ဆီတင်ယာဉ်၊ ယာဉ်မောင်း ၊ ယာဉ်အကူ နှင့် Importer Company ကိုယ်စားလှယ် အားလုံး MPTA အသင်းဝင်ရန် လိုအပ်


 ဆီတင်ယာဉ်၊ ယာဉ်မောင်း ၊ ယာဉ်အကူ နှင့် Importer Company ကိုယ်စားလှယ် အားလုံး MPTA အသင်းဝင်ရန် လိုအပ်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


 
Importer Company / ဆီတင်ယာဉ် ပိုင်ရှင်များ၏ ဆီတင်ယာဉ်၊ ယာဉ်မောင်း ၊ ယာဉ်အကူ နှင့် Importer Company ကိုယ်စားလှယ် အားလုံး တို့သည် မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းဝင်ပြီး အသင်းဝင်ကဒ်ပြားရယူထားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း Myanmar Petroleum Trade Association MPTA မှ ကြေညာချက် ထုတ်ပြန်ထားသည်ကို ဖော်ပြအပ်ပါသည်။



 
စာအမှတ် ၊ MPTA / ဌာန /၂၀၂၃ ( ၉၅၄ ) 
ရက် စွဲ ၊ ၂၀၂၃ ခုနှစ် ၊ ဇွန်လ( ၁၆ )ရက်

Importer Company / ဆီတင်ယာဉ် ပိုင်ရှင်အားလုံး

အကြောင်းအရာ ။   ။ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းဝင်ရန်ကိစ္စ

အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ ၁၀ .၆ .၂၀၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်သော မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း ၊ CEC အစည်းအဝေးဆုံးဖြတ်ချက်အရ Importer Company / ဆီတင်ယာဉ် ပိုင်ရှင်များ၏ ဆီတင်ယာဉ်၊ ယာဉ်မောင်း ၊ ယာဉ်အကူ နှင့် Importer Company ကိုယ်စားလှယ် အားလုံး တို့သည် မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းဝင်ပြီး အသင်းဝင်ကဒ်ပြားရယူထားရမည် ဖြစ်ပါသည်။

၂။ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းသို့ အသင်းဝင်ကြေးအဖြစ် အောက်ပါအတိုင်း ပေးသွင်းရန်ဖြစ်ပါသည်-

(က) ဆီတင်ယာဉ်တစ်စီးလျှင် အသင်းဝင်ကြေး (၁၀,၀၀၀)ကျပ် ဖြစ်ပြီးနှစ်စဉ်ကြေး (၅,၀၀၀)ကျပ်ဖြစ်သည်။ 
(ခ) ယာဉ်မောင်းတစ်ဦးလျှင် အသင်းဝင်ကြေး (၂၀,၀၀၀)ကျပ် ဖြစ်ပြီးနှစ်စဉ်ကြေး (၅,၀၀၀)ကျပ်ဖြစ်သည်။ 
(ဂ) ယာဉ်အကူတစ်ဦးလျှင် အသင်းဝင်ကြေး (၁၀,၀၀၀)ကျပ် ဖြစ်ပြီးနှစ်စဉ်ကြေး (၅,၀၀၀)ကျပ်ဖြစ်သည်။ 
(ဃ) Importer Company ကိုယ်စားလှယ် တစ်ဦးလျှင် (၃၀,၀၀၀)ကျပ် ဖြစ်ပြီး နှစ်စဉ်ကြေး (၅,၀၀၀)ကျပ် ဖြစ်သည်။

၃။ အသင်းဝင်ကဒ်များပြုလုပ်ရန် ဆီတင်ယာဉ်၊ ယာဉ်မောင်း ၊ ယာဉ်အကူ နှင့် Importer Company ကိုယ်စား လှယ် စာရင်းအားလုံးတို့အား မှတ်တမ်းတင်နိုင်ရန် ပူးတွဲပါ ပုံစံတွင် ဖြည့်စွက်၍ အပေါ်စာနှင့်တကွ (၃၀.၆.၂၀၂၃) ရက်နေ့ နောက်ဆုံးထား၍ အသင်းရုံးသို့ လူကိုယ်တိုင်ဖြစ်စေ ၊ mpt [email protected] ဖြင့်ဖြစ်စေပေးပို့ရန် ဖြစ်သည်။


 

 

အသင်းတည်ရာ လိပ်စာ
မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း
Myanmar Petroleum Trade Association

အမှတ်၂၉၊ မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့
 ဖုန်း - ၀၉ - ၄၂၁၀၀၆၇၉၄ ၊ 
ဖက်စ် ၀၁-၂၃၀၀၀၉၄ ၊ ၀၁-၂၁၈၃၉၀၊ 
e-mail: [email protected]

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 837 times