တရုတ်ပရီမီယံ အမှတ်တံဆိပ် Hongqi ပြည်ပဈေးကွက်များတွင် အရှိန်တင်


တရုတ်ပရီမီယံ အမှတ်တံဆိပ် Hongqi ပြည်ပဈေးကွက်များတွင် အရှိန်တင်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


တရုတ်နိုင်ငံမှ နိုင်ငံပိုင် လုပ်ငန်း FAW Group Co., Ltd ရဲ့ အစဉ်အလာကြီးမားတဲ့ Hongqi က ပြည်ပကားဈေးကွက်များရဲ့ အမြင့်ဆုံး အတန်းအစားမှာ အရှိန်မြှင့်တင်သွားမှာဖြစ်ပြီး ဥရောပဈေးကွက်ကို စူးစိုက်မှာ ဖြစ်ကြောင်း ပြောကြားပါတယ်။

 တရုတ် စည်းစိမ်ကားအမှတ်တံဆိပ်က ကားကို အတွေ့အကြုံ အရသာခံ မြည်းစမ်းဖို့ နေရာများ ၇၀၀ ကျော် ဖြန့်ကျက်ထားရှိဖို့ အစီအစဉ် ရှိပါတယ်။ ဝန်ဆောင်မှု စတိုး ၁,၀၀၀ ကျော်နှင့် အားသွင်းရုံ ၆ သိန်းတို့ကိုလည်း ဖြန့်ကျက်ထားရှိသွားမှာ ဖြစ်ပါတယ်။

ပြည်ပရောင်းအားကို ပြည်တွင်းပြည်ပ စုစုပေါင်း ရောင်းအားရဲ့ ၁၀% ကို ၂၀၂၅ နောက်ဆုံးထားပြီး ရရှိဖို့ ရည်မှန်းချက် ထားရှိပါတယ်။ ၂၀၃၀ မှာတော့ ၂၅% ဖြစ်နေဖို့ ရည်မှန်းချက် ထားရှိပါတယ်။

၂၀၂၅ မှာ စွမ်းအင်သစ် မော်တော်ယာဉ်များ new energy vehicles (NEVs) စီးရေ ၅ သိန်း အပါအဝင် စုစုပေါင်း စီးရေ ၁ သန်းကျော် ရောင်းအားရရှိဖို့ ရည်မှန်းထားပါတယ်။
၂၀၃၀ မှာ စီးရေ ၁ သန်းခွဲ ရောင်းချဖို့ ရည်မှန်းထားပြီး ကားအများစုမှာ စွမ်းအင်သစ် မော်တော်ယာဉ်များ ဖြစ်ပါတယ်။
Hongqi ရဲ့ အဓိပ္ပာယ်က အနီရောင် အလံ ဖြစ်ပြီး ၁၉၅၈ ခုနှစ်မှာ စတင်ထူထောင်ခဲ့စဉ်က နိုင်ငံ‌တော် အခမ်းအနားများမှာ  VIP များ စီးဖို့ကားတွေကိုပဲ တသီးတသန့် ထုတ်လုပ်ခဲ့ပါတယ်။ တရုတ်နိုင်ငံသို့ အလည်လာတဲ့ အခြားနိုင်ငံများမှ နိုင်ငံခေါင်းဆောင်များကို Hongqi ကားဖြင့် ပို့ဆောင်ပေးပါတယ်။ 

၂၀၂၂ မှာ Hongqi စီးရေ ၃၁၀,၀၀၀ ရောင်းချခဲ့ပါတယ်။ ၂၀၂၁ ထက် ၃% ပိုများပါတယ်။

FAW Group ဟာ တရုတ်နိုင်ငံမှာ သက်တမ်းအရင့်ဆုံးနှင့် အကြီးမားဆုံး ကားထုတ်လုပ်သူ ဖြစ်ပါတယ်။ 
FAW Group ကို ၁၉၅၃ ခုနှစ်မှာ စတင်ထူထောင်ခဲ့ပါတယ်။ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျိလင်ပြည်နယ် ချန်ချွမ်မြို့မှာ ရုံးချုပ် ထားရှိပါတယ်။
Source Xinhua
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 2618 times