တရုတ်ပြည် ရောင်းအားထိုးကျသော်လည်း Hyundai Motor အမြတ်စံချိန်တင် ရရှိ


တရုတ်ပြည် ရောင်းအားထိုးကျသော်လည်း Hyundai Motor အမြတ်စံချိန်တင် ရရှိ

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Hyundai Motor သည် ဧပြီလမှ ဇွန်လအထိ ဒုတိယသုံးလပတ်တွင် မြောက်အမေရိကနှင့် တောင်ကိုးရီးယားတွင် ရောင်းအားကောင်းခဲ့ပြီး  စံချိန်တင် မြင့်မားသော အမြတ်ငွေကို ရရှိခဲ့သော်လည်း တရုတ်နိုင်ငံတွင် ရောင်းအား ကျဆင်းခဲ့သည်။

Hyundai Motor သည် ဒုတိယသုံးလပတ်တွင် အမြတ် ဝမ် ၄.၂၃ ထရီလီယံ ( ကန်ဒေါ်လာ ၃.၃ ဘီလီယံ) ရရှိခဲ့သည်။ မြင့်မားသော အမြတ်ငွေကို ရရှိခဲ့သည်မှာ သုံးလပတ် ၃ ခု ဆက်တိုက် ရှိသွားပြီ ဖြစ်သည်။ ရောင်းအား ဝမ် ၄၂.၂၅ ထရီလီယံ ရှိခဲ့ပြီး အသားတင်အမြတ် ဝမ် ၃.၃၄ ထရီလီယံ ရရှိခဲ့သည်။

အမြတ်အစွန်းများသော SUV များ ရောင်းအား ကောင်းခဲ့သည့်အပြင်  Genesis အထက်တန်းစား ကားအမှတ်တံဆိပ်၏ အမြတ်အစွန်းများသည့် ကားများသည်လည်း ရောင်းအား ကောင်းခဲ့သည်။
အီးဗီ မော်ဒယ်များ ရောင်းအား မြင့်တက်လာသည်။ ဒုတိယနှစ်ဝက်တွင် ဆက်လက်မြင့်တက်မည်ဟု မျှော်လင့်ထားသည်။

၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် Hyundai Motor ၏ ကားများ မြောက်အမေရိကဈေးကွက်တွင် စီးရေ ၅၁၀,၀၀၀ ရောင်းချနိုင်ခဲ့သည်။

အိန္ဒိယတွင် Hyundai နှင့် Kia တို့သည် စျေးကွက်ဝေစု ၂၁% ရှိသည်။ Maruti Suzuki သည် ဈေးကွက်ဝေစု အများဆုံး ရရှိထားပြီး Hyundai နှင့် Kia တို့သည် ဒုတိယအများဆုံး ဖြစ်သည်။ အိန္ဒိယမှ  General Motors ၏ ကားစက်ရုံကို ဝယ်ယူရန် ရည်ရွယ်ထားသည်။

Hyundai သည် အရှေ့တောင်အာရှတွင် Toyota Motor အပါအဝင် ဈေးကွက်ကို ကြီးစိုးထားသည့် ဂျပန်ကားလုပ်ငန်းများကို ယှဉ်ပြိုင်နေသည်။ 

တရုတ်ပြည်တွင် ရောင်းအားထိုးကျနေသည်။ စက်ရုံများ ပိတ်သိမ်းပြီး ရောင်းချသည်အထိ ဖြစ်နေသည်။ 


 Hyundai က တရုတ်ပြည်မှ ကားစက်ရုံများ ရောင်းချမည်
https://www.automobiledirectory.com.mm/article/hyundai-china-factories-restructure.html


 

 အခြေအနေကို ကုစားရန်အတွက် Hyundai သည် ၎င်း၏ စွမ်းဆောင်ရည်မြင့် N အမှတ်တံဆိပ်ကို တရုတ်နိုင်ငံတွင် စတင်ရောင်းချမည်ဟု ကြေညာခဲ့သည်။

Hyundai ၏ တရုတ်ပြည်တွင် ကားထုတ်လုပ်မှုကို တရုတ်အစိုးရပိုင် BAIC Group နှင့် ဖက်စပ်လုပ်ကိုင်သည့် Beijing Hyundai Motor ကို တည်ထောင်ပြီး ၂၀၀၂ ခုနှစ်တွင်  ပထမဆုံး စတင်ခဲ့သည်။
အထွတ်အထိပ် ရောက်ရှိနေချိန်တွင် ကားစက်ရုံငါးခုမှ တစ်နှစ်လျှင် အစီးရေ ၁.၆၅ သန်းအထိ ထုတ်လုပ်ခဲ့သည်။


Source Asia nikkei 
 

Read 1966 times