ဗီယက်နမ်၊ အင်ဒိုနီးရှားတို့တွင် Hyundai နှင့် Kia အရောင်း စံချိန်တင် 


 ဗီယက်နမ်၊ အင်ဒိုနီးရှားတို့တွင် Hyundai နှင့် Kia အရောင်း စံချိန်တင် 

တောင်ကိုရီးယားမှ မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းများ ဖြစ်ကြတဲ့ Hyundai Motor Co. နှင့် ၎င်း၏ တွဲဖက် Kia Corp တို့ ၂၀၂၂  ပထမနှစ်ဝက်  ဗီယက်နမ်နှင့် အင်ဒိုနီးရှား ဈေးကွက်ရောင်းအား ကြီးထွားခဲ့ပါတယ်။

အစဉ်အလာအားဖြင့် ဂျပန်ကားထုတ်လုပ်သူများကြီးစိုးသော စျေးကွက်နှစ်ခုမှာ နေရာရယူနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဗီယက်နမ် မော်တော်ယာဉ် ထုတ်လုပ်သူများ အသင်း Vietnam Automobile Manufacturers' Association မှ အချက်အလက်များအရ ဗီယက်နမ်မှ ဖက်စပ်လုပ်ငန်းများ ဖြစ်ကြတဲ့  Hyundai Thanh Cong Manufacturing Vietnam နှင့် THACO Kia တို့ရဲ့ ဗီယက်နမ်ဈေးကွက် ရောင်းအားမှာ ယခုနှစ် ၂၀၂၂ ရဲ့ ဇန်နဝါရီလမှ ဇွန်လအထိ ပထမနစ်ဝက်အတွင်း စီးရေ ၇၁,၈၈၂ ရောင်းချနိုင်ခဲ့ပါတယ်။ ယမန်နှစ် နှစ်ဝက်ထက် ၂၉.၃% ပိုများပါတယ်။

ဂျပန်မှ Toyota Motor Corp က စီးရေ ၄၃,၀၈၅ ရောင်းချခဲ့ပါတယ်။ Hyundai နှင့်  Kia တို့ရဲ့ ဖက်စပ်လုပ်ငန်းများ‌ ရောင်းအားက စီးရေအားဖြင့်  Toyota ရောင်းအားရဲ့ ဈ၁.၇ ဆ ရှိပါတယ်။

ဗီယက်နမ်ဈေးကွက်အတွင်း ဈေးကွက်ဝေစုကို ကြည့်ရင် Hyundai နှင့်  Kia တို့ရဲ့ ဖက်စပ်လုပ်ငန်းများ‌က ၃၈.၈% ရရှိပြီး Toyota က ၂၃.၂ % ရရှိပါတယ်။ 

 အင်ဒိုနီးရှား မော်တော်ယာဉ် လုပ်ငန်းကဏ္ဍ အသင်း  Association of Indonesia Automotive Industries မှ အချက်အလက်များအရ ယခုနှစ် ပထမနှစ်ဝက်မှာ Hyundai နှင့်  Kia တို့ရဲ့  ကားစီးရေ ၁၂,၀၁၃ ရောင်းချနိုင်ခဲ့ပါတယ်။  ယမန်နှစ် ပထမနှစ်ဝက်ထက် ၄ ဆ ဖြစ်လာခဲ့ပါတယ်။ 

ဈေးကွက်ဝေစုကို ကြည့်ရင်  အင်ဒိုနီးရှာ းကားအသစ် ဈေးကွက်ထဲမှာ ရောင်းရသမျှကားစီးရေ စုစုပေါင်းရဲ့  ၉၀% ဟာ ဂျပန်ကား brand  တွေ ဖြစ်ပါတယ်။ Hyundai နှင့်  Kia တို့ရဲ့ ယခုနှစ် ပထမနှစ်ဝက် ဈေးကွက်ဝေစုက ၂.၆ % ဖြစ်ပါတယ်။ ယမန်နှစ် ပထမနှစ်ဝက်မှာ ဈေးကွက်ဝေစု ၁.၈ % ရရှိခဲ့ပါတယ်။ 

မြို့တော် ဂျာကာတာရဲ့ အရှေ့ဘက် ကီလိုမီတာ ၈၀ အကွာအဝေးမှာ တည်ရှိတဲ့ Cikarang အနီးရှိ  Deltamas Industrial Complex မှာ Hyundai က တစ်နှစ်လျှင် စီးရေ ၁၅၀,၀၀၀ အထိ ထုတ်လုပ်နိုင်တဲ့ စက်ရုံအသစ်တစ်ရုံ ဆောက်လုပ်ပြီးစီးခဲ့ပြီး မော်တော်ယာဉ်များ ထုတ်လုပ်လျက် ရှိပါတယ်။ အာဆီယံဒေသအတွက် ရည်ရွယ်ထားတဲ့ Creta SUV မော်ဒယ်နှင့် အပြည့်အဝ လျှပ်စစ်ကား IONIQ 5 မော်ဒယ်တို့ကို အဆိုပါ စက်ရုံမှ ထုတ်လုပ်လျက် ရှိပါတယ်။ 

#MyanmarAutomobileGuide

Telegram Channel

https://t.me/Guid4U

Source: koreatimes

Read 1348 times