မလေးရှား ကားဈေးကွက် ၆နှစ်ဗိုလ်စွဲခဲ့တဲ့ Honda ကို Toyota အနိုင်ရ


မလေးရှား ကားဈေးကွက် ၆နှစ်ဗိုလ်စွဲခဲ့တဲ့ Honda ကို Toyota အနိုင်ရ


မလေးရှားဈေးကွက် ပြည်ပကားထုတ်လုပ်ရေး ကုမ္ပဏီတွေမှာ Honda က စီးရေအများဆုံး ရောင်းရတဲ့ ကုမ္ပဏီအဖြစ် ၆ နှစ်ဆက်တိုက် ဗိုလ်စွဲခဲ့ပါတယ်။ မလေးရှားနိုင်ငံက
Google မှာ အရှာဆုံး ကား brand ကလည်း ၂၀၂၁ မှာ  Honda ဖြစ်ခဲ့ပါတယ်။
၂၀၂၁ စီးရေ အများဆုံး ရောင်းချရတဲ့ စံချိန်မှာတော့ Toyota က Honda ထက် သာလွန်ခဲ့ပါတယ်။ Honda ၆ နှစ်ဆက်တိုက် ဆောင်းထားတဲ့ သရဖူကို Toyota က ရယူခဲ့ပါတယ်။

 

အိမ်စီးကားအရောင်းမှာ Toyota က Honda ကို မမီပါဘူး။ ဒါပေမဲ့ အိမ်စီးကားအဖြစ်သာမက လုပ်ငန်းသုံးအတွက်ပါ သုံးတဲ့ Hilux ပစ်ကပ် ရောင်းအားကြောင့် Toyota က Honda ကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
မလေးရှားမှ Toyota ရဲ့ ကားကုမ္ပဏီဖြစ်တဲ့ UMW Toyota Motor က ၂၀၂၂ မှာ ဓာတ်ဆီဘက်ထရီ ၂မျိုးစပ် hybrid နဲ့ လျှပ်စစ်မော်တော်ယာဉ်တွေဆီကို စတင်ဦးတည်ပါတယ်။


၂၀၂၁ မှာ UMW Toyota Motor  က (Lexus မပါ) Toyota ကား စီးရေ ၇၁,၅၈၅ စီး ‌ရောင်းချခဲ့ပါတယ်။
Honda Malaysia က Honda ကား စီးရေ ၅၃,၀၃၁ စီး ရောင်းချခဲ့ပါတယ်။

ကိုဗစ်ကာလမှာ လမ်းပေါ် ဆိုင်ဖွင့်ဖို့ Hilux ပစ်ကပ်ကို အသုံးများကြတာကြောင့် Hilux ရေပန်းစားခဲ့ပါတယ်။ Hilux ကို လုပ်ငန်းသုံးအဖြစ် ဝယ်ယူကြပါတယ်။

၂၀၂၁ မလေးရှား ကားဈေးကွက်မှာ အိမ်စီးကား ရောင်းအား ယခင်နှစ်ထက် ၅.၉ % လျော့ကျခဲ့ပြီး လုပ်ငန်းသုံးယာဉ် ၁၅.၉% မြင့်တက်ခဲ့ပါတယ်။

 လုပ်ငန်းသုံးယာဉ် ဈေးကွက်အပိုင်းအကန့်မှာ Toyota Hilux ပစ်ကပ်ထရပ် အများဆုံးရောင်းရပြီး ရောင်းအား ယခင်နှစ်ထက် ၂၀.၈% မြင့်တက်ခဲ့ပါတယ်။

UMW Toyota Motor  ရဲ့ ၂၀၂၁ ရောင်းအားတွေကို ကြည့်ရင် Toyota Hilux ၁၈,၃၄၀ စီး ရောင်းရပါတယ်။ Hilux ထက် ပိုရောင်းရတာက Toyota Vio ဖြစ်ပြီး ၂၁,၉၉၆ စီး ရောင်းရပါတယ်။ Vio အမြွှာညီမ hatchback အမျိုးအစား။Toyota Yaris က ၁၄,၄၆၅ စီး ရောင်းရပါတယ်။
 
