ခရီးတာနှင့် အသံမဆူညံသဖြင့်  Harley-Davidson လျှပ်စစ်မော်တော်ဆိုင်ကယ်များ အရောင်းမသွက်


ခရီးတာနှင့် အသံမဆူညံသဖြင့်  Harley-Davidson လျှပ်စစ်မော်တော်ဆိုင်ကယ်များ အရောင်းမသွက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Harley-Davidson လျှပ်စစ်မော်တော်ဆိုင်ကယ် LiveWire သည် တိတ်ဆိတ်လွန်းသည်ဟု Harley ချစ်သူများက ပြောကြသည်။

"သူတို့က လမ်းပေါ်ရောက်ရင် ဆူညံစေချင်တယ်။ ဆိုင်ကယ် ရောက်မလာခင် အသံကို အရင် ကြားစေချင်ကြတယ်"ဟု Harley-Davidson အရောင်းကိုယ်စားလှယ် လုပ်ငန်း Tobacco Road Harley-Davidson မှ ဈေးကွက်မန်နေဂျာ Casey Harrold က ပြောကြားသည်။

၂၀၂၂ စတုတ္ထ ၃ လပတ်တွင် ဈေးကွက်ထဲသို့ မော်တော်ဆိုင်ကယ် ပေးပို့သည့်စီးရေသည် ၂၀၂၂ တွင် ၂၀၂၁ ထက် ၁၈% ပိုများသည်ဟု Harley-Davidson က ပြောကြားသည်။
 သို့သော် လျှပ်စစ်မော်တော်ဆိုင်ကယ် LiveWire ရောင်းအား မကောင်းခဲ့ချေ။
Harley-Davidson က LiveWire ကို လုံးဝ တသီးတခြား ရပ်တည်သည့် လုပ်ငန်းအဖြစ် ၂၀၂၁ တွင် ခွဲထုတ်ခဲ့သည်။
လျှပ်စစ်စကူတာများ ဝယ်လိုအား အားကောင်းနေသော်လည်း LiveWire က ရောင်းအား အားပျော့နေသည်။

 

Harley ချစ်သူများက အသစ်အဆန်း ဖြစ်နေသည့် လျှပ်စစ်မော်တော်ဆိုင်ကယ် LiveWire ကို အစမ်းစီးကြည့်ကြသည်။
“ဘယ်လောက်မြန်လဲ၊ ဘယ်လောက်သွက်လက်၊ ပြောင်းရလွယ်တယ်ဆိုတာ သူတို့‌ေတွ့ကြတယ်” ဟု Casey Harrold က ပြောကြားသည်။
"ဒါပေမဲ့ အသံ လိုနေတယ်လို့ သူတို့က ပြောကြတယ်။ သူတို့က ဆိုင်ကယ် ခပ်အုပ်အုပ် မြည်သံကို လိုချင်ကြတယ်။ လမ်းပေါ်မှာ ဆူညံသံတွေနဲ့ သွားချင်တယ်" ဟု သူက ပြောပြသည်။

၂၀၂၁ ခုနှစ်တွင် လျှပ်စစ်ဆိုင်ကယ်ဝယ်ယူသူ သုံးပုံတစ်ပုံကျော်သည် မော်တော်ဆိုင်ကယ် စစီးသည့် လူသစ်များဖြစ်ကြောင်း ဆိုင်ကယ်စက်မှုလုပ်ငန်းကောင်စီ Motorcycle Industry Council မှ အချက်အလက် ထုတ်ပြန်ခဲ့သည်။

လျှပ်စစ်ဆိုင်ကယ်ဈေးကွက်သည် ကြီးထွားနေသည်။ မော်တော်ဆိုင်ကယ်လောကတွင် အစဉ်အလာ မရှိသော လျှပ်စစ်ဆိုင်ကယ်  Zero Motorcycle ရောင်းအား ကောင်းသည်။

ဆိုင်ကယ်ကို ခွစီးထားသော လူ့ကိုယ်ခန္ဓာသည် လေခွင်းအား ညံ့ဖျင်းသည်။ သို့ဖြစ်ရာ လူ့ကိုယ်ခန္ဓာ လေတိုးသည့်အတွက် ဆိုင်ကယ်က ပိုရုန်းရသည်။ ဘက်ထရီ အားပိုကုန်သည်။ 
“ဒါကြောင့် အဝေးပြေး အမြန်လမ်းမှာ လျှပ်စစ်  မော်တော်ဆိုင်ကယ်‌ေတွက ခရီးတာ မိုင် ၁၀၀ ထက် ပိုမစီးနိုင်ပါဘူး" ဟု Casey Harrold က ပြောကြားသည်။

သို့ဖြစ်ရာ လျှပ်စစ်မော်တော်ဆိုင်ကယ်ဖြင့် ခရီးဝေးဝေး အပျော်စီးခရီးထွက်ဖို့ အဆင်မပြေ။ မြို့တွင်း သွားလာမှု အတွက်သာ အဆင်ပြေသည်။ သို့ဖြစ်ရာ လျှပ်စစ်စကူတာနည်းတူ "မြို့တွင်းစီး" ဖြစ်နေသည်။
လျှပ်စစ်စကူတာက ဈေးသက်သာသည်။ အထူးလိုင်စင်လည်း မလိုချေ။ 
သို့ဖြစ်ရာ LiveWire သည် အသံမမြည်ခြင်းနှင့် ခရီးတာဝေးဝေး မသွားနိုင်ခြင်းတို့ကြောင့် အရောင်းမသွက်ဟု Casey Harrold က ပြောကြားသည်။
Source marketplace
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 1020 times