သုံးစွဲပုံအရ ပုံပြောင်းသည့် တန်ဖိုးနည်း တိုယိုတာ ဟိုင်းလပ် IMV 0
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
အာဆီယံ နိုင်ငံများအတွက် ရည်ရွယ်ထားသည့် Toyota IMV 0 ပစ်ကပ်ထရပ်ကို ၂၀၂၄ သို့မဟုတ် ၂၀၂၅ မှာ စတင်ရောင်းချမည် ဖြစ်သည်။
၎င်းပစ်ကပ်မော်ဒယ်ကို ထိုင်းနိုင်ငံတွင် ၂၀၂၂ ဒီဇင်ဘာမှာ ကျင်းပခဲ့သည့် Toyota Motor Thailand နှစ် (၆၀)ပြည့်အခမ်းအနားမှာ ပြသခဲ့သည်။
ယခုနှစ် ဩဂုတ်လတွင် IMV 0 ကို အင်ဒိုနီးရှားနိုင်ငံမှာ ပြသခဲ့ရာ၌ Rangga Concept ဟု အမည်ပေးထားသည်။
ထို့နောက် ဖိလစ်ပိုင်နိုင်ငံတွင် Toyota Motor Philippines ၃၅ နှစ်ပြည့် အခမ်းအနားတွင် IMV 0 ကို Tamaraw Concept (Jeepney Concept) အမည်ဖြင့် ပြသခဲ့သည်။
ထို့နောက် Japan Mobility Show တွင် ထပ်မံပြသခဲ့ပြန်သည်။ တိုယိုတာ ဥက္ကဋ္ဌနှင့် CEO ဖြစ်သူ Koji Sato က "IMV 0 ကို အာရှမှာ မကြာခင် စတင်ရောင်းချတော့မှာပါ" ဟု ပြောကြားခဲ့သည်။
ထိုသို့ နိုင်ငံအလိုက် အမည် အမျိုးမျိုးဖြင့် ပြသခဲ့သည့် IMV 0 ကို ထုတ်လုပ်သည့်အခါ Hilux Champ ဟု ခေါ်တွင်မည် ဖြစ်သည်။ ထိုင်းနိုင်ငံတွင် အရင်ဆုံး ရောင်းချမည်။ ထိုင်းနိုင်ငံသည် ပစ်ကပ်ထရပ် ကြီးစိုးသည့် မြေဖြစ်ပြီး IMV 0 ကို ထိုင်းနိုင်ငံတွင် ဖန်တီးခဲ့သဖြင့် ထိုင်းနိုင်ငံသည် IMV 0 ၏ ဇာတိမြေ ဖြစ်သည်။
IMV 0 ဈေးနှုန်းကို တန်ဖိုးသင့် ဟိုင်းလပ်အဖြစ် အနေအထား ရယူထားသည်။ စွယ်စုံသုံး လုပ်ငန်းသုံးယာဉ်အဖြစ် ရည်ရွယ်ထားသည်။
ဈေးအနည်းဆုံး ဗားရှင်းသည် USD10,000 မှ စတင်မည်ဟု ဆိုသည်။
IMV 0/Hilux Champ သည် ပစ်ကပ်ထရပ် အသေးစား မဟုတ်ချေ။
● အလျား 5,300 mm
● အကျယ် 1,785 mm
● အမြင့် 1,740 mm
● ခါးအလျား 3,085 mm
ရှိပါသည်။
Hilux နှင့် ယှဉ်လျှင် အလျား 25 mm တိုသည်။ အကျယ် 235-270 mm ဝန်းကျင် ပိုကျယ်သည်။ အမြင့် 55-75 mm ဝန်းကျင် နိမ့်သည်။ ခါးအလျား တူသည်။
Toyota IMV 0 ကို ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ စတင်ရောင်းချရန် မျှော်လင့်ထားသည်။
ဓာတ်ဆီအင်ဂျင် 2.0L ဖြစ်ပြီး ဒီဇယ်အင်ဂျင် 2.4L ဖြစ်ပါသည်။
Hilux နှင့် ကွာခြားသည်မှာ IMV 0/Hilux Champ တွင် အပိုဆာဒါးများ ထည့်ပေးမထားပါ။ ကုန်တင်သည့်နေရာ ကြမ်းခင်းပြားမှာ ပြင်ညီပြင် ဖြစ်ပါသည်။ ဘီးနေရာတို့တွင် အခုံးထွက်မနေပါ။ ထိုအချက်ကြောင့် Hilux Champ ကို သုံးစွဲပုံအရ ပုံပြောင်းနိုင်စေသည်။
ရှေ့ဖက်တွင် ကွိုင်စပရိန် သုံးထားသည်။ နောက်ဘက်မှာ လေးထုပ် သုံးထားသည်။ လေးထုပ်ကို ကုန်+ယာဉ် အလေးချိန်အရ ထပ်တိုးပေးနိုင်သည်။
လက်ထိုးဂီယာ ၅ ချက် ဖြစ်ပါသည်။
၄ ဘီးယက် ဗားရှင်းများကိုလည်း ထုတ်လုပ်မည်ဟု ဆိုသည်။
Source paultan.
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL