တိုယိုတာ အကြီးအကဲ အကီယို တိုယိုဒါ JAMA ဥက္ကဋ္ဌအဖြစ်မှ အနားယူ


တိုယိုတာ အကြီးအကဲ အကီယို တိုယိုဒါ JAMA ဥက္ကဋ္ဌအဖြစ်မှ အနားယူ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

ယခုနှစ်အစောပိုင်းတွင် Toyota Motor Corp ၏ စီအီးအိုအဖြစ်မှ နုတ်ထွက်ခဲ့သည့် အကီယို တိုယိုဒါ Akio Toyoda သည် ဂျပန် မော်တော်ယဉ် ထုတ်လုပ်သူများ အသင်း Japan Automobile Manufacturers Association JAMA ၏ ဥက္ကဋ္ဌအဖြစ်မှ အနားယူတော့မည်ဖြစ်သည်။

 JAMA ဥက္ကဋ္ဌသစ်အဖြစ် Isuzu Motors ဥက္ကဋ္ဌ မာစာနိုရီ ကာတယာမ Masanori Katayama က တာဝန်ရယူမည် ဖြစ်သည်။ 

JAMA ၏ ဥက္ကဋ္ဌရာထူးကို ဂျပန်နိုင်ငံ၏ အကြီးဆုံး ကားထုတ်လုပ်သည့် လုပ်ငန်းကြီး ၃ ခုဖြစ်သည့် တိုယိုတာ၊ ဟွန်ဒါနှင့် နစ်ဆန်းတို့ကြား နှစ်နှစ်တစ်ကြိမ် အလှည့်ကျ တာဝန်ရယူလေ့ရှိသည်။ အီဇူစူးအနေဖြင့် ယခု ပထမဆုံးအကြိမ် တာဝန်ရယူခြင်း ဖြစ်သည်။ 


အသက် ၆၇ ရှိသူ တိုယိုဒါသည် JAMA ဥက္ကဋ္ဌတာဝန်ကို ၂၀၁၂ ခုနှစ်တွင် ပထမဆုံးအကြိမ် တာဝန်ယူခဲ့သည်။ 
၂၀၁၈ ခုနှစ်တွင် ဒုတိယအကြိမ် တာဝန်ယူခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် တတိယအကြိမ် တာဝန်ယူခဲ့သည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ကာတယာမသည် ဥက္ကဋ္ဌတာဝန် စတင်ရယူမည် ဖြစ်သည်။


JAMA တွင် ဒုဥက္ကဋ္ဌများအဖြစ် နီဆန်း စီအီးအို  Makoto Uchida ၊ ဟွန်ဒါ စီအ္းအို Toshihiro Mibe ၊ တိုယိုတာ စီအီးအို Koji Sato တို့ တာဝန်ယူကြမည် ဖြစ်သည်။
Source autonews
 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 1263 times