ဟွန်ဒါ ၁၀၀% အီးဗီ Honda e:N1 ထိုင်းတွင် စတင်ထုတ်လုပ်


ဟွန်ဒါ ၁၀၀% အီးဗီ Honda e:N1 ထိုင်းတွင် စတင်ထုတ်လုပ်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

ထိုင်းနိုင်ငံတွင် ၁၀၀% အီးဗီ Honda e:N1 မော်ဒယ်   ပထမဆုံးကာကို ဒီဇင်ဘာလ အစောပိုင်းတွင် Prachin Buri ရှိ Rojana Industrial Park ရှိ Honda စက်ရုံ ထုတ်လုပ်မှု ပြီးမြောက်ခဲ့ကြောင်း Honda Automobile (Thailand) Co., Ltd. က ထုတ်ပြန်ကြေညာပါသည်။


၁၀၀% လျှပ်စစ် အိမ်စီးကားကို ထိုင်းတွင် ထုတ်လုပ်သည့် ဂျပန် အဓိက ကားကုမ္ပဏီ တစ်ခုအဖြစ်  Honda က မှတ်တိုင်စိုက်ထူလိုက်ပါသည်။

၁၀၀% လျှပ်စစ် အိမ်စီးကား SUV အမျိုးအစား Honda e:N1 ကို ထိုင်းမှာ ဟွန်ဒါ၏ ကမ္ဘာ့စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်လိုက်ခြင်းသည် ဟွန်ဒါအတွက်လည်း အလွန်အရေးပါသည့် မှတ်တိုင်တခု ဖြစ်ပါသည်။ ထိုင်းနိုင်ငံမှာ ထုတ်လုပ်သည့် ယာဉ်ပစ္စည်းများဖြင့် ထုတ်လုပ်နိုင်ခဲ့သည့်အတွက် ထိုင်းမော်တော်ယာဉ် ကဏ္ဍအတွက်လည်း အရေးပါသည့် မှတ်တိုင်တခု ဖြစ်ပါသည်။

 ဟွန်ဒါသည် ၂၀၃၀ ပြည့်နှစ်တွင် ဘက်ထရီသုံးလျှပ်စစ် မော်တော်ယာဉ် battery electric vehicle (BEV) များ ကမ္ဘာတစ်လွှားမှာ အစီးရေ ၂ သန်း ရောင်းချမည့် ရည်မှန်းချက်အတွက် ရှေ့သို့ တလှမ်းတိုးလိုက်ခြင်းလည်း ဖြစ်ပါသည်။

 Honda သည် ၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် Honda e:N1 အတွက် ဖြန့်ချိရေး အစီအစဉ်နှင့် ဖြန့်ချိရေးလမ်းကြောင်းများ အသေးစိတ်ကို ကြေညာမည်ဖြစ်ပါသည်။


Source ryt9

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 1239 times