို ICE သုံးတဲ့ Porsche model များအတွက်သာ သုံးစွဲစေမှာ ဖြစ်ပါတယ်။
၂၀၂၂ အတွင်း စတင်ထုတ်လုပ်ပြီး ပွဲဦးထွက်အဖြစ် Porsche ရဲ့ Mobil 1 Supercup ပြိုင်ပွဲဝင် ပြိုင်ကားတွေမှာ သုံးစွဲမှာ ဖြစ်ပါတယ်။ Porsche ရဲ့ ICE သုံးတဲ့ Porsche model  ကားများကိုလည်း ရောင်းချပေးမယ်လို့ ဆိုပါတယ်။ ဈေးကတော့ သေးမှာ မဟုတ်တာ သေချာပါတယ်။ 

ပထမအဆင့် ၂၀၂၄ မှာ လောင်စာတု တစ်နှစ်လျှင် လီတာ ၅၅ သန်းအထိ ထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ်။  ဒုတိယအဆင့်မှာတော့ တစ်နှစ်လျှင် လီတာ သန်း ၅၅၀ အထိ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ 

 

 

Read 1008 times