နည်းပညာလုပ်ငန်းကြီး Huawei နှင့် ဘက်ထရီလုပ်ငန်းကြီး  CATL တို့ ပေါင်းစပ်ထုတ်လုပ်ထားတဲ့ Avatr 11


နည်းပညာလုပ်ငန်းကြီး Huawei နှင့် ဘက်ထရီလုပ်ငန်းကြီး  CATL တို့ ပေါင်းစပ်ထုတ်လုပ်ထားတဲ့ Avatr 11

 

TO GET INSTANT UPDATE 
Join Telegram Channel  
https://t.me/Guid4U

 

လျှပ်စစ်ကား ထုတ်လုပ်ရေး လုပ်ငန်း Avatr ကို စမတ်ဖုန်း ထုတ်လုပ်သည့်လုပ်ငန်းအဖြစ် လူသိများသော Huawei က ကျောထောက်နောက်ခံ ပြုပေးထားပါတယ်။
Avatr ထုတ်လုပ်တဲ့ လျှပ်စစ်ကားမော်ဒယ် Avatr 11 ကို Huawei ရဲ့ တရုတ်ပြည်ရှိ စမတ်ဖုန်းအရောင်းဆိုင်ကွန်ရက်မှတစ်ဆင့် ပြသရောင်းချပေးဖို့ Huawei က သဘောတူပါတယ်။
စစချင်းမှာ ပေကျင်းမြို့တော်နှင့် ရှန်ကျန်းမြို့များရှိ Huawei ရဲ့ အထင်ကရ စမတ်ဖုန်းဆိုင်များမှာ Avatr 11 ကို ပြသရောင်းချပါမယ်။
.
ယခင်က လျှပ်စစ်ကား လုပ်ငန်း NIO ပါဝင်လုပ်ကိုင်တဲ့အတွက် Changan NIO အမည်ဖြင့် လုပ်ကိုင်ခဲ့ပြီး နည်းပညာလုပ်ငန်းကြီး Huawei Technologies Co. Ltd နှင့် လျှပ်စစ်ကား ဘက်ထရီ လုပ်ငန်းကြီး Contemporary Amperex Technology Co., Limited CATL တို့ ပါဝင်လာကြတဲ့အခါမှာ  ၎င်း ကုမ္ပဏီ နှစ်ခု ထည့်ဝင်တဲ့ အရင်းအနှီး ပမာဏက များပြားတဲ့အတွက် လျှပ်စစ်ကားထုတ်လုပ်ရေးလုပ်ငန်း NIO ရဲ့ ရင်းနှီးမြှုပ်နှံမှုက သိမ်ငယ်သွားပါတယ်။ ရာခိုင်နှုန်းအရ  NIO ရဲ့အစုရှယ်ယာ ပိုင်ဆိုင်မှု ၁% အောက်မှာ ရောက်ရှိသွားပါတယ်။ လုပ်ငန်းအမည် Avatr ဖြင့် တစ်ဖန်ပြန်လည် မွေးဖွားလိုက်ကြပါတယ်။ 
Avatr ပထမဆုံး ထုတ်လုပ်တဲ့ အီးဗီ မော်ဒယ် Avatr 11 ကို ဗားရှင်း ၃ မျိုးဖြင့် ထုတ်လုပ်ထားပါတယ်။ ၃ မျိုးစလုံး ၄ဘီးယက်၊ စွမ်းဆောင်ရည် မြင့်မားကြပါတယ်။
Avatr 11 အတွက် ၄ဘီးယက် မော်တာစနစ် DriveONE dual-motor AWD system ကို Huawei က ဖန်တီးပေးပါတယ်။ ရှေ့ဘီးတွေ လှည့်ဖို့ 195kW မော်တာ သုံးထားပြီး နောက်ဘီးတွေ လှည့်ဖို့ 230kW မော်တာ သုံးထားပါတယ်။ မော်တာ၂ လုံးပေါင်း ရုန်းအား 650Nm အထိ ထုတ်ပေးနိုင်ပါတယ်။ 
ရပ်ထားရာမှ တစ်နာရီ ကီလိုမီတာ ၁၀၀ အမြန်နှုန်း (0 - 100 km/h)ကို ၄ စက္ကန့်မပြည့်ခင် ရအောင် အရှိန်တင်ပေးနိုင်ပါတယ်။ 

CATL က ဘက်ထရီလုပ်ငန်းဖြစ်တဲ့အလျောက် ဘက်ထရီပိုင်းကို တာဝန်ယူထားပါတယ်။ CATL  ရဲ့ ဆဲလ်တွေကို နေရာလပ်မချန် အကျစ်အလစ်ထုပ်ပိုးထားတဲ့ Cell-to-pack (CTP) ဘက်ထရီထုပ် 90kWh နှင့် 116kWh ၂ မျိုး စီစဉ်ပေးထားပါတယ်။ 
အထုပ်သေး 90kWh သုံးရင် ခရီးတာ 555km သွားနိုင်ပြီး အထုပ်ကြီး 116kWh သုံးရင် 680km အထိ သွားနိုင်ပါတယ်လို့ CLTS က ဆိုပါတယ်။
.
တရုတ်ပြည်မှာ Avatr အရောင်းပြခန်း ၆၀ ခု ဖွင့်လှစ်ထားပြီး ဖြစ်ပါတယ်။ မိတ်ဖက်ပြုထားတဲ့ အရောင်းပြခန်း ၁၅၀ ရှိပါတယ်။ ယခုအခါ Huawei ရဲ့ အထင်ကရ စတိုးဆိုင်တွေမှာပါ Avatr 11  ကို ပြသရောင်းချမှာ ဖြစ်ပါတယ်။
.
လာမယ့် ဒီဇင်ဘာလမှာ ကြိုတင်မှာကြားထားသူများထံ Avatr 11 ပထမအသုတ် ကားသော့အပ်နှံမှာ ဖြစ်ပါတယ်။ ဗာရှင်း ၃ မျိုးမှာ ဈေးအနိမ့်နှင့် ဈေးအလယ်အလတ် ဗားရှင်း ၂ မျိုးသာ ရရှိကြမှာ ဖြစ်ပြီး ဈေးအကြီးဆုံး ဗားရှင်း မှာကြားထားသူတွေ ၂၀၂၃ ပထမ၃လပတ်မှာ ရရှိကြမှာ ဖြစ်ပါတယ်။
ဥရောပဈေးကွက်နှင့် အမေရိကန်ဈေးကွက်တို့ရဲ့ ထုံးစံနှင့် ပြောင်းပြန် ဖြစ်နေပါတယ်။ ဥရောပနှင့် အမေရိကန် ဈေးကွက်တို့မှာ မော်ဒယ်အသစ်ထွက်ရင် ဈေးအကြီးဆုံး ဗားရှင်းကို အရင်ဆုံး ထုတ်လုပ်ပေးအပ်ကြပါတယ်။
Source arenaev

TO GET INSTANT UPDATE 
Join Telegram Channel  
https://t.me/Guid4U

Read 4424 times