ဗီယက်နမ်မှာ တစ်နှစ် စီးရေ တစ်သိန်း ထုတ်လုပ်နိုင်သည့် ကားစက်ရုံ Hyundai ဖွင့်လှစ်


ဗီယက်နမ်မှာ တစ်နှစ် စီးရေ တစ်သိန်း ထုတ်လုပ်နိုင်သည့် ကားစက်ရုံ Hyundai ဖွင့်လှစ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ဗီယက်နမ်မှ ကုမ္ပဏီစုနှင့် ဖက်စပ်လုပ်ငန်း ထူထောင်ထားပြီး ဗီယက်နမ်‌ဈေးကွက်မှာ  ထိပ်တန်း ကားကုမ္ပဏီဖြစ်နေတဲ့ Hyundai က ထုတ်လုပ်မှု တိုးချဲ့သွားမှာ ဖြစ်ပါတယ်။
၂၀၂၁ မှာ Hyundai က ကားစီးရေ ၇ သောင်းခန့် ရောင်းချခဲ့ပြီး Toyota ကို ကျော်လွန်ခဲ့ပါတယ်။

တောင်ကိုရီးယားမှ Hyundai Motor နှင့် ဗီယက်နမ်ကုမ္ပဏီစု Thanh Cong Group တို့ ထူထောင်ထားတဲ့ ဖက်စပ်လုပ်ငန်းက ဗီယက်နမ်မြောက်ပိုင်းတွင် ကျယ်ပြောလှသော စက်ရုံသစ်တစ်ခုကို ဖွင့်လှစ်လိုက်ပါတယ်။ ဗီယက်နမ်ဈေးကွက်မှာ လက်ရှိ ရရှိထားတဲ့ ပထမနေရာကို ဆက်ထိန်းထားရင်း ထုတ်လုပ်မှုစီးရေ တိုးမြှင့်မှာ ဖြစ်ပါတယ်။

Ninh Binh ပြည်နယ်တွင် တည်ရှိသော အဆိုပါ စက်ရုံဟာ နှစ်စဉ် ထုတ်လုပ်နိုင်စွမ်းပမာဏ စီးရေ တစ်သိန်း ရှိပါတယ်။
ယခင်ရှိထားနှင့်ပြီးသား ကားစက်ရုံရဲ့ ထုတ်လုပ်မှုနှင့် ပေါင်းလိုက်ရင် ၎င်းဖက်စပ်လုပ်ငန်းအနေဖြင့် ၂၀၂၅ မှာ စီးရေ ၁၈၀,၀၀၀ အထိ ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ ပြည်တွင်းဈေးကွက်အတွက်သာမက ဒေသတွင်းရှိ နိုင်ငံများသို့လည်း တင်ပို့မှာ ဖြစ်ပါတယ်။

၅၀ ဟက်တာခန့် ကျယ်ဝန်းတဲ့ စက်ရုံဝင်းထဲမှာ ကားစမ်းသပ်မောင်းနှင်ဖို့ လမ်းလည်း ပါဝင်ပါတယ်။ ရင်းနှီးမြှုပ်နှံမှု ပမာဏက ဗီယက်နမ်ဒေါင် ၃.၂ ထရီလီယံ (ကန်ဒေါ်လာ ၁၂၉ သန်း) ဖြစ်ပါတယ်။

Hyundai က  Thanh Cong နှင့် ဖက်စပ်လုပ်ငန်း ထူထောင်ပြီး ၂၀၀၉ ခုနှစ်တွင် ဗီယက်နမ်ဈေးကွက်သို့ ဝင်ရောက်ခဲ့ပါတယ်။ ယခုအခါ ဗီယက်နမ်ဈေးကွက်မှာ Hyundai က ရောင်းအားအများဆုံး နံပါတ်(၁)နေရာမှာ ရောက်ရှိနေပါတယ်။

ဗီယက်နမ် မော်တော်ယဉ် ထုတ်လုပ်သူများ အသင်း Vietnam Automobile Manufacturers' Association (VAMA) ၏ အဆိုအရ ၂၀၂၁ ခုနှစ်တွင် ပြည်တွင်း၌ ကားသစ်ရောင်းချရမှုမှာ အစီးရေ ၃၀၄,၀၀၀ ခန့် ရှိခဲ့ပါတယ်။
Source Asia nikkei

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


 


 

Read 2079 times