ထိုင်းမှာ အီးဗီထုတ်လုပ်ရန် Hozon စက်ရုံပန္နက်ချ


ထိုင်းမှာ အီးဗီထုတ်လုပ်ရန် Hozon စက်ရုံပန္နက်ချ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


စက်ရုံသည် ထိုင်းပြည်တွင်းနှင့် အရှေ့တောင်အာရှ အရောင်းအတွက် တစ်နှစ်လျှင် ကနဦးအနေဖြင့် စီးရေ ၂ သောင်း ထုတ်လုပ်နိုင်စွမ်း ရှိမည် ဖြစ်သည်။

 Neta Auto ဟုလည်း အမည်တွင်သော Hozon New Energy Automobile Co သည် မြို့တွင်းစီး Neta V ကို ထိုင်းဈေးကွက်တွင် ဘတ် ၅၄၉,၀၀၀ ဖြင့် ဈေးဖွင့်ပြီး ၂၀၂၂ ဩဂုတ်လတွင် စတင်ရောင်းချခဲ့သည်။

 
Hozon New Energy Automobile Co သည် ထိုင်းမှ ကားစက်ရုံကို ထိုင်းပြည်တွင်းကုမ္ပဏီ  Bangchan General Assembly Co Ltd နှင့် လက်တွဲပြီး လုပ်ကိုင်သည်။ 
 Hozon သည် ယခုနှစ်တွင် ထိုင်းနိုင်ငံမှာ အစီးရေ ၃ သိန်းရောင်းချရန် ရည်မှန်းထားသည်။ ပထမအသုတ်အဖြစ် အစီးရေ ၁ သောင်း‌ ရောင်းချသည်။
 ကုမ္ပဏီသည် အရှေ့အလယ်ပိုင်းနှင့် ဥရောပသို့ ဝင်ရောက်ရန် အစီအစဉ်ရှိသည်။
 
ရှန်ဟိုင်းမြို့ အခြေစိုက် Hozon ကို ကမ္ဘာ့အကြီးဆုံး အီးဗီ ဘက်ထရီထုတ်လုပ်သူ CATL မှ ကျောထောက်နောက်ခံပြုထားသည်။
 ပထမဆုံး ပြည်ပကားစက်ရုံကို ထိုင်းနိုင်ငံတွင် ထားရှိရန် ဘန်ကောက်မြို့ Khan Na Yao ခရိုင်တွင် သောကြာနေ့ (မေ ၅) တွင် ပန္နက်ချခဲ့သည်။
 ၂၀၂၄ ဇန်နဝါရီလတွင် ထုတ်လုပ်မှု စတင်မည်။
 တစ်နှစ် စီးရေ ၂ သောင်း ထုတ်လုပ်မည်။
 
Source Bangkokpost 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 163 times