ထိုင်းကားဈေးကွက်ထဲမှ ပရီမီယံဆီဒင် Honda Civic RS


တန်ဖိုးသင့် တံခါးနှစ်ပေါက် နောက်မှန်လှန်ဖွင့် ပုံစံဖြင့်  စတင်ခဲ့တဲ့ Honda Civic ကို တစ်ဆင့်ပြီး တစ်ဆင့် အဆင့်မြှင့်တင်ခဲ့ပါတယ်။

ယခုအခါ Honda Civic က ပရီမီယံ ကျစ်ကျစ် လစ်လစ် ဆီဒင်ကား ဖြစ်နေပါပြီ။ 
Civic နောက်ဆုံးထုတ်မော်ဒယ်ကို ထိုင်းနိုင်ငံမှာ ယခုနှစ် အစောပိုင်းမှာ စတင်ရောင်းချခဲ့ပါတယ်။ ထိုင်းပြည်တွင်း ကားဈေးကွက်ထဲမှာ လူကြိုက်များပါတယ်။

ဈေးနှုန်းများ သတ်မှတ်ပုံ

ဈေးအတန်းအစား သုံးမျိုးဖြင့် ရောင်းချပါတယ်

အနိမ့်တန်းအနေဖြင့် EL ကို ဘတ် ၉၆၄,၉၀၀၊
အလယ်တန်းအနေဖြင့် EL+ ကို ဘတ် ၁,၀၀၉,၉၀၀
အမြင့်တန်းအနေဖြင့် RS ကို ဘတ် ၁,၁၉၉,၉၀၀
ဖြင့် ရောင်းဈေးသတ်မှတ်ပါတယ်။

 

ဒီဇိုင်းထုတ်ပုံ

Civic  (၁၀ )မျိုးဆက်ကို ဂျပန်ကာတွန်းရုပ်ပြ မန်ဂ ကောမစ်ကနေ ဉာဏ်ကွန့်မြူးပြီး ဒီဇိုင်းထုတ်ခဲ့တယ်။ (၁၁)မျိုးဆက်ကိုတော့ အတည်အခန့် ဒီဇိုင်းထုတ်တယ်။ Honda Accord နဲ့ ဆင်ဆင်တူတယ်။

 

အတွင်းပိုင်း
ပစ္စည်းတင်ဖို့နေရာက အရင်‌မျိုးဆက်ထက် ၄၂၀ လီတာ ပိုကြီးတယ်။ ခြေချတဲ့နေရာ ပိုကျယ်တယ်။ ရှေ့ဘီးနဲ့ နောက်ဘီး ဗဟိုချက်တွေ ကြားအကွာအဝေး wheelbase က 2,733mm ရှိပါတယ်။ အရင်မျိုးဆက်ထက် အတွင်းခန်းနေရာ အလျား ပိုရှည်တယ်။

စတီယာရင်ကို အနေအထား ၄ မျိုး ပြောင်းလိူ့ ရတယ်။
ဖုန်းအားသွင်းကြိုးအတွက် ရှေ့ခန်းမှာ ၂ ပေါက်၊ နောက်ခန်းမှာ ၂ ပေါက်ပါတယ်။ 12V အတွက်လည်း အပေါက်ရှိတယ်။
touchscreen က ၉ လက်မ အရွယ်အစား ဖြစ်ပြီး ယာဉ်နောက်ဖက် ကြည့်ဖို့ ထောင့်အမျိုးမျိုး ကင်မရာပါတယ်။
 RS မှာ အဆင့်မြင့်နည်းပညာ အင်္ဂါရပ်တွေ ပါတယ်။ စမတ်ကီး၊ စမတ်ကီးကတ်၊ အဝေးမှ စက်လှမ်းနှိုးတဲ့စနစ်၊ အော်တိုအဲကွန်း၊ ဝါယာလက် အားသွင်းကိရိယာ စတာတွေ ပါဝင်တယ်။
ယာဉ်မောင်းထောက်ကူများအဖြစ် ယာဉ်ကြောထိန်း၊ ယာဉ်ကြောကူးပြောင်း သတိပေးချက်၊ အော်တိုမီးကြီး၊ မီးပွိုင့် ရပ်ထားစဉ် ရှေ့ကား စရွေ့ရင် အသိပေးချက် စတာတွေ ပါတယ်။

 LaneWatch လည်း တပ်ပေးထားတယ်။ အဲဒီစနစ်ရဲ့ ကင်မရာကို ဘေးဘက် နောက်ကြည်မှန်မှာ မြှုပ်ထည့်ထားတယ်။ ဝဲဘက်အချက်ပြ မီး ဖွင့်လိုက်တဲ့အခါ ဒက်ရှ်ဘုတ် အလယ်စခရင်မှာ ကင်မရာမြင်ကွင်း ဗီဒီယို ရိုက်ပြပေးနေတယ်။
 ဘေးဘက် နောက်ကြည့်မှန်ကို ကြည့်ဖို့ မလိုတော့ဘူး။ ရှေ့မှာ ပြသပေးနေတဲ့ စခရင်ကို ကြည့်ပြီး ယာဉ်ကြောအခြေအနေ သိနိုင်စေပါတယ်။

 

 

အင်ဂျင်စွမ်းရည်
1.5-litre တာဘိုအင်ဂျင် အသုံးပြူထားပြီး ဆီသုံးစွဲနှုန်း ပျမ်းမျှ ၁ လီတာကို ၁၇.၂ ကီလိုမီတာ ဖြစ်ပါတယ်။ ပါဝါ 178hp နဲ့ ရုန်းအား 240Nm အထိ ထုတ်ပေးနိုင်တယ်။ အင်ဂျင်နဲ့ ရှေ့ဘီးတွေအကြား ဂီယာအုဲကို CVT (Continuously-Variable Transmission) ဖြင့် ကြားခံပေးထားတယ်။ 
CVT သုံးပေးထားလို့ ဆီစားသက်သာစေပြီး အရှိန်တင်ဖို့လည်း ကောင်းနေစေတယ်။ သုညကနေ တစ်နာရီ ကီလိုမီတာ ၁၀၀ အမြန်နုန်း ရောက်ဖို့ ဘယ်လောက်ကြာသလဲ ဆိုတာ Honda က တရားဝင် မပြောကြားပေမဲ့ လက်တွေ့စမ်းကြည့်သူတွေ အဆိုအရ ၈ စက္ကန့်မပြည့်ခင်မှာ ကီလိုတစ်ရာကို ရောက်တယ်လို့ သိကြရတယ်။ အမြန်ဆုံး  အမြန်နှုန်းက တစ်နာရီ ကီလိုမီတာ ၂၀၀ သာသာ လို့ ဆိုပါတယ်။ အရှိန်တက်ပုံကတော့ တရိပ်ရိပ် တက်တယ်။ ထိုးတက်တာ ဆောင့်တက်တာတွေ မရဘူး။

 

 

 

 

 

 

 

 

Read 3421 times