မြန်မာဈေးကွက်ထဲ စွမ်းအင်သစ်ကားလုပ်ငန်း HOZON Auto  ဝင်ရောက်


မြန်မာဈေးကွက်ထဲ စွမ်းအင်သစ်ကားလုပ်ငန်း HOZON Auto  ဝင်ရောက်

TO GET INSTANT UPDATE  
Join Telegram Channel  
https://t.me/Guid4U


စွမ်းအင်သစ်မော်တော်ယာဉ် (New Energy Vehicle NEV) အမှတ်တံဆိပ် NETA ကို ပိုင်ဆိုင်သည့် တရုတ်နိုင်ငံမှ  HOZON Auto သည် မြန်မာနိုင်ငံ လျှပ်စစ်ကားစျေးကွက်သို့ ဝင်ရောက်ရန်အတွက် Grand Sirius Company Limited ("GSE") နှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ကို အောက်တိုဘာ ၁၀ ရက်က လက်မှတ်ရေးထိုးခဲ့သည်။ 


သဘောတူညီချက်အရ HOZON Auto သည် NETA U နှင့် NETA V တို့၏ နိုင်ငံတကာဗားရှင်းနှင့် သက်ဆိုင်ရာ ဝန်ဆောင်မှုများကို မြန်မာပြည်တွင်း ကားဈေးကွက်သို့ မိတ်ဆက်ရန်အတွက် မြန်မာနိုင်ငံအခြေစိုက် ကုမ္ပဏီနှင့် လက်တွဲဆောင်ရွက်မည်ဖြစ်သည်။


လာမယ့်နှစ်တွေအတွင်း စွမ်းအင်အသုံးပြုမော်တော်ယာဉ် (NEV) ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရန် မက်လုံးမူဝါဒအချို့ကို မြန်မာအာဏာပိုင်တို့က ထုတ်ပြန်ခဲ့ကြောင်း HOZON Auto ကပြောကြားပါသည်။  ရေနံဈေးနှုန်းများ မြင့်တက်မှုသည် ပြည်တွင်းသုံးစွဲသူများ၏  လျှပ်စစ်ကားများ (EVs) အတွက် လိုအပ်ချက်ကို မြှင့်တင်ပေးသည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် ထွန်းသစ်စ NEV စျေးကွက်ဖြစ်လာရန် အလားအလာကောင်းတစ်ခုဖြစ်သည်ဟု HOZON Auto က သုံးသပ်သည်။ 

HOZON Auto  သည် ပြီးခဲ့သည့် လပိုင်းအတွင်း ပြည်ပဈေးကွက်များသို့ လျင်မြန်စွာ ချဲ့ထွင်လျက် ရှိရာ  ထိုင်း၊ အစ္စရေး၊ နီပေါ၊ လာအို၊ မြန်မာ နိုင်ငံများတွင် ခြေကုပ် ရယူထားသည်။ စက်တင်ဘာလ လလယ်အထိ ပြည်ပဈေးကွက်များထ့မှ အမှာစာ စီးရေ ၅,၂၀၀ ရရှိထားကြောင်း  HOZON Auto ကပြောကြားပါသည်။ 
Source autonews
 

Read 28681 times