ထိုင်းနိုင်ငံတွင် Great Wall Motors  အီးဗီ စတင် ထုတ်လုပ် 


ထိုင်းနိုင်ငံတွင် Great Wall Motors  အီးဗီ စတင် ထုတ်လုပ် 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

တရုတ်မော်တော်ကားထုတ်လုပ်ရေးလုပ်ငန်း Great Wall Motors (GWM) သည် ထိုင်းနိုင်ငံရှိ ထုတ်လုပ်ရေးစက်ရုံမှ ပထမဆုံး လျှပ်စစ်ကားကို ဇန်နဝါရီ ၁၂ ရက်က ထုတ်လုပ်လိုက်ပါသည်။ 
ထိုင်းနိုင်ငံထုတ် အီးဗီများကို ယခုလတွင် စတင်ရောင်းချရန် စီစဉ်ထားပါသည်။
GWM သည် ထိုင်းနိုင်ငံတွင် အီးဗီ ထုတ်လုပ်မှု အခြေစိုက်စခန်းကို ထားရှိပြီးနောက် အာဆီယံတွင် ၎င်း၏ လျှပ်စစ်ကားလုပ်ငန်းကို ကြီးထွားအောင် လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

GWM သည် ၎င်း၏ လုပ်ငန်းအစီအစဉ်သစ်ကို ဖေဖော်ဝါရီ ၉ ရက်တွင် ကြေညာရန် စီစဉ်ထားသည်။
ထိုင်းနိုင်ငံ ရယောင်းပြည်နယ်ရှိ GWM အီးဗီစက်ရုံတွင် ထုတ်လုပ်မည့် ကားမော်ဒယ်အသစ်များ၊ ရင်းနှီးမြှုပ်နှံမှုဘတ်ဂျက် အစရှိသည်တို့ကို  အသေးစိတ် ထုတ်ဖော်ပြောကြားမည်ဟု  GWM မှ မန်နေးဂျင်းဒါရိုက်တာ Narong Sritalayon က ပြောကြားသည်။

"လွန်ခဲ့တဲ့ သုံးနှစ်လောက်က ထိုင်းဈေးကွက်ထဲကို GWM  ဝင်ခဲ့ပြီးတဲ့နောက်မှာ ထိုင်းနိုင်ငံရဲ့ GWM ရဲ့ နောက်အခန်းကဏ္ဍတစ်ခု ဖြစ်လာပါလိမ့်မယ်" ဟု ၎င်းက ဆိုသည်။

GWM သည် အီးဗီ ထုတ်လုပ်‌ေရးစက်ရုံနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖွံ့ဖြိုးရေးအတွက် ဘတ် ၂၂ ဘီလီယံ သုံးစွဲမည်ဟု ၂၀၂၀ ပြည့်နှစ်တွင် ကြေညာခဲ့သည်။

GWM သည် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ကာလအတွင်း အီးဗီ မော်ဒယ်ကိုးခု စတင်ရောင်းချခြင်းဖြင့် ထိုင်းနိုင်ငံနှင့် အာဆီယံနိုင်ငံများသို့ တိုးချဲ့ခဲ့သည်။

GWM သည် ထိုင်းအစိုးရ၏ အီးဗီ မြှင့်တင်ရေး မက်လုံးပေး အစီအစဉ် EV3.0 တွင် ပါဝင်ခဲ့သည်။ 
EV3.0 အစီအစဉ်သည် အီးဗီ သုံးစွဲမှုနှင့် ထုတ်လုပ်မှုတို့ကို မြှင့်တင်ရန်အတွက် ၂၀၂၂ နှင့် ၂၀၂၃ ခုနှစ်တို့တွင် အခွန်သက်ညှာပေးခြင်းနှင့် အီးဗီ ဝယ်ယူသူတို့ကို ထောက်ပံ့ကြေးများ ပေးအပ်ခြင်းတို့ လုပ်ဆောင်ခဲ့သည်။
အစီအစဉ်တွင် ပါဝင်သော ကုမ္ပဏီများသည် ထိုင်းနိုင်ငံတွင် ၂၀၂၄ ခုနှစ်မှာ အီးဗီ စတင်ထုတ်လုပ်ဖို့ လိုအပ်ပါသည်။
ရယောင်းမှ GWM ၏ ကားစက်ရုံသည် တနှစ်လျှင် အစီးရေ ၁၂၀,၀၀၀ အထိ ထုတ်လုပ်ပေးနိုင်သည်။ ကနဦးတွင် တစ်နှစ်လျှင် အစီးရေ ရှစ်ထောင် ထုတ်လုပ်ရန် လျာထားပါသည်။
"EV3.0 အစီအစဉ်အတွက် ကတိကဝတ်နှင့်အညီ Ora Good Cat အပါအဝင် အီးဗီ‌ေတွ ထုတ်လုပ်ပါမယ်"ဟု Narong Sritalayon က ပြောကြားသည်။
"အခုနှစ်မှာတော့ Ora Good Cat အမျိုးအစား အစီးရေ ရှစ်ထောင် ထုတ်လုပ်ဖို့ အစီအစဉ် ရှိပါတယ်" ဟု ၎င်းက ပြောကြားသည်။
ရယောင်း အီးဗီစက်ရုံတွင် Ora Good Cat အမျိုးအစားမှ Pro, Ultra, GT တို့ကို ထုတ်လုပ်မည်။
ထိုင်းနိုင်ငံတွင် ထုတ်လုပ်သော Ora Good Cat များသည် တရုတ်ပြည်မှာ ထုတ်လုပ်ပြီး တင်သွင်းရောင်းချသည်ထက် ဘတ်လတသိန်း ဈေးသက်သာသည်။ 

GWM သည် ထိုင်းအစိုးရ၏ ဒုတိယအဆင့် EV မက်လုံးပေးအစီအစဉ် EV3.5 တွင် ပါ၀င်မည် ဖြစ်သည်။
EV3.5 သက်တမ်းမှာ ၂၀၂၄ မှ ၂၀၂၇ ခုနှစ်အထိ ဖြစ်သည်။ ၎င်းအစီအစဉ်တွင် ပါဝင်သည့် ကုမ္ပဏီများသည် ၂၀၂၆ ခုနှစ်မှစ၍ ထိုင်းနိုင်ငံမှာ အီးဗီများ ထုတ်လုပ်ရန် လိုအပ်ပါသည်။

 

Source bangkokpost 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 155 times