ထိုင်းနိုင်ငံ နံပါတ် (၁) အမှတ်တံဆိပ်ဖြစ်လာရန် Great Wall ရည်မှန်းထား

ထိုင်းနိုင်ငံ နံပါတ် (၁) အမှတ်တံဆိပ်ဖြစ်လာရန် Great Wall ရည်မှန်းထား

https://t.me/Guid4U
JOIN THE CHANNEL 

တရုတ်နိုင်ငံမှ ကားထုတ်လုပ်သူ Great Wall Motor (GWM) သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်တွင် ထိုင်းနိုင်ငံတွင် လျှပ်စစ်ကားများ စတင်ထုတ်လုပ်သည်။ 

GWM သည် ထိုင်းအစိုးရ၏ အီးဗီ မက်လုံးပေး အစီအစဉ်တွင် ပါဝင်ထားသဖြင့် ထိုင်းနိုင်ငံတွင် အီးဗီ ထုတ်လုပ်ရန် လိုအပ်ပါသည်။

Great Wall က ၎င်းသည် ထိုင်းနိုင်ငံတွင် အီးဗီ များကို စီးပွားဖြစ်ထုတ်လုပ်သည့် ပထမဆုံး တရုတ်ကားထုတ်လုပ်သူဖြစ်ကြောင်း ပြောကြားသည်။

 

 ထိုင်းနိုင်ငံ အရှေ့ပိုင်း ရယောင်းရှိ ၎င်း၏စက်ရုံတွင် အီးဗီ လိုင်းသစ်အတွက် ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၂ ရက်တွင် ပြုလုပ်ခဲ့သည်။

 

"ဒါက ထိုင်းအတွက် ခေတ်သစ်တစ်ခုရဲ့ အစပဲ"ဟု Great Wall ၏ အရှေ့တောင်အာရှစျေးကွက်ဆိုင်ရာ ဒုတိယဥက္ကဋ္ဌ Vudhigorn Suriyachantananont က ၎င်းအခမ်းအနားတွင် ပြောကြားခဲ့သည်။

 

"ထိုင်းနိုင်ငံရဲ့ နံပါတ် (၁) အမှတ်တံဆိပ်ဖြစ်ဖို့ ကျွန်တော်တို့ ရည်ရွယ်ပါတယ်" ဟု ၎င်းက ပြောကြားသည်။

 

စက်ရုံ၏ တစ်နှစ်တာ ထုတ်လုပ်မှု စွမ်းရည်သည် ယခုအခါ လိုင်းအသစ် တိုးသဖြင့် ကားအစီးရေ ၁၂၀,၀၀၀ အထိ မြင့်မားလာပြီဖြစ်သည်။

Great Wall သည် ထိုင်းနိုင်ငံတွင် အီးဗီမော်ဒယ်များနှင့် ပလပ်ထိုးအားသွင်း ဟိုက်ဘရစ် အီးဗီမော်ဒယ်များ ထုတ်လုပ်သွားမည် ဖြစ်သည်။ 

ပထမဆုံး ဘဏ္ဍာနှစ်တွင် Ora Good Cat အငယ်စား အီးဗီများ အစီးရေ ၈,၀၀၀ ထုတ်လုပ်ရန် စီစဉ်ထားသည်။

 

 ထိုင်းနိုင်ငံတွင် ရောင်းချရန်အတွက် ထုတ်လုပမခြင်းအပြင် Great Wall သည် ဝယ်လိုအားပေါ်မူတည်၍ အနာဂတ်တွင် အခြားအရှေ့တောင်အာရှနိုင်ငံများသို့ တင်ပို့မည် ဖြစ်သည်။

 

အီးဗီအတွက် အခရာကျသည့် ဘက်ထရီထုပ်များကို ထိုင်းနိုင်ငံတွင် ၂၀၂၄ ခုနှစ် မတ်လတွင် စတင်ထုတ်လုပ်မည် ဖြစ်သည်။

Great Wall သည် ထိုင်းနိုင်ငံတွင် အီး‌ဗီ ထုတ်လုပ်ရာ၌ ထိုင်းနိုင်ငံမှာ ထုတ်လုပ်သည့် ကေဘယ်များနှင့် ဝါယာများ အပါအဝင် ယာဉ်ပစ္စည်းများ အနည်းဆုံး ၄၀%ကို ဝယ်ယူသုံးစွဲမည် ဖြစ်သည်။

 

Great Wall သည် ၂၀၂၀ ပြည့်နှစ်တွင် General Motors ထံမှ စက်ရုံကို ၀ယ်ယူခဲ့သည်။ ၎င်းစက်ရုံကို ပြန်လည်မွမ်းမံပြီး အီးဗီ ထုတ်လုပ်မှုလိုင်း တပ်ဆင်ခဲ့သည်။

 

အီးဗီများနှင့် ပလပ်ထိုးအားသွင်း ဟိုက်ဘရစ်များ ထုတ်လုပ်ရန်အတွက် ထုတ်လုပ်ရေးလိုင်းများ တပ်ဆင်ခဲ့ရာ  စက်ရုံတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုသည် ဘတ် ၁၂ ဘီလီယံ (ကန်ဒေါ်လာ ၃၄၃ သန်း) ရှိပါသည်။

 

Source Asia nikkei 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 293 times