တရုတ် ကားဈေးကွက်ပြိုင်ဆိုင်မှု အထင်ကရ ၅ ဦးထက်မပိုဘဲ အဆုံးသတ်သွားမည်ဖြစ်ကြောင်း Huawei မှ Richard Yu


တရုတ် ကားဈေးကွက်ပြိုင်ဆိုင်မှု အထင်ကရ ၅ ဦးထက်မပိုဘဲ အဆုံးသတ်သွားမည်ဖြစ်ကြောင်း Huawei မှ Richard Yu က ပြောကြား

TO GET INSTANT UPDATE 
Join Telegram Channel  
https://t.me/Guid4U

 

 

တရုတ်နိုင်ငံ မော်တော်ယာဥ်ဈေးကွက်ပြိုင်ဆိုင်မှုသည် အထင်ကရကစားသမား ၅ ဦးထက်မပိုဘဲ အဆုံးသတ်သွားမည်ဖြစ်ကြောင်း Huawei မှ Richard Yu က ပြောကြားခဲ့ပါတယ်။ 
 Huawei ကျောထောက်နောက်ခံပြု AITO က တစ်လလျှင် ကားအစီးရေ ၂၀,၀၀၀ ရောင်းချနိုင်နေပြီဖြစ်ပေမဲ့ အားရစရာ မရှိသေးကြောင်း Richard Yu က ပြောကြားပါတယ်။ သက်တမ်းအားဖြင့်လည်း နုနယ်နေပါသေးတယ်။

 

Richard Yu

 

 

Huawei ၏ မော်တော်ယာဥ်လုပ်ငန်းတွင် ဦးဆောင်သူဖြစ်တဲ့ Richard Yu က တရုတ်နိုင်ငံ မော်တော်ယာဥ်ဈေးကွက် အပြောင်းအလဲများ တည်ငြိမ်သော အခြေအနေသို့ ရောက်ရှိသွားသောအခါတွင် ကားကုမ္ပဏီ အနည်းငယ်သာ အဓိက ကစားသမားများ ဖြစ်လာနိုင်မယ်လို့ သုံးသပ်ပါတယ်။ 
မကြာသေးမီက တရုတ်ပြည်တွင်း မော်တော်ကား ဘလော့ဂါတစ်ဦးနှင့် တွေ့ဆုံမေးမြန်းခန်းမှာ တရုတ်နိုင်ငံ မော်တော်ကားဈေးကွက်တွင် နောက်ဆုံးမှာ ကစားသမားမည်မျှ ကျန်ရှိမလဲလို့ မေးမြန်းခဲ့ရာ Richard Yu က အထင်ကရ ကစားသမား ၅ ဦးထက် မပိုကြောင်း ဖြေကြားပါတယ်။ 


ကားအမှတ်တံဆိပ်များအတွက် ပြိုင်ဆိုင်မှုဟာ လေယာဉ်ထုတ်လုပ်ရေးကဲ့သို့ပင်ဖြစ်ပြီး အဆုံးသတ်တွင် ကားအမှတ်တံဆိပ်အနည်းငယ်သာ တွင်ကျယ်မယ်လို့  Yu က ယုံကြည်ပါတယ်။
လေယာဉ်စက်မှုလုပ်ငန်းတွင် ကစားသမားအများအပြားရှိခဲ့ဖူးသော်လည်း အဲယားဘတ်စ်နှင့် ဘိုးရင်းတို့သာ အဓိကကစားသမားများအဖြစ် အဆုံးသတ်သွားခဲ့ကြောင်း ၎င်းက ပြောကြားပါတယ်။ 
ကမ္ဘာ့စွမ်းအင်သုံးယာဉ်သစ် new energy vehicle (NEV) လုပ်ငန်းကဏ္ဍ လျင်မြန်စွာ ကြီးထွားလာချိန်တွင် တရုတ်နိုင်ငံမှာ ကားထုတ်လုပ်သူ အများအပြား ပေါ်ထွက်လာခဲ့ပါတယ်။ 
ယခုအခါ လူသိအများဆုံး brand များထဲမှာ 
 NIO, 
 XPeng Motors, 
 Li Auto, 
 Leapmotor, 
 Zeekr, 
 Neta 
 BYD
 စသည်တို့ ပါဝင်ပါတယ်။ 

အဆိုပါ ကားထုတ်လုပ်သူအသစ်များထဲတွင် NIO  စီမံခန့်ခွဲမှုက အနာဂတ် ပြိုင်ဆိုင်မှုအခင်းအကျင်းအကြောင်းကို  ပြောပြခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလတွင် NIO  ဥက္ကဋ္ဌနှင့် စီအီးအို ဖြစ်သူ William Li မှ ကုမ္ပဏီအနေဖြင့်  Mercedes-Benz၊ BMW နှင့် Audi တို့၏ စျေးကွက်ကို ပစ်မှတ်ထားနေပြီး  အလွှမ်းမိုးနိုင်ဆုံး ကစားသမားများထဲမှ တစ်ဦးအဖြစ်သို့ ၅ နှစ်အတွင်း ဖြစ်လာရန် မျှော်လင့်ထားကြောင်း CCTV တွင် ထုတ်လွှင့်သည့် အစီအစဉ်တစ်ခုတွင် ပြောကြားခဲ့ပါတယ်။  

NIO သည် ၂၀၃၀ ခုနှစ်တွင် ကမ္ဘာ့ထိပ်တန်း ကားထုတ်လုပ်သူငါးဦးထဲမှ တစ်ဦးဖြစ်လိုကြောင်း ဂျာမန်မီဒီယာ Heise Autos နှင့် အင်တာဗျူးတစ်ခုတွင် Li က  ပြောကြားခဲ့ပါတယ်။

Source cnevpost

TO GET INSTANT UPDATE 
Join Telegram Channel  
https://t.me/Guid4U

Read 9688 times