မိုင် ၂၀၀ အတွက် ၅ မိနစ်ဖြင့် အမြန်အားသွင်းရုံအသစ် Gravity စတင် ဖွင့်လှစ်


မိုင် ၂၀၀ အတွက် ၅ မိနစ်ဖြင့် အမြန်အားသွင်းရုံအသစ် Gravity စတင် ဖွင့်လှစ်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

အမေရိကန်နိုင်ငံ နယူးယောက် အခြေစိုက် Gravity Inc. သည် Google မှ ကျောထောက်နောက်ခံပြုပေးထားသည့် အီးဗီ အားသွင်းကွန်ရက် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေး လုပ်ငန်းဖြစ်ပြီး အမေရိကန်နိုင်ငံ၏ အမြန်ဆုံး အားသွင်းရုံ ဝန်ဆောင်မှု စတင်ပါသည်။

 

Gravity Inc ၏ အဆင့်မြင့်နည်းပညာဖြင့် မိုင် ၂၀၀ ခရီးတာအတွက် ၅ မိနစ်မျှဖြင့် အားသွင်းပေးနိုင်သည်။

 

Gravity Inc. သည် ၂၀၂၁ ခုနှစ်တွင် နယူးယောက်မြို့တော်တွင် Mustang Mach-E လျှပ်စစ်ကားများဖြင့် မြို့တော်၏ အင်္ဂါရပ်တခုဖြစ်သည့် ကိုယ်ထည် အဝါရောင် တက္ကဆီများ စတင်ပြေးဆွဲခဲ့သည်။

ထို့နောက် အီးဗီတက္ကဆီအပြင် Gravity သည် အားသွင်းရုံလုပ်ငန်းကဏ္ဍကို လုပ်ကိုင်သည်။ အာသွင်းရုံများ ထားရှိရန်အတွက် နယူးယောက်မြို့တော်မှ ယာဉ်ရပ်နားစခန်း အော်ပရေတာများနှင့် လက်တွဲခဲ့ပြီး ၎င်းတို့၏ ယာဉ်ရပ်နားစခန်းများတွင် အားသွင်းတိုင်များ တပ်ဆင်ခဲ့သည်။ 

ဝန်ဆောင်မှုကို ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် စတင်ခဲ့ရာ၌ စစချင်းတွင် ကိုယ်ထည်အဝါရောင် အီးဗီတက္ကဆီများကိုသာ 500kW EV အားသွင်းတိုင်များဖြင့် ဝန်ဆောင်မှု ပေးခဲ့သည်။ 

Google Ventures (GV) ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းက နိုဝင်ဘာလတွင် အရင်းအနှီး ထည့်ဝင်ခဲ့သည်။ ပမာဏကို ထုတ်ဖော်ပြောကြားခြင်း မပြုပါ။

 

ယခုစတင်လိုက်သော အားသွင်းစခန်းအသစ်သည်  ကုမ္ပဏီပိုင် အီးဗီယာဉ်စုများ၊ အီးဗီတက္ကဆီ ယာဉ်စုများအတွက်သာမက အများပြည်သူ တဦးတယောက်ပိုင် အီးဗီများကိုပါ ဝန်ဆောင်မှု ပေးအပ်သည်။ 

Gravity Charging Center အားသွင်းရုံ အသစ်တွင် အားသွင်းတိုင် စုစုပေါင်း ၂၄ တိုင် တပ်ဆင်ပေးထားသည်။ 

 

ယာဉ်များ ရပ်နားသည့်နေရာ လျော့နည်းသွားပြီး နေရာကျုံ့မသွားစေရန်အတွက် အားသွင်းစခန်း ထားရှိသည့် ကားရပ်နားစခန်း၏ မျက်နှာကြက်တွင် အားသွင်းစက်များကို ထားရှိပြီး 500kW Distributed Energy Access Points (DEAPs)များ စီစဉ်ပေးထားသည်။ ကားအမိုးနှင့် မလွတ်မကင်း မဖြစ်စေရန် အားသွင်းစက်များကို ခရီးဆောင်သေတ္တာပုံစံ ဒီဇိုင်းထုတ်ထားပါသည်။

Source: Gravity Inc.


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Read 535 times