ဂျာမနီရှိ Hyundai, Kia  အလုပ်ဌာနများ စီးနင်းရှာဖွေခံရ


ဂျာမနီရှိ Hyundai, Kia  အလုပ်ဌာနများ စီးနင်းရှာဖွေခံရ

ဂျာမနီရှိ Hyundai, Kia  အလုပ်ဌာနများကို ဂျာမနီ အာဏာပိုင်တို့ကို စီးနင်း ရှာဖွေမှုများ အင်္ဂါနေ့ (ဇွန် ၂၈) က ဆောင်ရွက်ခဲ့သည်။ တရားဝင် သုံးခွင့် မရသော ကိရိယာများဖြင့် ဒီဇယ်အင်ဂျင်သုံး မော်တော်ယာဉ် စီရေး ၂၁၀,၀၀ ကို လမ်းများပေါ်သို့ ရောက်စေခဲ့သည်ဟု  စွပ်စွဲထားသော အမှုကို  ဂျာမနီနိုင်ငံ  Frankfurt  ပြည်နယ်တရားရုံးက အရေးယူဆောင်ရွက်ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ကြေညာသည်။ 

ထိုကြေညာချက်ကြောင့် တောင်ကိုရီးယား မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းနှစ်ခု၏ ရှယ်ယာများ ဗုဒ္ဓဟူးနေ့တွင် ၆% ဈေးကျသွားခဲ့သည်။ 

တရားဝင် သုံးစွဲခွင့်မရှိသောကိရိယာများသည် စက်ပစ္စည်းဖြစ်စေ၊ ဆော့ဖ်ဝဲလ်ဖြစ်စေ မော်တော်ယာဉ်မှ ထုတ်လွှတ်သော ထေုညစ်ညမ်းမှု ရေချိန်ကို ပြောင်းလဲစေနိုင်သည်။ တကယ့်လေထု ညစ်ညမ်းမှု အစစ်အမှန်ကို ဖုံးကွယ်ရန် တမင်ရည်ရွယ်ချက် ရှိရှိဖြင့် အသုံးပြုခြင်း ဖြစ်နေတတ်သည်။

၂၀၁၅ ခုနှစ်တွင် Volkswagen သည် မော်တော်ယာဉ်မှ ထုတ်လွှတ်သည့် လေထုညစ်ညမ်းမှုရေချိန်ကို အမှန်အတိုင်း မပြသည့် ဆော့ဖ်ဝဲလ်ကို သုံးစွဲပြီး ၎င်း၏ ဒီဇယ်အင်ဂျင်များကို အမေရိကန် အာဏာပိုင်တို့က  ညစ်ညမ်းဓာတ်ငွေ့ ထုတ်လွှတ်မှု စစ်ဆေးခြင်းကို ခံယူခဲ့ဖူးသည်။ အမှုမှန် ပေါ်ပေါက်ခဲ့ရာ ရာဇဝတ်မှုဖြင့် ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၂.၈ ဘီလျံ ပေးဆောင်ရန် စီရင်ချက် ချခဲ့သည်။

Hyundai နှင့်  Kia  တို့ သုံးစွဲထားသော အင်ဂျင်ဆော့ဖ်ဝဲသည် Bosch နှင့် Delphiတို့ထံမှ ရယူသည်ဟု ယူဆရသည်ဟု တရားရုံး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

အာဏာပိုင်တို့က Hyundai နှင့်  Kia  တို့ ၏ အလုပ်ဌာနများကို စီးနင်းရှာဖေခဲ့ကြရာ ဂျာမနီနှင့် လပ်စ်စင်ဘတ်တို့တွင် တည်ရှိသည့် နေရာ ၈ ခုကို ရှာဖွေခဲ့ကြသည်။ 

ဆိုးလ်မြို့ရှိ Hyundai Motor Group ရုံးချုပ်မှ ပြောရေးဆိုရေးတာဝန်ခံက Hyundai နှင့်  Kia  တို့ ၏ အလုပ်ဌာနများ စီးနင်းရှာဖွေခံရသည်ကို အတည်ပြုပြောကြားသည်။ အာဏာပိုင်တို့နှင့် အတူလက်တွဲပြီး ကူညီလုပ်ဆောင်ပေးလျက် ရှိကြောင်းလည်း ပြောကြားသည်။ 

#MyanmarAutomobileGuide

 Telegram Channel

https://t.me/Guid4U

 

Read 891 times