ထိုင်းမှာ ရောင်းအား ၅၀ ရာခိုင်နှုန်း တိုးလာရန် Great Wall ရည်မှန်းထား


ထိုင်းမှာ ရောင်းအား ၅၀ ရာခိုင်နှုန်း တိုးလာရန် Great Wall ရည်မှန်းထား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


Great Wall Motor သည် စျေးကွက်ချဲ့ထွင်ရန် ကြီးမားသော ရင်းနှီးမြှုပ်နှံမှုဖြင့် ထိုင်းနိုင်ငံတွင် ၂၀၂၄ ခုနှစ်မှာ အီးဗီ ထုတ်လုပ်မှု စတင်မည်။

တရုတ်နိုင်ငံမှ ပုဂ္ဂလိကပိုင် ကားထုတ်လုပ်ရေး လုပ်ငန်း Great Wall Motor ၏ Ora Good Cat သည် ထိုင်းနိုင်ငံတွင် ရောင်းအားအကောင်းဆုံး လျှပ်စစ်ကားဖြစ်သည်။

 Great Wall Motor (GWM)သည် ယခုနှစ်အတွင်း ထိုင်းနိုင်ငံမှာ ၂၀၂၂ ခုနှစ်ထက် ရောင်းအား ၅၀ ရာခိုင်နှုန်း တိုးလာရန် ရည်မှန်းထားသည်။

GWM သည် ၂၀၂၂ ခုနှစ်အတွင်း ထိုင်းနိုင်ငံတွင် အစီးရေ ၁၁,၆၁၆ ရောင်းချခဲ့ရပြီး ၂၀၂၁ ထက် စီးရေ ၃ ဆ ရှိသည်။ ဈေးကွက်ဝေစု ၁.၄% ရရှိသည်။ 
၂၀၂၃ တွင် စီးရေ ၁၈,၀၀၀ ရောင်းချရန် ရည်မှန်းထားသည်။ အီးဗီနှင့် ဟိုက်ဘရစ် မော်ဒယ်အသစ် ၅ မျိုးကို ထိုင်းဈေးကွက်တွင် ရောင်းချမည်။

GWM ရောင်းချခဲ့သည့် ကားမော်ဒယ်များတွင် Ora brand ဖြင့် ထုတ်လုပ်သော Good Cat သည် အရောင်းရဆုံး ဖြစ်ခဲ့ပြီး စုစုပေါင်းရောင်းအား၏ သုံးပုံတစ်ပုံ ရှိသည်။ ထိုင်းနိုင်ငံ အီးဗီဈေးကွက်ကို Ora Good Cat ဦးဆောင်နေသည်။ ၃၉% ဝေစု ရရှိထားသည်။
Good Cat ကို အချို့နိုင်ငံများတွင် Hao Mao အမည်ဖြင့်လည်းကောင်း၊ Funky Cat အမည်ဖြင့်လည်းကောင်း ရောင်းချသည်။
ထိုင်းဈေးကွက်ထဲ ရောင်းအားကောင်းနေစဉ် အရောင်းဆိုင်းငံ့ခဲ့ရသည်။ အကြောင်းမှာ ထုတမလုပ်မှုအပိုင်း နှောင့်နှေးနေသောကြောင့် ဖြစ်သည်။ သို့သော် များမကြာခင်မှာ အမှာစာများ ပြန်လည်လက်ခံမည်ဟု ဆိုသည်။ ၂၀၂၃ တွင် စီးရေ ၅,၀၀၀ ရောင်းချရန် ရည်မှန်းထားသည်။
လောလောဆယ်တွင် Good Cat ကို တရုတ်နိုင်ငံမှ တင်သွင်းပြီး ရောင်းချသည်။

     Advertisement

Click Here > Golden Myanmar
GWM သည် ၂၀၂၀ ခုနှစ်တွင် General Motors ထံမှ ဝယ်ယူထားသော ထိုင်းအရှေ့ပိုင်းပြည်နယ် ရယောင်းရှိ စက်ရုံကို ပြန်လည်ပြုပြင်ရန်အတွက် စုစုပေါင်း ဘတ်ငွေ ၂၂.၆ ဘီလီယံ (ကန်ဒေါ်လာ ၆၇၅ သန်း) ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားသည်။
ယခုအထိ ဘတ် ၁၂ ဘီလီယံ ရင်းနှီးမြှုပ်နှံထားပြီးပြီ ဖြစ်သည်။ 
၎င်းစက်ရုံတွင် ၂၀၂၄ ဇန်နဝါရီ-မတ် ၃ လပတ်တွင် Good Cat စတင်ထုတ်လုပ်မည်။

ကားထုတ်လုပ်သူများသည် အရှေ့တောင်အာရှအတွက် ထုတ်လုပ်မှုအခြေစိုက်စခန်းတစ်ခုအဖြစ် ထိုင်းနိုင်ငံကို အသုံးပြုကာ အိမ်နီးချင်းနိုင်ငံများသို့ မော်တော်ယာဉ်များကို တင်ပို့ရောင်းချကြသည်။

GWM သည် ယခုနှစ်တွင် ထိုင်းဈေးကွက်မှာ Ora Grand Cat ကို စတင်ရောင်းချမည်။ ၎င်းမော်ဒယ်ကို အချို့နိုင်ငံများတွင် Lightning Cat အမည်ဖြင့် ရောင်းချသည်။
"ထိုင်းပြည်သူတွေဟာ အီးဗီတွေကို စိတ်ဝင်စားမှု ထက်သန်ကြတယ်။ ၂၀၁၃ မှာ စျေးကွက်အရွယ်အစားဟာ မနှစ်ကထက် ၅၀% တိုးလာမယ်လို့ ခန့်မှန်းထားပါတယ်" ဟု Great Wall Motors Thailand ၏ မန်နေဂျင်း ဒါရိုက်တာ Narong Sritalayon က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

Source Asia Nikkei 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 1469 times