ယာဉ်မောင်းနှင့်ကား စကားပြောနိုင်ရန် Great Wall ကားများတွင် ဉာဏ်ရည်တု ထည့်ပေးမည်


ယာဉ်မောင်းနှင့်ကား စကားပြောနိုင်ရန် Great Wall ကားများတွင် ဉာဏ်ရည်တု ထည့်ပေးမည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


တရုတ်နိုင်ငံတွင်  SUV အများဆုံး ထုတ်လုပ်သည့် Great Wall Motor သည် Baidu ၏  ဥာဏ်ရည်တု (artificial intelligence  AI) နည်းပညာကို အသုံးပြုသည့် ပထမဆုံး ကားထုတ်လုပ်သူ ဖြစ်လာရန် ရည်မှန်းထားပြီး ယာဉ်မောင်းနှင့် ကားအကြား စကားပြောဆိုမှုများ ပြုလုပ်နိုင်မည်ဖြစ်သည်။

တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ်ရှိ Baoding တွင် အခြေစိုက်သည့် Great Wall Motor သည်  chatbot tool တပ်ဆင်ထားသည့် ယာဉ်များကို ထုတ်လုပ်နိုင်ရန်အတွက် Baidu နှင့် ပူးပေါင်းမည်။ အင်တာနက် ရှာဖွေရေးအင်ဂျင်နှင့် AI  မဟာလုပ်ငန်းကြီး Baidu  တွင် Ernie Bot ဟု အမည်ပေးထားသော chatbot tool  ရှိသည်။   OpenAI ၏ ChatGPT နည်းတူ လုပ်ကိုင်နိုင်မည့် Ernie Bot ကို Great Wall Motor မှ ထုတ်လုပ်မည့်  SUV  မော်ဒယ်အချို့တွင် ထည့်ပေးထားမည်ဖြစ်သည်။ ကား၏ ဉာဏ်ရည်ဉာဏ်သွေး ပိုမြင့်မားစေမည်ဖြစ်ပြီး ယာဉ်မောင်းကို အကူအညီများလည်း ပေးနိုင်မည် ဖြစ်သည်။ 

ဗုဒ္ဓဟူးနေ့(ဩဂုတ် ၂) တွင် ထုတ်ပြန်သည့် Great Wall  ၏ ကြေညာချက်တွင် မည်သည့် မော်ဒယ်လ်များတွင် Ernie Bot ကို ပထမဆုံး ပါဝင်လာမည်ကို ဖော်ပြထားခြင်း မရှိပေ။
မည်သည့်အချိန်တွင် စတင်မည်ကိုလည်း ဖော်ပြထားခြင်း မရှိပေ။ သို့သော် Great Wall သည် စမ်းသပ်မှုများ ပြုလုပ်ပြီးစီးနေပြီ ဖြစ်ကြောင်း ဖော်ပြထားသည်။ သို့ဖြစ်ရာ Great Wall ၏  SUV  မော်ဒယ်အချို့တွင် မကြာခင်မှာ  Ernie Bot  ပါလာတော့မည်ဟု မျှော်လင့်ရပေသည်။ 

 
Baidu  သည် မော်တော်ယာဉ်များအတွက်  Ernie Bot  ကို ထုတ်လုပ်ထားပြီး   Lynk နှင့် Smart  အပါအဝင် အခြားကားမော်ဒယ်များတံသ်လည်း ဉာဏ်ရည်တု နည်းပညာသုံး Ernie Bot ပါလာမည် ဖြစ်သည်ဟု Baidu  က ကြေညာချက် ထုတ်ပြန်သည်။
Baidu ၏ လက်အောက်ခံလုပ်ငန်းခွဲတစ်ခုဖြစ်သော Jidu Auto မှ အီးဗီများတွင်လည်း Ernie Bot ကို ထည့်ပေးထားမည်ဟု Baidu  က ပြောကြားသည်။ 
Jidu အီးဗီများသည် စမ်းသပ်ထုတ်လုပ်မှုအဆင့်တွင် ရောက်ရှိနေပြီး ယခုနှစ် နှစ်ကုန်ပိုင်းတွင် အမြောက်အမြား စတင်ထုတ်လုပ်မည့် အစီအစဉ် ရှိသည်။

Source bangkokpost

https://t.me/Guid4U
JOIN THE CHANNEL

Read 303 times