ထိုင်းစက်ရုံကို အင်ဒိုနီးရှားသို့ ပြောင်းရွှေ့ရန် အစီအစဉ် Isuzu ငြင်းဆို
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
အင်ဒိုနီးရှား စက်မှုဝန်ကြီးက Isuzu Motors ၏ ထိုင်းစက်ရုံကို အင်ဒိုနီးရှားသို့ ပြောင်းရွှေ့မည်ဟု ပြောကြားခဲ့ပြီး နောက်တစ်နေ့ ဇွန်လ ၈ ရက်တွင် Isuzu Motors က ထိုသို့ စက်ရုံ ရွှေ့ပြောင်းရန် အစီအစဉ် မရှိပါကြောင်း ငြင်းဆိုလိုက်သည်။
ယခင်ဖော်ပြချက်
“ကျွန်တော်တို့ ကုမ္ပဏီက အင်ဒိုနီးရှားကို အဓိက စျေးကွက်တစ်ခုအဖြစ် ဆက်လက်အာရုံစိုက်နေသော်လည်း ထိုင်းစက်ရုံကို အင်ဒိုနီးရှားသို့ ပြောင်းရွှေ့ရန် အစီအစဉ် မရှိသေးပါ" ဟု Isuzu ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
ထိုသို့ Isuzu ၏ ထိုင်းစက်ရုံ အင်ဒိုနီးရှားသို့ ပြောင်းရွှေ့မည့်သတင်းကြောင့် ထိုင်းနိုင်ငံရှိ မော်တော်ယာဉ်ပစ္စည်းများ ထုတ်လုပ်ပြီး Isuzu စက်ရုံသို့ ပေးသွင်းသည့် လုပ်ငန်းများ၏ Stock Exchange of Thailand (SET) စာရင်းဝင် ရှယ်ယာများ ထုတ်ရောင်းကြရာမှ ဈေးကျကုန်သည်။
Isuzu ၏ ထိုင်းဈေးကွက်တွင် အရောင်းရဆုံး ပစ်ကပ်ထရပ်များအတွက် ချာစီဖရိန် ထုတ်လုပ်ပေးသွင်းသည့် Aapico HiTech ၏ ရှယ်ယာဈေးနှုန်း ၁၂% ဈေးကျသွားသည်။
မီးထွန်းသည့် အစိတ်အပိုင်း ပစ္စည်းကိရိယာများ ထုတ်လုပ်သည့် Thai Stanley Electric ၏ ရှယ်ယာဈေးနှုန်း ၄% ကျဆင်းခဲ့သည်။
Source Bangkokpost
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U