ဂျပန်ပြည်တွင်း အွန်လိုင်းပေါ်တွင် မော်တော်ကား ထုတ်လုပ်ရောင်းချသူဖြစ်လာတဲ့ Honda


Honda Motor Co. ကုမ္ပဏီသည် ကားသစ်များကို တနင်္လာနေ့က အွန်လိုင်းပေါ်တွင် စတင်ရောင်းချခဲ့ပြီ အခုလို အွန်လိုင်ပေါ်တစ်ဆင့် ရောင်းချတာမှာ ပထမဆုံးသော ဂျပန်မော်တော်ကား ထုတ်လုပ်ရောင်းချသူ ဖြစ်လာခဲ့ပါတယ်။

ပြည်တွင်း စျေးကွက်တွင် မော်တော်ကား ဝယ်ယူသူများအနေဖြင့် ဝယ်ယူမှု လုပ်ငန်းစဉ်တစ်ခုလုံးကို အွန်လိုင်းမှာ လုပ်ကိုင်နိုင်တဲ့အပြင် စာချုပ် ချုပ်ဆိုနိုင်သည်အထိ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

အဆိုပါ ဂျပန်ပြည်တွင်း၌ Honda Motor ကားသစ်များ အွန်လိုင်းပေါ်တွင် ရောင်းချပေမည့် ဝန်ဆောင်မှုကို တိုကျိုတွင် နေထိုင်သူများကို ကနဦးအနေဖြင့် ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ 

နောက်အနာဂတ်မှာ  အနောက်နိုင်ငံဈေးကွက်တွေကို တဖြည်းဖြည်း တိုးချဲ့သွားမယ်မှာ ဖြစ်ပါတယ်။

ကိုဗစ်ကာလအတွင်း မော်တော်ကားဝယ်ယူသူများ လူချင်းတွေ့ဆုံ မျက်နှာဆိုင် ထိပ်တိုက် ဝယ်ယူခြင်းကို ရှောင်းရှားနိုင်ဖို့အတွက် ယခုလို အွန်လိုင်းမှ ရောင်းချပေးခြင်းကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

မော်တော်ကား ၀ယ်သူများ အွန်လိုင်းမှ ကားအသစ်များ ဝယ်ယူတဲ့ စနစ်ကိုလည်း အမေရိကန် မှာ လျှပ်စစ်ကားကုမ္ပဏီကြီးတွေဖြစ်တဲ့ Tesla Inc. Toyota Motor Corp. နဲ့ Nissan Motor Co. တို့က တည်ဆောက်ထားပြီးပြီ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံ ပြည်တွင်းဈေးကွက်အတွက်တော့ အွန်လိုင်းမှ ကားအသစ်ဝယ်ယူတဲ့စနစ် မရှိသေးတာ ဖြစ်ပါတယ်။ 

Honda ရဲ့ ဝဘ်ဆိုက်တစ်ခုမှာ ဝယ်ယူသူများအတွက် ကားမော်ဒယ်တွေကို ရွေးချယ်နိုင်တဲ့အပြင် ငွေချေဖို့အတွက် ချေးငွေစနစ်ဖြင့် ဝယ်ယူနိုင်ဖို့ ဆောင်ရွက်ပေးထားတယ်လို့လည်း သိရပါတယ်။

မော်တော်ကားဝယ်ယူမှု ပြီးဆုံးသွားတဲ့အခါ ဝယ်ယူသူက သက်ဆိုင်ရာ အရောင်းပြခန်းသို့ လူကိုယ်တိုင် သွားရောက်ပြီး ကားကို ယူလိုက်ရုံပဲ ဖြစ်ပါတယ်။ 

အွန်လိုင်းပေါ်တွင် မော်တော်ကားဝယ်ယူရာမှာလည်း ရောင်းအားကောင်းတဲ့ မော်ဒယ်တွေကိုလည်း ဝယ်ယူနိုင်မှာလည်းဖြစ်ပါတယ်။

လာမယ့် ဆောင်းရာသီမှာလည်း Nissan ရဲ့ ကားမော်ဒယ်အသစ်ဖြစ်တဲ့ Ariya လျှပ်စစ်မော်တော်ကားတွေကို ဂျပန်တွင် အွန်လိုင်းစနစ်ကနေ ဝယ်ယူနိုင်ဖို့အတွက် ဆောင်ရွက်လာနိုင်ဖွယ် ရှိပါတယ်။


Source: japantimes.co.jp

Read 4653 times