အီးဗီ အစီး ၁,၀၀၀ မြန်မာသို့ တင်ပို့ရန် အမှာစာရရှိကြောင်း Kaixin Auto ကြေညာချက် ထုတ်ပြန်


အီးဗီ အစီး ၁,၀၀၀ မြန်မာသို့ တင်ပို့ရန် အမှာစာရရှိကြောင်း Kaixin Auto ကြေညာချက် ထုတ်ပြန်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

အီးဗီ အစီး ၁,၀၀၀ မြန်မာသို့ တင်ပို့ရန် အမှာစာရရှိကြောင်း Kaixin Auto Holdings ကြေညာချက် ထုတ်ပြန်ပါသည်။

 

Kaixin Auto Holdings ကို ၂၀၁၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယခင်က CM Seven Star Acquisition Corp. အမည်ဖြင့် လုပ်ကိုင်ပါသည်။

 

Kaixin Auto Holdings သည်  တစ်ပတ်ရစ် ဇိမ်ခံကားများ ဝယ်ရောင်း လုပ်ကိုင်ခြင်း၊  ကားအသစ်များကို တင်သွင်းရောင်းချခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းတို့ လုပ်ကိုင်သည့် တရုတ်ကုမ္ပဏီတစ်ခုဖြစ်သည်။ လျှပ်စစ်ကားများကို ထုတ်လုပ်ခြင်း၊  သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး (R&D)၊ ဒီဇိုင်းနှင့် စျေးကွက်တင်ခြင်းတို့ကိုလည်း လုပ်ကိုင်ပါသည်။

 

SKD (Semi Knocked Down)ဖြင့် စွမ်းအင်သစ်သုံး ကားအစီးရေ ၁၀၀၀ ကို မြန်မာနိုင်ငံသို့  တင်ပို့ရောင်းချရန် အမှာစာကို  Myanmar New Power Motor Co., Ltd. နှင့်  လက်မှတ်ရေးထိုးခဲ့ကြောင်း ၂၀၂၄ ခုနှစ် မတ်လ ၄ ရက်တွင် Kaixin Auto Holdings က ကြေညာချက် ထုတ်ပြန်ပါသည်။ ပထမအသုတ် ကားအစီးရေ ၁၀၀ ကို မကြာမီ ပို့ဆောင်ရန် သဘောတူထားကြပါသည်။

 

အဆိုပါ လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ ကုမ္ပဏီနှစ်ခုလုံးမှ ထိပ်တန်းအမှုဆောင်များ တက်ရောက်ခဲ့ပါသည်။

Source einnews


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Read 683 times