စိတ်ဝင်စားမှု မြင့်မားသဖြင့် လျှပ်စစ်ပေါင်မုန့်ကား ID Buzz   ၂ ဆ တိုးထုတ်မည်


စိတ်ဝင်စားမှု မြင့်မားသဖြင့် လျှပ်စစ်ပေါင်မုန့်ကား ID Buzz   ၂ ဆ တိုးထုတ်မည်

ယခုအခါ  ID Buzz ကို ဂျာမနီနိုင်ငံ  Hannoveမြို့ရှိ Volkswagen VW စက်ရုံမှာ ထုတ်လုပ်နေပြီ ဖြစ်ပေမဲ့ ဥရောပဈေးကွက်အတွက်သာ ဖြစ်ပါတယ်။
အမေရိကန်ဈေးကွက်ထဲ မောင်းဝင်ဖို့ ကတော့ နောက်ထပ် ၂ နှစ် ကြာဦးမှာ ဖြစ်ပါတယ်။
ဥရောပဈေးကွက်မှာ အဝယ်လိုက်နေတာကြောင့် ၂ ဆ တိုးထုတ်မယ်လို့ VW က ဆိုပါတယ်။
Buzz မော်ဒယ်ကို ကြိုတင်အမှာစာ စီးရေ ၁၂၅,၀၀ ဝန်းကျင် ရရှိထားပြီးဖြစ်ပါတယ်။ ထက်ဝက်နီးပါးက လုပ်ငန်းသုံးယာဉ် မော်ဒယ်ကို မှာကြားကြပါတယ်။

 Hannover မြို့ရှိ VW စက်ရုံမှာ ယခုအခါ တစ်ရက် အစီး ၁၀၀ ထုတ်လုပ်နေပြီး ယခုနှစ်ကုန်မှာ ၂ ဆတိုးပြီး အစီး ၂၀၀ ထုတ်လုပ်မှာ ဖြစ်ပါတယ်။
 ၂၀၂၃ မှာ တစ်နှစ် စီးရေ တစ်သိန်း ထုတ်လုပ်မှာ ဖြစ်ပြီး စီးရေ ၁၃၀,၀၀၀ အထိ ရောက်အောင် အရှိန်တင်သွားမယ်လို့ ဆိုပါတယ်။

ဥရောပမှ အရောင်းကိုယ်စားလှယ်များထံ ကားနမူနာများကို ယခုနှစ်ကုန်ပိုင်းမှာ စတင်ပေးပို့မှာ ဖြစ်ပါတယ်။ 
Source arstechnica 
#MyanmarAutomobileGuide 

To join Telegram Channel  https://t.me/Guid4U

 

 

Read 114 times