လူသစ်တန်းအတွက် ဒေါ်လာ ၃,၀၀၀ တန် Honda XR150L


လူသစ်တန်းအတွက် ဒေါ်လာ ၃,၀၀၀ တန် Honda XR150L

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

မော်တော်ဆိုင်ကယ် စစီးသူတို့အတွက် ရည်ရွယ်ပြီး ဒီဇိုင်းထုတ်ထားတဲ့ Honda XR150L ဟာ MacBook ကွန်ပြူတာထက် ဈေးသက်သာတယ်။ စက်ရုံထုတ်ဈေး ကန်ဒေါ်လာ ၂,၉၇၁ ဖြင့် ရောင်းချပါတယ်။

အလေးချိန် ၂၈၂ ပေါင်မျှသာ ရှိပြီး လမ်းသားမကောင်းတဲ့ မြေသားလမ်းတွေပေါ်မှာလည်း မောင်းနှင်နိုင်တယ်။ ရှေ့ဘီး ၁၉ လက်မ၊ နောက်ဘီး ၁၇ လက်မ ဖြစ်ပြီး ထိုင်ခုံ ၃၂.၈ လက်မ ရှိပါတယ်။ မြေပြင်အထက် ၉.၆ လက်မ လွတ်ပါတယ်။ 
ဂီယာ ၅ ချက်၊ ရှေ့ဘီး ဘရိတ်အဝိုင်းပြား ၂၄၀ မီလီမီတာ၊ နောက်ဘီး ဒရမ်ဘရိတ် ၂၄၀ မီလီမီတာ တစ်ခုစီ တပ်ဆင်ပေးထားပါတယ်။ အီးယူမှာ မပါမဖြစ် ပါရမယ့် ABS မပါပါ။ 
ကာဘရိုက်တာက ဆီနှင့်လေ အနှောကို ဆလင်ဒါ တစ်ခုတည်းပါတဲ့ အင်ဂျင်ငယ်ဆီကို ပို့ပေးပါတယ်။ အင်ဂျင်က အရွယ်အစားငယ်တာကြောင့် အဝေးလမ်းပေါ် ခရီးဝေးသွားဖို့တော့ မသင့်တော်ပါဘူး။ 
ဈေးသက်သာဖို့၊ အခြေခံကျကျ ရိုးရှင်းဖို့၊ မော်တော်ဆိုင်ကယ် စစီးခါစ ဖြစ်တဲ့သူတွေ နိုင်နိုင်နင်းနင်း ထိန်းကျောင်းနိုင်ဖို့၊ မြေသားလမ်းပေါ် သွားလာနိုင်ဖို့ စသည့်အချက်များအတွက် Honda XR150L ကို ဒီဇိုင်းထုတ်ထားပါတယ်။

 


Source jalopnik
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read 339 times