အိန္ဒိယနိုင်ငံထုတ် Hyundai Creta ရောင်းအားတက်


အိန္ဒိယနိုင်ငံထုတ် Hyundai Creta ရောင်းအားတက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

၂၀၂၂ ပြက္ခဒိန်နှစ် တစ်နှစ်တာမှာ Creta ဟာ Hyundai Motor India ရဲ့ အရောင်းရဆုံး ကားမော်ဒယ် ဖြစ်ခဲ့ပါတယ်။ အိန္ဒိယကားဈေးကွက်မှာ  စီးရေ ၅၅၂,၅၁၁ ရောင်းချခဲ့ပါတယ်။ ယခင်အရောင်းရဆုံးစံချိန်ဟောင်းက ၂၀၁၈ ခုနှစ်မှာ ၅၅၀,၀၀၂ စီး ရောင်းချခဲ့တာ ဖြစ်ပါတယ်။
sport utility vehicle (SUV) အမျိုးအစားဖြစ်တဲ့ Creta ကို ၂၀၁၅ မှာ အိန္ဒိယပြည်တွင်းကားဈေးကွက်ထဲ စတင်ရောင်းချပြီး ၂၀၂၂ ပြက္ခဒိန်နှစ် တစ်နှစ်တာရောင်းရစီးရေက အများဆုံး စံချိန်သစ်တင်ခဲ့ပါတယ်။

 လက်ရှိမှာ Hyundai က 
 Grand i10 Nios, 
i20, 
i20 N Line, 
Aura, 
Venue, 
Venue N Line, 
Verna, 
Creta, 
Alcazar, 
Tucson,
Kona Electric
မော်ဒယ် ၁၁ မျိုး ရောင်းချပါတယ်။

၂၀၂၂ ပြက္ခဒိန်နှစ် တစ်နှစ်တာမှာ Hyundai Motor India က ပြည်ပဈေးကွက်များသို့ ကားစီးရေ ၁၄၈,၃၀၀ တင်ပို့ခဲ့ပါတယ်။ 
၂၀၂၂ တင်ပို့စီးရေရဲ့ ၅၀% ဟာ SUV မော်ဒယ်များ ဖြစ်ပါတယ်။

ပြက္ခဒိန်နှစ် calendar year CY အရ ပြည်တွင်းဈေးကွက် Domestic ၊ ပြည်ပတင်ပို့ Exports နှင့် နှစ်မျိုးစုစုပေါင်းစီးရေတို့ကို ဖော်ပြအပ်ပါသည်။


 

Hyundai က ၂၀၂၂ ဒီဇင်ဘာလမှာ စီးရေ ၃၈,၈၃၁ ကို ပြည်တွင်းဈေးကွက်မှာ ရောင်းချခဲ့ပြီး ပြည်ပသို့ စီးရေ ၁၉,၀၂၁ တင်ပို့ခဲ့ပါတယ်။ နှစ်မျိုး စုစုပေါင်းစီးရေ ၅၇,၈၅၂ ဖြစ်ပါတယ်။

Hyundai သည် Chennai တွင် ကားထုတ်လုပ်ရေးစက်ရုံတစ်ခု ထားရှိသည်။အာဖရိက၊ အရှေ့အလယ်ပိုင်း၊ လက်တင်အမေရိက၊ ဩစတြေးလျနှင့် အာရှ-ပစိဖိတ် ဒေသများရှိ ၈၅ နိုင်ငံသို့ တင်ပို့ပါတယ်။
Source indiatoday

Read 1883 times