ဗီယက်နမ်တွင် Hyundai Motor, Kia  ဦးဆောင်သူ နေရာ ဆက်လက်ထိန်းသိမ်းထား


ဗီယက်နမ်တွင် Hyundai Motor, Kia  ဦးဆောင်သူ နေရာ ဆက်လက်ထိန်းသိမ်းထား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

Hyundai Motor နှင့် ၎င်း၏ညီမကုမ္ပဏီ Kia တို့သည် ဗီယက်နမ်စျေးကွက်တွင် မော်ဒယ်အသစ်များနှင့် လူကြိုက်များသော မော်တော်ကားများ ရောင်းချခြင်းဖြင့် လျင်မြန်စွာကြီးထွားလာခဲ့ပြီး ဦးဆောင်သူ နေရာကို ရရှိထားသည်ကို ခိုင်မာစေမည့် အစီအစဉ်များကို ကြေညာခဲ့သည်။
 
Hyundai Thanh Cong Manufacturing Vietnam (HTMV) အမည်ဖြင့် ဖက်စပ်လုပ်ငန်းကို ဗီယက်နမ်နိုင်ငံမှ Thanh Cong နှင့် ၂၀၁၇ ခုနှစ်တွင် တည်ထောင်ပြီးနောက် Hyundai Motor သည် ဗီယက်နမ်နိုင်ငံ Ninh Binh ရှိ စက်ရုံတွင် Grand i10၊ Avante၊ Tucson နှင့် Santa Fe မော်ဒယ်များကို ထုတ်လုပ်ခဲ့သည်။

၂၀၁၉ ခုနှစ်တွင် HTMV သည် ရောင်းအားပမာဏအရ ဗီယက်နမ်၏ ထိပ်တန်းကားထုတ်လုပ်သူ ဖြစ်လာခဲ့သည်။
ထိုနှစ်တွင် HTMV သည် ကားအစီးရေ ၇၉,၅၆၈ ရောင်းချခဲ့သည်။ Toyota Motor က ၇၉,၃၂၈ စီး ရောင်းချခဲ့သည်။
HTMV သည် ၂၀၂၀ ခုနှစ်တွင် ၈၁,၄၆၈ စီး၊ ၂၀၂၁ ခုနှစ်တွင် ၇၀,၅၁၈ စီး ရောင်းချခဲ့ပြီး ၃ နှစ်ဆက်တိုက် ကားစီးရေ အများဆုံး ရောင်းချသည့် လုပ်ငန်း ဖြစ်ခဲ့ပါသည်။
အောင်မြင်မှုများကြောင့် HTMV သည် ၂၀၂၂ ခုနှစ်တွင် ဒုတိယမြောက် ကားစက်ရုံကို တည်ဆောက်ခဲ့သည်။

Kia သည် ၂၀၀၄ ခုနှစ်တွင် ဗီယက်နမ် ပြည်တွင်းလုပ်ငန်း Truong Hai Auto နှင့် ပူးပေါင်းကာ  ဗီယက်နမ်တွင် လုပ်ငန်း စတင်ခဲ့သည်။
Kia သည် ၂၀၁၈ ခုနှစ်တွင် ၂၈,၉၈၆ စီး၊ ၂၀၁၉ ခုနှစ်တွင် ၃၀,၁၀၃ စီး ရောင်းချခဲ့သည်။

၂၀၂၀ ခုနှစ်တွင်  Toyota Motor, Mazda Motor Corporation, Mitsubishi Motors, Ford Motor တို့ အားလုံး ကိုဗစ်ကြောင့် ရောင်းအားကျဆင်းသည်။ Kia က ၂၀၁၉ ခုနှစ်ထက် ရောင်းအား ၃၀.၂% မြင့်တက်ခဲ့ပြီး ၃၉,၁၈၀ စီး ရောင်းချခဲ့သည်။ 
၂၀၂၂ ခုနှစ်တွင် အစီးရေ ၆၀,၀၀၀ ကျော် ရောင်းချခဲ့သည်။

ယခုနှစ် ပထမ ၅ လတွင် Hyundai Motor သည် အရောင်းရဆုံး ဖြစ်ခဲ့ပြီး ၂၂,၉၀၃ စီး ရောင်းချခဲ့သည်။ တိုToyota Motor က အစီးရေ ၂၁,၅၄၇ စီး ရောင်းချခဲ့သည်။ Kia သည် အစီးရေ ၁၃,၉၅၁ စီး ရောင်းချခဲ့သည်။
 
ဗီယက်နမ်ဈေးကွက်ထဲ ဦးဆောင်သူနေရာကို ဆက်လက်ထိန်းထားရန်အတွက် Hyundai Motor သည် SUV နှင့် Minivans မော်ဒယ်အသစ်များကို ဖန်တီးနေစဉ်တွင် Accent၊ Creta နှင့် Santa Fe မော်ဒယ်တို့၏ ရောင်းအားကို မြှင့်တင်ရန် စီစဉ်နေသည်။

ထို့အပြင် ဗီယက်နမ် လျှပ်စစ်ကားစျေးကွက်တွင် ချဲ့ထွင်ရန် IONIQ 5 ကို ဇူလိုင်လတွင် ဗီယက်နမ်နိုင်ငံတွင် ပြည်တွင်းထုတ်လုပ်မှုကို စတင်မည်။

ယခုနှစ် ဒုတိယနှစ်ဝက်တွင် HTMV စက်ရုံနှစ်ခုသည် IONIQ 5၊ Venue နှင့် Palisade မော်ဒယ်တို့ကို စတင်ထုတ်လုပ်မည်ဖြစ်သည်။
 
 Kia သည် ဗီယက်နမ်တွင် Sonet၊ Carnival၊ Sportage နှင့် K3 တို့၏ ရောင်းအားကို မြှင့်တင်ရန် စီစဉ်နေသည်။


Source koreatimes 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 261 times