ဂျပန်ရောက် တန်းမြင့် ဇိမ်ခံကား  Hongqi H9 


ဂျပန်ရောက် တန်းမြင့် ဇိမ်ခံကား  Hongqi H9 

တရုတ်နိုင်ငံမှာ ထုတ်လုပ်သော တန်းမြင့် ဇိမ်ခံကား  Hongqi H9 ကို ဂျပန်နိုင်ငံသို့ တင်ပို့ ရောင်းချသည်။
တရုတ်ပြည်ဖြစ် ကားများတွင် အကောင်းစား ကားလည်း ရှိကြောင်း ဂျပန်မှ ကားစီးသူတို့ သိအောင် လုပ်ဖို့လိုသည်။ အထင်တကြီး ဖြစ်အောင် လုပ်ဖို့လည်း လိုသည်။
Hongqi ၏မိခင်ကုမ္ပဏီဖြစ်တဲ့ FAW Group Corporation သည်  “The China Top 500 Brand Value” စာရင်းတွင် အဆင့် (၄၀)မှာ နေရာယူထားသည်။
Hongqi ၏ အဓိပ္ပာယ်မှာ အနီရောင်အလံ ဟု ဆိုလိုသည်။ ကွန်မြူနစ် အလံအနီကို ရည်ညွှန်းသည်။ Hongqi သည် နိုင်ငံတော်အဆင့် နိုင်ငံဂုဏ်ဆောင်ကားအဖြစ် မွေးဖွားခဲ့ရာ၌ နိုင်ငံတော်အလံကို ရည်ညွှန်းပြီး အနီရောင်အလံ Hongqi ဟု အမည်ပေးခဲ့ကြခြင်းဖြစ်သည်။ 

 

Hongqi မှာ ကြီးမားသော ဂုဏ်ဒြပ်ရှိသော်ငြားလည်း ဂျပန်ကား‌ဈေးကွက်ထဲတွင် တရုတ်ပြည်ဖြစ်ကားHongqi H9ကို အမေရိကန်ဒေါ်လာ ၁ သိန်းဖြင့် ဝယ်ယူဖို့ အထင်တကြီး မဖြစ်ကြချေ။
ဂျပန်ဈေးကွက်ထဲမှာ Hongqi H9 ကို ဝယ်စီးကြသူ အများစုမှာ ဂျပန်နိုင်ငံတွင်နေထိုင်သော တရုတ်လူမျိုးများ ဖြစ်သည်။


ဂျပန်ပြည်တွင်းဈေးကွက်ထဲမှာ ၂၀၂၁ ဇန်နဝါရီလမှ ဇွန်လအထိ အရောင်းရဆုံး ထိပ်တန်း ကား brand ၁၀ ခု ကိုကြည့်သည့်အခါဂျပန် ကားလုပ်ငန်း brand တွေ ကြီးစိုးထားသည်ကို တွေ့ရမည် ဖြစ်သည်။
တန်းမြင့် ဇိမ်ခံကား luxury brand ဖြစ်သည့် Lexus က နံပါတ် (၁၀) နေရာမှာ ရောက်နေသည်။ ဂျပန် ကားဝယ်စီးသူတွေအကြား luxury brand ဝယ်လိုအား နည်းပါးပါသည်။ ။ BMW နှင့် Mercedes-Benz တို့က ပြည်ပမှ  တင်သွင်းတဲ့ luxury brand တွေ ဖြစ်ပြီး လူကြိုက်များ‌ေသာ်လည်း တစ်နှစ်လျှင် စီးရေ ၄,၀၀၀~၆,၀၀၀ ဝန်းကျင်သာ ရောင်းရဖို့ သေချာပါသည်။
ဂျပန်ပြည်တွင်း တန်းမြင့်ဇိမ်ခံကား ဈေးကွက် အပိုင်းအကန့်က ကျဉ်းပါသည်။ Hongqi ၏ brand အရှိန်အဝါက အားနည်း‌ေနသည်။ 


ဇိမ်ခံကားဈေးကွက်က အဆီတဝင်းဝင်း မျိုးမျိုးမြက်မြက် အမြတ်ရဖို့ အခွင့်အလမ်းတွေရှိပေမဲ့ brand က အဓိကကျနေသည်။ ဂုဏ်ရှိန်ဂုဏ်ဝါ အားနည်းနေလျှင် တိုးမပေါက်ချေ။
Toyota ရဲ့ Toyota Century က ဂျပန်ပြည်တွင်း ဈေးကွက်မှာပဲ အလုပ်ဖြစ်သည်။ ပြည်ပဈေးကွက်မှာ ရောင်းအား မကောင်းပေ။
ကိုရီးယား ကားလုပ်ငန်းများ၏ luxury brand တွေကို ပြည်ပဈေးကွက်မှာ အသိအမှတ်မပြုကြချေ။
FAW ၏  Hongqi အမည်brand ကို သိသူ နည်းပါးနေသည်။ တစိမ်းတန်နေသော  brand  ဖြစ်နေသည်။ အမည်ကို လူသိနည်းနေသော ဇိမ်ခံကားကို ဈေးကြီးပေးပြီး ဝယ်ဖို့ စိတ်ဝင်စားမည် မဟုတ်ချေ။ တရုတ်ပြည်တွင် တစ်ချိန်က နိုင်ငံတော်အဆင့် VIP များ စီးသည့်ကားအဖြစ် ဂုဏ်ထည်ဝါခြင်းသည် ပြည်ပဈေးကွက်တွင် အရာမထင်ချေ။
ဂျပန်နိုင်ငံတွင် နေထိုင်သော တရုတ် လူဦးရေ ၉၆၀,၀၀၀ ခန့်ရှိသည်။ အချိုးအစားအရညကြည့်လျှင် လူ ၁၀၀ လျှင် ၁ ယောက်သည် တရုတ်ဖြစ်သည်။ ထိုလူဦးရေသည် နှိုင်းစာပါက ကြီးမားသောဈေးကွက်ပမာဏ ဖြစ်သည်။ သို့သော် အနီရောင်အလံ Hongqi  ကို ဝယ်စီးဖို့ ငွေကြေး တတ်နိုင်သူ များများစားစား မရှိချေ။ ဂျပန်တွင် Hongqi H9 မော်ဒယ် မူကွဲ ၈ မျိုး တင်သွင်း ရောင်းချသည်။  ဈေးအနည်းတုံးမှာ ယန်း ၆,၆၉၉,၅၀၀ (အမေရိကန်ဒေါ်လာ ၅၉,၀၀၀ နီးပါး) ဖြစ်သည်။ အမြင့်တန်းသည် Lexus LS ထက် ဈေးပိုမြင့်သည်။ သို့ဖြစ်ရာ မတန်တဆ ဈေးဟု ဆုံးဖြတ်ကြမည်။

ဇိမ်ခံကားသည် အရည်အသွေး မိုးပျံအောင် ကောင်းနေပါလျက် ဂုဏ်သတင်းမကျော်ကြားပါက ဈေးကြီးပေးရသည်မှာ မတန်ဟု ဆုံးဖြတ်ကြသည်။ 

inf.news

 

 

Read 9290 times