ကားစင်းလုံးငှား လုပ်ငန်းကြီး Hertz Global  စရိတ်ထောင်းသဖြင့် အီးဗီ သုံးစွဲမှု လျှော့ချ


ကားစင်းလုံးငှား လုပ်ငန်းကြီး Hertz Global  စရိတ်ထောင်းသဖြင့် အီးဗီ သုံးစွဲမှု လျှော့ချ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


Hertz Global သည် ၎င်း၏ မော်တော်ယာဉ်စုသို့ ဘက်ထရီ လျှပ်စစ်ကားများ ဖြည့်ထည့်နေခြင်းက်ု နှေးထားကြောင်း  အမှုဆောင်အရာရှိများက ကြာသပတေးနေ့ (အောက်တိုဘာ ၂၆)တွင် ပြောကြားခဲ့သည်။

Hertz သည် Tesla မှ ထုတ်လုပ်သည့် အီးဗီများကို သုံးစွဲလျက်ရှိရာ Tesla က ၎င်း၏ အီးဗီများကို ဈေးချပြီး ရောင်းချသဖြင့် Hertz မှ တပတ်ရစ် Tesla အီးဗီများ ပြန်ရောင်းချသည့် ဈေးနှုန်းများ ကျဆင်းကုန်သည်။ နောက်တစ်ချက်မှာ အီးဗီများ၏ ပြုပြင်စရိတ်များသည် မျှော်လင့်ထားသည်ထက် ပိုများနေသည်ဟု ၎င်းတို့က ပြောကြားသည်။ အထူးသဖြင့် ယာဉ်ထိမိတိုက်မိရာမှ ပျက်စီးသည်ကို ပြန်ပြင်ရသည့် စရိတ် ကြီးမားသည်။

ယခင်က Hertz သည် Tesla အီးဗီ အစီးရေ ၁ သိန်းကို ၂၀၂၂ ခုနှစ် နောက်ဆုံးထားပြီး ဝယ်ယူဖြည့်တင်းမည်ဟု ကြေညာခဲ့သည်။ ယခုအခါ Hertz တွင် အီးဗီ အစီးရေ ၅ သောင်း ရှိသည့်အနက် Tesla အီးဗီ ၃၅,၀၀၀ ရှိသည်။  တနည်းဆိုရသော် ၈၀% ခန့်သည် တက်စလာအီးဗီများ ဖြစ်သည်။

သို့ဖြစ်ရာ တက်စလာက စျေးနှုန်းများ လျှော့ချနေခြင်းကြောင့်  ၎င်း၏ယာဉ်စုရှိ လျှပ်စစ်ကားအများစု၏ ပြန်ရောင်းချသည့် ဈေးနှုန်းများ ကျဆင်းသဖြင့် စုစုပေါင်းတန်ဖိုးကို သုံးပုံတစ်ပုံခန့် လျှော့ချခဲ့ရသည်ဟု ဟပ်ဇ်ဂလိုဘဲ စီအီးအို Stephen Scherr က ပြောကြားသည်။

 
ဟပ်ဇ် သည် တက်စလာ မှ ကားအစီးရေ ၁ သိန်း နှင့် GM မှ အီးဗီအစီးရေ ၁၇၅,၀၀ ဝယ်ယူရန် ကတိပြုထားဆဲဖြစ်သော်လည်း အရောင်းအဝယ်စာချုပ် လက်မှတ်ရေးထိုးခြင်း မပြုပါ။

တက်စလာ စီအီးအို အီလွန်မတ်စ်က လျှပ်စစ်ကားများသည် အင်ဂျင်ကားများ (ပလပ်ထိုးအားသွင်း အင်ဂျင်ပါ ဟိုက်ဘရစ် လျှပ်စစ်ကားများအပါအဝင်) းလောင်ကျွမ်းသည့်အင်ဂျင်များထက် ပြုပြင်ထိန်းသိမ်းမှု လိုအပ်ချက်များနည်းသည်ဟု ပြောလေ့ရှိသည်။
ထိုအချက်သည် အီးဗီ အရောင်းသမားတို့ ရှေ့တန်းတင်သည့် အချက်ဖြစ်သည်။
အင်ဂျင်မပါသဖြင့် လောင်စာဆီ ဖြည့်ရန်မလို။ အင်ဂျင်ဝိုင် လဲရန်မလို။  လောင်စာဆီနှင့် အင်ဂျင်ဝိုင်တို့အတွက် ဆီစစ်များ လဲရန်မလို။ ဂီယာဝိုင် လဲရန် မလို။ စပတ်ပလပ်များ လဲရန်မလို။ 

 လျှပ်စစ်ကား ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း Kinetic ၏ စီအီးအို Nikhil Naikal က 

“လျှပ်စစ်ကားတွေရဲ့ တကယ့်လက်တွေ့မှာ ကြုံရတဲ့အချက်တွေက ဘက်ထရီထုပ် အလေးချိန်ကြောင့် ဓာတ်ငွေ့သုံးကားတွေထက် ပေါင် ၁၀၀၀ ပိုလေးနိုင်တယ်၊ အီးဗီတွေက မောင်းရင် ပိုသွက်တယ်။ ရုန်းအား ပိုများတယ်။ လေးလံတာရယ် မြန်တာသွက်တာရယ်တို့ကြောင့် ရူပဗေဒ သဘောတရားအရ ယာဉ်ဆိုင်းထိန်းစနစ်များ suspension systems ကို ဒဏ်ထိပါတယ်။ ဘရိတ်တွေ၊ စတီယာရင်တိုင်တွေလည်း ဒဏ်ထိပါတယ်။ တာယာတွေကို လဲလဲပေးဖို့ လိုတယ်။ အလေးချိန်နဲ့ ရုန်းအား နှစ်ခုစလုံး မြင့်မားတော့ တာယာအစားခံရတာ ပိုမြန်တယ်" ဟု ပြောကြားသည်။

Source cnbc
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 2408 times