ထိုင်းကားဈေးကွက်ထဲမှာ Haval H6 အဝယ်လိုက်


ထိုင်းကားဈေးကွက်ထဲမှာ Haval H6 အဝယ်လိုက်


၂၀၂၂ နှစ်စ ၂ လ ဖြစ်တဲ့ ဇန်နဝါရီလနှင့် ‌ေဖော်ဝါရီလတို့မှာ ထိုင်းကားအသစ် ဈေးကွက် အငယ်စား SUV ( Compact SUV (C-SUV) )အပိုင်းအကန့်မှာ Haval H6 က အရောင်းရဆုံး SUV ကားမော်ဒယ် ဖြစ်ခဲ့ပါတယ်။ ဒုတိယအရောင်းရဆုံး SUV ကားမော်ဒယ်က MG HS ဖြစ်ပါတယ်။ Honda CR-V က တတိယနေရာမှာ ဖြစ်ပါတယ်။ 

Autolife Thailand မှ ထုတ်ပြန်တဲ့စာရင်းအရ

Compact SUV (C-SUV) ဇန်နဝါရီမှ ဖေဖော်ဝါရီ ၂၀၂၂  စုစုပေါင်းရောင်းအား  စုစုပေါင်း ၂,၃၈၈ စီး။

 

ပထမနေရာ
Haval H6 : ၇၀၁ စီး
စျေးကွက်ဝေစု (၂၉.၄%)၊

 


ဒုတိယနေရာ
MG HS ၄၀၂  စီး
စျေးကွက်ဝေစု (၁၆.၈%)

 


တတိယနေရာ
Honda CR-V : ၃၈၄ စီး
စျေးကွက်ဝေစု (၁၆.၁%)


စတုတ္ထ နေရာ
Subaru Forester : ၃၁၂ စီး
စျေးကွက်ဝေစု (၁၃.၁%)


ပဉ္စမနေရာ
Mazda CX-8: ၂၈၆ စီး
စျေးကွက်ဝေစု (12.0%)


ဆဌမနေရာ
Mazda CX-5 : ၂၀၁ စီး
စျေးကွက်ဝေစု (၈.၄%)၊


သတ္တမနေရာ
Peugeot 3008 : ၆၇ စီး 
(စျေးကွက်ဝေစု ၂.၈ %)


အဌမနေရာ
Mitsubishi Outlander : ၂၉ စီး
(စျေးကွက်ဝေစု ၁.၂ %)


နဝမနေရာ
Peugeot 5008 : ၆ စီး
(စျေးကွက်ဝေစု ၀.၃%)

 

ထိုင်းကားအသစ်ဈေးကွက် Compact SUV (C-SUV) အပိုင်းအကန့်မှာ ၂၀၂၂ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ ၂ လတာမှာ စီးရေစုစုပေါင်း ၂,၃၈၈ စီး ရောင်းချခဲ့ပြီး Haval H6 က ၇၀၁ စီး ရောင်းချရတဲ့အတွက် ရာခိုင်နှုန်းအားဖြင့် ၃၀ % ရောင်းအားဝေစု ရရှိပါတယ်။

Haval H6 ကို ထိုင်းတွင် ပြီးခဲ့သည့်နှစ် ၂၀၂၁ ဩဂုတ်လမှာ စတင်ရောင်းချခဲ့သည်။ တာထွက်ကောင်းသည်။ လစဉ် C-SUV အပိုင်းအကန့်မှာ အရောင်းရဆုံးမော်ဒယ် ဖြစ်နေခဲ့သည်။
1.5-litre ဓာတ်ဆီလျှပ်စစ် ဟိုင်းဘရစ် ၂ မျိုးစပ် မော်ဒယ်တစ်မျိုးတည်းကို ရောင်းချသည်။

Great Wall Motor ရဲ့ brand တစ်ခု ဖြစ်သဖြင့် Great Wall Haval H6 ဟု စစချင်းမှာ အမည်ပေးထားပြီးနောက် Haval ကို သီးခြား brand တစ်ခုအဖြစ် ထူထောင်ခဲ့ရာ မိခင်အမည်ကို ဖြုတ်လိုက်ပြီး Haval H6 အမည်ဖြင့် ဒီဇိုင်းအသစ်ထုတ်လုပ်ခဲ့ပါတယ်။ တရုတ်ပြည်တွင်းဈေးကွက်မှာ အ‌ရောင်းရဆုံး SUV လစဉ် ၂ နှစ်နီးပါး ဖြစ်ခဲ့ပါတယ်။


C- SUV အပိုင်းအကန့်မှာ ကြီးစိုးခဲ့တဲ့ Honda CR-V က ၂၀၁၉ ခုနှစ်လောက်မှာ တစ်ကြိမ် နည်းနည်းပါးပါး မွမ်းမံပြီး ရောင်းချနေတာဖြစ်လို့ မော်ဒယ် သက်တမ်း အိုပြီး ရောင်းအားအကျဘက် ရောက်နေပြီဖြစ်ပေမဲ့ တတိယနေရာကို ဆက်ထိန်းထားနိုင်ပါသေးတယ်။

ဒုတိယနေရာမှာ MG HS က ၂ လတာမှာ ၄၀၂ စီး ရောင်းရပါတယ်။ ၃၈၄ စီး ရောင်းရပြီး တတိယနေရာမှာ ရှိနေတဲ့ Honda CR-V ထက် ၁၈ စီးပဲ ပိုတာကြောင့် နှာတစ်ဖျားအသာဖြင့် ဒုတိယနေရာ ရရှိလိုက်တာလို့ ဆိုရပါမယ်။

တရုတ်နိုင်ငံမှ မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်း  SAIC Motor က ဗြိတိသျှကားတံဆိပ် MG ဖြင့် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ထိုင်းဈေးကွက်ထဲသို့ ၂၀၁၉ စက်တင်ဘာလမှာ စတင်မောင်းဝင်ခဲ့ပါတယ်။ Honda CR-V နှင့် ပထမနေရာကို ယဉ်ပြိုင်နေခဲ့ပြီး ထိုင်းဈေးကွက်ထဲ Haval H6  မောင်းဝင်လာပြီး ပထမနေရာကို လစဉ် သိမ်းပိုက်ထားလိုက်တာ ဖြစ်ပါတယ်။ ထိုင်းဈေးကွက်မှာ 1.5-litre တာဘို ဓာတ်ဆီအင်ဂျင် မော်ဒယ်နှင့် ပလပ်ထိုး နှစ်မျိုးစပ် plug-in hybrid (PHEV) မော်ဒယ် ၂ မျိုး ရောင်းချပါတယ်။ 2022 Bangkok International Motor Show (BIMS) မှာ မွမ်းမံထားတဲ့ မော်ဒယ်ကို ပြသ ပွဲထုတ်ထားပါတယ်။ 

Source Autolife Thailand

 

 

 

Read 2872 times