လာမည့်နှစ်တွင် မြန်မာအပါအဝင် Grab ဝန်ထမ်းများကို Grab မှ ကာကွယ်ဆေးထိုးပေးမည်


နှစ်ကုန်တွင် Grab ယာဉ်မောင်းနှင့် delivery ဝန်ထမ်းများကို COVID-19 ကာကွယ်ဆေးထိုးပေးဖို့အတွက် ဖေဖော်ဝါရီလ ၄ ရက်နေ့က ကြေညာခဲ့ပါတယ်။

Grab ပလက်ဖောင်းတွင် အလုပ်လုပ်ကိုင်သူများကို ကာကွယ်ဆေးအပြည့်အဝ ရရှိဖို့အတွက် ဆောင်ရွက်သွားမှာဖြစ်ပြီး  အဆိုပါလုပ်ငန်းစဉ်က Grab လုပ်ကိုင်နေတဲ့ နိုင်ငံများအားလုံး အကျုံးဝင်တယ်လို့
CNA သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။

အဆိုပါ COVID-19 ကာကွယ်ဆေးထိုး လုပ်ငန်းစဉ်အောက်တွင် , အမျိုးသားကာကွယ်ဆေးအစီစဉ်တွင် ပါဝင်ခွင့်မရသော ယာဉ်မောင်းနှင့် delivery ဝန်ထမ်းများအတွက် ကုန်ကျစရိတ်ကို ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။

ဆက်လက်ပြီး Grab လုပ်ငန်းတွင် လုပ်ကိုင်နေသော ဝန်ထမ်းများ၏ မိသားစုဝင် (အမျိုးသားကာကွယ်ဆေးထိုးအစီစဉ်တွင် ပါဝင်ခွင့်မရသူ) များအတွက်လည်း အကျုံးဝင်တယ်လို့လည်း သိရပါတယ်။

ကာကွယ်ထိုးပြီးနောက် ဖြစ်ပေါ်လာသော ဘေးထွက်ဆိုးကျိုးများအတွက်လည်း Grab ဝန်ထမ်းအနေနဲ့ Grab ကျန်းမာရေးဆိုင်ရာခွင့်တွေကိုလည်း ခံစားခွင့်ပေးသွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ  အပါအဝင် အရှေ့တောင်အာရှ နိုင်ငံပေါင်း ၈ နိုင်ငံမှာ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

CNA သတင်းဌာနရ၏ မေးမြန်းချက်များအရ, Grab Market လုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေတဲ့ ယာဉ်မောင်း နှင့် delivery ဝန်ထမ်းပေါင်း ဘယ်နှယောက် ရှိတယ်ဆိုတာ ဖော်ပြထားခြင်းမရှိပေမယ့်၊ ကာကွယ်ဆေးနှင့် ထောက်ပံ့ကြေးတွေ ဘယ်လောက်ထောက်ပံ့ပေးသွားမယ်ဆိုတာကိုလည်း ဖော်ပြထားခြင်း မရှိပါဘူး။

“Grab အနေနဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးအသိပညာပေးရေး နှင့် စိုးရိမ်းပူပန်မှုများရှိနေတဲ့ ကျန်းမာရေးကုန်ကျစရိတ်အတွက် အထောက်အကူဖြစ်လိမ့်မည်” လို့ ပြောကြားခဲ့ပါတယ်။

ကာကွယ်လုပ်ငန်းများ ဆောင်ရွက်ဖို့အတွက် နေရာနှင့် ဖြန့်ဖြူးရေးအတွက် လွယ်ကူချော့မွေ့စေဖို့အတွက် အစိုးရနှင့် ဆွေးနွေးခဲ့ကြပါတယ်။

လုပ်ငန်းစီမံခန့်ခွဲမှုဒါရိုက်တာ Mr Russell Cohen က “ ကျွန်တော်တို့ရဲ့ ကိုယ်ခံအားစနစ်တွေကို မြန်မြန်ဆန်ဆန် ကာကွယ်နိုင်ရမယ်၊ မြန်မြန်ဆန်ဆန် ကာကွယ်ပြီး စီးပွားရေး အသိုင်းအဝိုင်း နှင့် စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ပြန်လည် ထူထောင်မယ်။ ဒါကြောင့် ပြည်သူ့ နဲ့ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုသည် ကပ်ရောဂါဖြစ်ပွားမှု တိုက်ဖျက်ရေးအတွက် အကြီးမားဆုံး တိုက်ပွဲဖြစ်တယ် လို့ “ ပြောကြားခဲ့ပါတယ်။

Read 156 times