 Honda Malaysia က အိမ်စီးကားကိုသာ အားကိုးအားထား ပြုပါတယ်။ ပစ္စည်းတွေ မရလို့ ထုတ်လုပ်မှု ရပ်ထားရတဲ့ ရက်တွေ များခဲ့တယ်။ ထုတ်လုပ်မှု လျော့ကျလို့ ရောင်းအားလည်း လျော့ကျခဲ့တာ ၁၂.၃% လျော့နည်းခဲ့ပါတယ်။
 Honda ရဲ့ လူကြိုက်များတဲ့ Honda HR-V က မော်ဒယ်အဟောင်း ဖြစ်နေပါတယ်။ အသစ်ထွက်ချိန်တန်နေပါလျက် ယခင် မော်ဒယ်ကိုပဲ ဆက်လက်ရောင်းချပါတယ်။ Toyota က မော်ဒယ်အသစ်ထွက်တဲ့ Toyota Corolla Cross ကို မပြိုင်နိုင်ဘူး။ 

 
 လောလောဆယ်မှာ Toyota Corolla Cross က အရောင်းရဆုံးကား ဖြစ်နေပြီး ၂၀၂၂ တစ်နှစ်တာလုံး ဆက်လက်ရောင်းအား ကောင်းနေမှာ ဖြစ်ပါတယ်။ Toyota Corolla Cross မှာ တစ်ဝက်နီးပါးက ဓာတ်ဆီဘက်ထရီ နှစ်မျိုးစပ် ဟိုင်းဘရစ်တွေ ဖြစ်ပါတယ်။ အပြည့်အဝ လျှပ်စစ်ကားက တစ်နယ်တကျေးကို ခရီးထွက်ဖို့ မဖြစ်နိုင်ဘူး။ လမ်းခရီးမှာ အားသွင်းဖို့ မဖြစ်နိုင်တာကြောင့် ဓာတ်ဆီနဲ့ဘက်ထရီ ၂မျိုးတွဲသုံးတဲ့ ဟိုင်းဘရစ်ကို Toyota က အလေးပေးထားတယ်။


 အပြည့်အဝ လျှပ်စစ်ကားတွေကိုတော့Lexus Malaysia က ယခုနစ်အတွင်းမှာ Lexus UX 300e မော်ဒယ် ထုတ်လုပ်မှာ ဖြစ်ပါတယ်။
 ၂၀၂၃ မှာ Toyota bZ4x လျှပ်စစ်ကား လာဖို့ရှိပါတယ်။
 Lexus UX 300e ကို ထိုင်းနှင့် အင်ဒိုနီးရှား တို့မှာ စတင်ရောင်းချ နေပြီ ဖြစ်ပါတယ်။

Toyota bZ4x ကိုတော့ ထိုင်းမှာ ယခုနှစ်အတွင်း စတင်ရောင်းချဖို့ အစီအစဉ် ရှိပါတယ်။

 
 ကမ္ဘာ့ဈေးကွက်အနေဖြင့် Toyota က ဘက်ထရီလျှပ်စစ် မော်တော်ယာဉ် battery electric vehicle  (BEV) မော်ဒယ် အမျိုးမျိုး ခုရေ ၃၀ ကို ၂၀၃၀ မှာ စတင်ရောင်းချဖို့ ရည်မှန်းချက် ချထားပါတယ်။ စီးရေ ၃ သန်းခွဲ ရောင်းဖို့ လျာထားပါတယ်။
၂၀၃၀ က စလို့ Lexus ကို ရာနှုန်းပြည့် လျှပ်စစ်ကားများကိုသာ ထုတ်လုပ်တော့မှာ ဖြစ်ပါတယ်။  ။

 

 

Read 6994 times