ထိုင်းမှာ Great Wall ဘက်ထရီစက်ရုံအတွက် ဒေါ်လာ သန်း ၃၀ ရင်းနှီးမြှုပ်နှံ


ထိုင်းမှာ Great Wall ဘက်ထရီစက်ရုံအတွက် ဒေါ်လာ သန်း ၃၀ ရင်းနှီးမြှုပ်နှံ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 


တရုတ်နိုင်ငံမှ Great Wall Motor သည် ထိုင်းနိုင်ငံတွင် အီးဗီအတွက် ဘက်ထရီထုပ်ပိုးစက်ရုံ ထူထောင်ရန် ကန်ဒေါ်လာ သန်း ၃၀ ရင်းနှီးမြုပ်နှံရန် အစီအစဉ် ရေးဆွဲသည်မှာ အပြီးသတ်အဆင့် ရောက်နေပြီ ဖြစ်သည်။
Great Wall Motor သည် ထိုင်းနိုင်ငံမှာ နောက်နှစ်တွင် အီးဗီအငယ်စား ထုတ်လုပ်ရန်အတွက်လည်း စီစဉ်နေသည်။

တရုတ်နိုင်ငံ Hebei အခြေစိုက် Great Wall Motor သည် ထိုင်းနိုင်ငံတွင် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးစင်တာတစ်ခု ထူထောင်ရန် စဉ်းစားနေသည်။ ၎င်းစင်တာသည် လျှပ်စစ်ပစ်ကပ်ထရပ် ဖွံ့ဖြိုးထုတ်လုပ်ရန် လုပ်ဆောင်မည် ဖြစ်သည်ဟု Great Wall Motor Thailand ၏ မန်နေဂျင်းဒါရိုက်တာ Narong Sritalayon က ပြောကြားသည်။

Great Wall Motor သည် ကမ္ဘာတစ်လွှားတွင် နည်းပညာအမျိုးမျိုးအတွက် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးစင်တာ ၁၀ ခု ရှိသည်။

Great Wall သည် ၎င်း၏ Ora Good Cat  အီးဗီအငယ်စားကို ၂၀၂၁ ခုနှစ်နှောင်းပိုင်းတွင် ထိုင်းနိုင်ငံတွင် စတင်ရောင်းချခဲ့သည်။
Ora Good Cat သည် ယမန်နှစ်က ထိုင်းနိုင်ငံ၏ ရောင်းအားအကောင်းဆုံး အီးဗီ ဖြစ်လာခဲ့သည်။
ထိုင်းအစိုးရ ထောက်ပံ့ကြေး ဘတ် ၂၃၀,၅၀၀ နုတ်ပယ်ပြီးပါက ဈေးနှုန်းမှာ ဘတ် ၈၂၈,၅၀၀ ဖြစ်သဖြင့် ဈေးသက်သာသည်။

General Motors စက်ရုံဟောင်းကို လွှဲပြောင်းရယူပြီးနောက် Great Wall သည် ထိုင်းနိုင်ငံသို့ ၂၀၂၀ ခုနှစ်တွင် ဝင်ရောက်လုပ်ကုိင်ခဲ့သည်။ ယခုအခါ ထိုင်းပြည်တွင်းဈေးကွက်အတွက် Haval  ဟိုက်ဘရစ် မော်ဒယ် ၂ မျိုး ထုတ်လုပ်သည်။ Ora Good Cat ကို နောက်နှစ်တွင် ထုတ်လုပ်မည်။ မော်တော်ယာဉ်အတွက် လိုအပ်သည့် အစိတ်အပိုင်းများကို ထိုင်းပြည်တွင်းမှ ရတတ်သ‌ရွေ့ ရယူသုံးစွဲသွားမည်။ 

အီးဗီအတွက် ဘက်ထရီထုပ်များ ထုပ်ပိုးသည့် စက်ရုံအတွက် ဘတ် သန်း ၅၀၀ မှ သန်း ၁,၀၀၀ အထိ ရင်းနှီးမြှုပ်နှံရမည်။ စက်ရုံ အရွယ်အစားကို မဆုံးဖြတ်ရသေးပါ။ လာမည့် ၆ လ အတွင်း ဆုံးဖြတ်မည်ဟု Narong Sritalayon က ပြောကြားသည်။

SVOLT Energy Technology သည်  Great Wall ၏ လက်အောက်ခံလုပ်ငန်းခွဲတစ်ခုဖြစ်ပြီး ဥရောပကဲ့သို့ အခြားစျေးကွက်များတွင် တိုးချဲ့လုပ်ကိုင်နေသည်။ 
ကနဦးအဆင့်တွင် ထိုင်းတွင် ဘက်ထရီထုပ်များ ထုပ်ပိုးရန်သာ လုပ်ကိုင်မည်။ နောင်တစ်ချိန်တွင် ထပ်မံရင်းနှီးမြှုပ်နှံပြီး ဘက်ထရီဆဲလ်များ ထုတ်လုပ်မည်။ 

ထိုင်းနိုင်ငံသို့ တင်သွင်းရောင်းချသည့် Ora Good Cat  မော်ဒယ်မူကွဲများတွင် တရုတ်ပြည်မှ Contemporary Amperex Technology Co., Limited (CATL)၏ ဘက်ထရီ သုံးစွဲထားသည်။
ထိုင်းမှာ Ora Good Cat  မော်ဒယ်များ ထုတ်လုပ်သည့်အခါ CATL ၏ ဘက်ထရီများ ဝယ်ယူသုံးစွဲရန် အစီအစဉ် မရှိဟု Great Wall က ပြောကြားသည်။ 

CATL သည် အီးဗီဘက်ထရီ ကမ္ဘာ့ဈေးကွက်တွင် ဈေးကွက်ဝေစု ၃၇% ရရှိထားပါသည်။

Source Asia Nikkei 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 351 times