တရုတ် အီးဗီလုပ်ငန်း Human Horizons နှင့် ဆော်ဒီအာရေဗျ ဒေါ်လာ ၅.၆ ဘီလီယံ သဘောတူညီချက် လက်မှတ်ရေးထိုး


တရုတ် အီးဗီလုပ်ငန်း Human Horizons နှင့် ဆော်ဒီအာရေဗျ ဒေါ်လာ ၅.၆ ဘီလီယံ သဘောတူညီချက် လက်မှတ်ရေးထိုး

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

ဆော်ဒီအာရေးဗီးယား ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနသည် တရုတ် လျှပ်စစ်ကား ထုတ်လုပ်ရေး ကုမ္ပဏီ Human Horizons နှင့် ဒေါ်လာ ၅.၆ ဘီလီယံ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ဆော်ဒီ နိုင်ငံပိုင် သတင်းဌာနက ထုတ်ပြန်သည်။

ဆော်ဒီ၏ အစီအစဉ်မှာ ပြည်တွင်း လျှပ်စစ်ကား ထုတ်လုပ်ရေး လုပ်ငန်းကဏ္ဍကို အကောင်အထည် ဖော်ရန် ဖြစ်သည်။

Human Horizons သည် တရုတ်နိုင်ငံတွင် HiPhi အမှတ်တံဆိပ်ဖြင့် လျှပ်စစ်ကားများကို ထုတ်လုပ်ပါသည်။

Human Horizons က ၎င်း၏ ပရီမီယံ HiPhi အမှတ်တံဆိပ်ကို ယခုနှစ်တွင် ဥရောပဈေးကွက်အချို့မှာ စတင်ရောင်းချသွားမည်ဖြစ်ကြောင်း၊ ပင်လယ်ရပ်ခြားတွင် ချဲ့ထွင်ရန် မျှော်မှန်းထားကြောင်း မတ်လတွင် ပြောကြားခဲ့သည်။

Source cnbc
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 314 times