ထိုင်းကားဈေးကွက် Kicks e-POWER အကြောင်း ၂ ချက်ကြောင့် ရောင်းအားမြင့်တက်


ထိုင်းကားဈေးကွက် Kicks e-POWER အကြောင်း ၂ ချက်ကြောင့် ရောင်းအားမြင့်တက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ဝယ်လိုသူ များစေဖို့ အဓိကကျတဲ့ အကြောင်း ၂ ချက် ဖြစ်တဲ့ ဆွဲဆောင်မှုရှိ‌‌သော အဆင့်မြှင့်တင်မှုများ ပေးအပ်ထားခြင်း၊ ထို့ပြင် ဗားရှင်းလေးမျိုးစလုံးအတွက် စျေးနှုန်းချိန်ညှိမှုများကြောင့် ထိုင်းကားဈေးကွက်ထဲမှာ Nissan ရဲ့ Kicks e-POWER ရောင်းအား သိသိသာသာ မြင့်တက်နေပါတယ်။

၂၀၂၀ ခုနှစ်တွင် ပထမဆုံး စတင်ရောင်းချခဲ့တဲ့  Kicks e-POWER ဟာ ဟိုက်ဘရစ်ဖြစ်ပေမဲ့ အီးဗီကဲ့သို့ မောင်းနှင်ပါတယ်။
1.2-litre ဓာတ်ဆီအင်ဂျင်ကို ဘီးတွေ လှိမ့်ဖို့အတွက် မသုံးစွဲပါ။ ဘက်ထရီအားသွင်းဖို့ ဂျင်နရေတာအတွက်သာ သုံးစွဲပါတယ်။ 
ဂျင်နရေတာက ဘက်ထရီ အားသွင်းပေးတဲ့အပြင် ရှေ့ဘီးတွေကို လှည့်ပေးနေတဲ့ မော်တောကိုလည်း လျှပ်စစ်စွမ်းအင် ပို့ပေးပါတယ်။
Nissan က Kicks e-POWER မော်ဒယ်ကို  ဒုတိယမျိုးဆက် ဟိုက်ဘရစ်စနစ်ဖြင့် အဆင့်မြှင့်တင်ပြီး ထုတ်လုပ်ရောင်းချပါတယ်။
 ပါဝါလည်း ပိုများ၊ ရုန်းအားလည်း ပိုသန်ပါတယ်။ လုပ်ဆောင်ချက် အသစ်အမျိုးမျိုးလည်း ဖြည့်ထည့်ပေးထားပါတယ်။


 ဂျပန်ကားကုမ္ပဏီများရဲ့  Honda HR-V, Mazda CX-30,Toyota Corolla Cross တို့ အားလုံး ရောင်းဈေး ဘတ် တစ်သန်းအထက်မှာ ရှိပါတယ်။ 
 Kicks e-POWER ရောင်းဈေးကို ဘတ် ၁ သန်းအောက်သို့ လျှော့ချထားပါတယ်။  ဘတ် ၁ သန်းအောက် ဈေးနှုန်းဖြစ်လို့ အတန်ဆုံး ဈေးနှုန်း ဖြစ်နေစေပါတယ်။ 
ယခင်က ဘတ် ၁,၀၄၉,၀၀၀ သတ်မှတ်ခဲ့ပြီး ယခု ဘတ် ၈၉၉,၀၀၀ သတ်မှတ်ပါတယ်။
 အမြင့်ဆုံး အတန်းအစား မော်ဒယ် Kicks e-POWER AUTECH ရောင်းဈေး ဘတ် ၉၄၉,၀၀၀ သတ်မှတ်ပါတယ်။
Source Bangkokpost 
 

 

 

 

 

 

 

 

Read 2579 times