ပိုမိုကောင်းမွန်သည့် ကားဘက်ထရီများ ထုတ်လုပ်နိုင်ရေး Honda နှင့် GS Yuasa ပူးပေါင်း


ယခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့ (တနင်္လာနေ့) တွင် Honda ကားကုမ္ပဏီနှင့် GS Yuasa ဘက်ထရီထုတ်လုပ်ရေး ကုမ္ပဏီတို့ဟာ ကြာရှည်ခံပြီး ပိုမိုကောင်းမွန်သည့် Lithium-ion ဘက်ထရီများကို ထုတ်လုပ်နိုင်ရန် ပူးပေါင်း သုတေသနပြုလုပ်မည့် အခြေခံ သဘောတူညီမှု ရရှိခဲ့ပါသည်။

ယခုနောက်ပိုင်းတွင် ဘက်ထရီလိုအပ်ချက် မြင့်မားလာသောကြောင့် ကမ္ဘာ့ဈေးကွက်ကို အပြိုင်အဆိုင် တိုးဝင်နိုင်အောင် ထုတ်လုပ်ရန်နှင့် Lithium-ion ဘက်ထရီများ ပိုမိုကောင်းမွန်လာစေရန်အတွက် ဦးတည်ကာ သုတေသနပြုလုပ်နိုင်ရန် ပူးပေါင်းသွားမည် ဖြစ်သည့်အပြင် ကုန်ကြမ်းရရှိရေးနှင့် ပိုမို အသုံးဝင်သော ဘက်ထရီထုတ်လုပ်ရေး စနစ်အတွက်လည်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်းကြောင်း ကြေညာခဲ့သည်။

White

ကုမ္ပဏီနှစ်ခု၏ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ ပါဝင်သည့် ၎င်းသဘောတူညီမှုတွင် -

၁။ လျှပ်စစ်ယာဥ်များတွင် အသုံးပြုရန် စွမ်းအင်အထွက်နှုန်းမြင့်သော Lithium-ion ဘက်ထရီများနှင့် ၎င်း၏ ထုတ်လုပ်ရေးနည်းလမ်းအတွက် သုတေသနပြုလုပ်ကာ တိုးတက်အောင် တည်ဆောက်ရန်။

၂။ ပူးပေါင်း သုတေသနနှင့် တိုးတက်ဖွံ့ဖြိုးရေးများအတွက် မူပိုင်ခွင့်များအပါအဝင် အခြားသောကိစ္စရပ်များအား တည်ဆောက်ရန်နှင့် စီမံအုပ်ချုပ်ရန်။

MIT

Ads

Click Here >>> Myanmar Inspection & Technology

၃။ ပူးပေါင်းသုတေသနနှင့် တိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းမှ ထွက်ရှိလာသော အကျိုးစီးပွားဖြစ်စေမည့် နည်းပညာများအတွက် စီမံချက်များ ချထားရန်နှင့် ရောင်းဝယ်ရေးကွန်ယက်များအတွက် အစီအစဥ်များ ချမှတ်ရန်။

၄။ အချိန်တိုတိုဖြင့် အကျိုးရှိရှိ လုပ်ဆောင်နိုင်မည့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် လိုအပ်သည့် အဓိက ကုန်ကြမ်းပစ္စည်းများ ရရှိရေးအတွက် အစီအစဥ်များ ချထားရန် စသည်တို့ ပါဝင်သည်။

Honda President

Toshihiro Mibe, Director, President & Representative Executive Officer of Honda Motor

“ Honda က ၂၀၅၀ ခုနှစ်မှာ ထုတ်ကုန်တိုင်းနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းတွေမှာ Carbon ထုတ်လွှတ်မှု မရှိစေရေးအတွက် အစွမ်းကုန် ကြိုးပမ်းနေပါတယ်။ Honda နဲ့ GS Yuasa တို့က အရင်ကတည်းက Hybrid လျှပ်စစ်ယာဥ်တွေအတွက် Lithium-ion ဘက်ထရီထုတ်လုပ်ရေးကို ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ယခုပူးပေါင်းမှု အသစ်က Honda ရဲ့ Carbon လျှော့ချမှု ဗျူဟာကို ဖြစ်မြောက်လာနိုင်ဖို့ အလွန် အထောက်အကူ ပြုနိုင်ပါလိမ့်မယ် “ ဟု Honda ရဲ့ ဒါရိုက်တာနှင့် ဥက္ကဌဖြစ်သည့် Toshihiro Mibe က ပြောကြားခဲ့ပါသည်။

ထို့အပြင် GS Yuasa ၏ ဥက္ကဌဖြစ်သူ Osamu Murao ကလည်း “ ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်ခြင်း အယူအဆတစ်ခုဖြစ်တဲ့ ဆန်းသစ်တီထွင်ခြင်းနဲ့ ကြီးပွားတိုးတက်ရေး ဆောင်ပုဒ်အရ GS Yuasa က ဘက်ထရီနဲ့ ဆက်စပ်တဲ့ အသိပညာတွေ၊ အတတ်ပညာတွေကို အမြဲ ရှာဖွေ စုဆောင်းနေပြီး စိန်ခေါ်မှုတိုင်းကိုလည်း ရင်ဆိုင်ခဲ့ရပါတယ်။ “ ဟူ၍ ပြောသည်။

GS Yuasa President

 Osamu Murao, President and Representative Director of GS Yuasa International Ltd.

“ ဒီလို Honda နဲ့ ပူးပေါင်း ဆောင်ရွက်တာကြောင့် ကျွန်တော်တို့က လျှပ်စစ်ကားတွေ ပိုပြီး ကျယ်ပြန့်လာနိုင်ဖို့ အကူအညီပေးနိုင်ပြီး တစ်ကမ္ဘာလုံးမှာရှိတဲ့ ဖောက်သည်တွေကို ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်မှာ ဖြစ်တဲ့အပြင် Carbon လျှော့ချနိုင်ရေးအတွက် အထောက်အကူပြုနိုင်မယ့် နည်းလမ်းတွေ ရရှိအောင် ကြိုးပမ်းသွားမှာ ဖြစ်တယ် “ ဟု ၎င်းက ဆက်လက် ပြောကြားခဲ့ပါသည်။

ဖော်ပြပါ သဘောတူညီချက်နှင့် စပ်လျဉ်း၍ ၂၀၂၃ နှစ်ကုန်ပိုင်းတွင် Honda နှင့် GS Yuasa က အသေးစိတ် ဆက်လက် ဆွေးနွေးကြမည်ဟုလည်း သိရပါသည်။

Source - Honda Global

Read 385 times