မီးထလောင်နိုင်ကြောင်း Hyundai နှင့် Kia က အမေရိကန်မှ ကားအစီးရေ ၅ သိန်း နီးပါးကို အကြောင်းကြား


မီးထလောင်နိုင်ကြောင်း Hyundai နှင့် Kia က အမေရိကန်မှ ကားအစီးရေ ၅ သိန်း နီးပါးကို အကြောင်းကြား

Hyundai နှင့် Kia တို့သည် အချိန်မရွေး မီးထလောင်နိုင်တာကြောင့် ကားအစီးရေ ၅ သိန်း နီးပါးကို ကားစက်သတ်ပြီး ရပ်နားထားသည့်အခါမှာ အဆောက်အဦ  ပြင်ပတွင် ရပ်နားကြရန် အမေရိကန်မှ ကားပိုင်ရှင်များအား အကြောင်းကြားထားတယ်လို့ CNN သတင်းမှာ ဖော်ပြထားပါတယ်။

ကားမှာပါတဲ့ anti-lock ဘရိတ်စနစ်အတွက် သုံးစွဲထားတဲ့ ကွန်ပျူတာမှာ ချို့ယွင်းချက် ရှိနေလို့ ရှော့ဆားကစ် short circuit ဖြစ်သွားနိုင်ပြီး အင်ဂျင်ခန်းထဲမှာ မီးထလောင်နိုင်တဲ့ အန္တရာယ် ရှိနေတာ ဖြစ်ပါတယ်။ အိမ်တွေမှာ ဝါယာရှော့ဖြစ်ရာမှ မီးလောင်တာမျိုးလို အဖြစ်မျိုး အချိန်မရွေး ဖြစ်ပွားနိုင်ပါတယ်။


Hyundai ရဲ့ကားတွေမှာ 
2016-2018 model year Santa Fe SUV,
2017-2018 Santa Fe Sport SUV, 
2019 Santa Fe XL model
2014-2015 Tucson SUV
တို့ပါဝင်ပါတယ်။

Kia ရဲ့ကားတွေမှာ 
 2016-2018 K900 sedan,
 2014-2016 Sportage SUV တို့ပါဝင်ပါတယ်။

အမေရိကန်နိုင်ငံမှာ Hyundai က စီးရေ  357,830 ကို ပြန်ခေါ်ယူထားပြီး  Kia က 126,747 စီး ပြန်ခေါ်ယူထားပါတယ်။
ချို့ယွင်းချက် ရှိနေတဲ့ ကွန်ပျူတာအစိတ်အပိုင်းကို ပြဿနာကင်းရှင်းတဲ့ အသစ်နဲ့ လဲလှယ်တပ်ဆင်ပေးသွားမှာ ဖြစ်ပါတယ်။
anti-lock ဘရိတ် ထိန်းချုပ်စနစ်အတွက် ထားရှိတဲ့ ဖြူးစ် fuse ကိုလည်း အမျိုးအစားအသစ်တစ်ခုဖြင့် လဲလှယ်တပ်ဆင်ပေးမှာ ဖြစ်ပါတယ်။
ယခုလို လဲလှယ်တပ်ဆင်ပေးတာအတွက် ပစ္စည်းဖိုး လက်ခ အခမဲ့ ဖြစ်ပါတယ်။

တောင်ကိုရီးယား ကားထုတ်လုပ်ရေးလုပ်ငန်း ၂ ခု ဖြစ်တဲ့ Hyundai နဲ့ Kia တို့ဟာ အမေရိကန်မှာ သီးြခားရပ်တည် လုပ်ကိုင်နေကြပေမဲ့  Hyundai Motor Group ရဲ့ ထီးရိပ်အောက်မှ ကုမ္ပဏီများ ဖြစ်ပြီး ကုမ္ပဏီနှစ်ခုအကြား ကားအစိတ်အပိုင်းအချို့ကို အတူမျှဝေသုံးစွဲကြပါတယ်။ 

ကားပိုင်ရှင်များအတွက် NHTSA ရဲ့  auto safety website မှာ  Vehicle Identification Number (VIN) ဖြင့် ရှာဖွေနိုင်အောင် စီစဉ်ပေးထားပါတယ်။

https://www.nhtsa.gov/recalls

Read 23376 times