ထိုင်းမှာ Grab ကို AirAsia က ယှဉ်ပြိုင်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ထိုင်းနိုင်ငံ တက္ကဆီ ငှားရမ်းအက်ပ်ကဏ္ဍကို Grab က ကြီးစိုးထားပါတယ်။
Airasia ရဲ့ Super App မှာ အပိုင်းကဏ္ဍတစ်ခုအဖြစ် တက္ကဆီ ငှားရမ်းအက်ပ်ကဏ္ဍ ပါဝင်ပြီး ယခုအခါ ထိုင်းဈေးကွက်မှာ ဝေစုရဖို့ ကြိုးပမ်းနေပါတယ်။ ခရီးသည်များ အထူးသဖြင့် ခရီးသွားများကို ဆွဲဆောင်ရန် သက်သာသော အခကြေးငွေနှုန်းထားများ သတ်မှတ်ထားပြီး ယာဉ်မောင်းများကို ကော်မရှင် ၁၅% သတ်မှတ်ပြီး ဆွဲဆောင်နေပါတယ်။
တက္ကဆီငှားရမ်းခ ပြိုင်ဘက်ထက် ၁၅% ခန့် သက်သာပါတယ်။ အခုလို ဈေးလျှော့၊ ကော်မရှင် လျှော့ထားသော်လည်း တစ်နှစ်အတွင်း အမြတ်ရနိုင်တဲ့ အခြေအနေ ရရှိဖို့ မျှော်မှန်းထားပါတယ်။
.
Airasia Super App က မလေးရှားနိုင်ငံ အခြေစိုက် Capital A, ( ယခင် AirAsia Group) ရဲ့ ဒစ်ဂျစ်တယ်လက်တံ ဖြစ်တဲ့ airasia Digital မှာ ပါဝင်တဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။
AirAsia က လေယာဉ်လက်မှတ်ခ ဈေးချိုတဲ့ ဘတ်ဂျက်လေကြောင်းလိုင်းအဖြစ် လုပ်ကိုင်ခဲ့ရာမှ ကိုဗစ်ကာလ လေယာဉ်ပြေးဆွဲခြင်းများ ရပ်နားထားရချိန် အစားအစာ အိမ်တိုင်ရာရောက် ပေးပို့တဲ့လုပ်ငန်းကဏ္ဍကို စတင်လုပ်ကိုင်ခဲ့ပါတယ်။ ထို့နောက် ဆက်လက်ချဲ့ထွင်ခက်ဖြာခဲ့ရာ တက္ကဆီ ငှားရမ်းအက်ပ်ကဏ္ဍကိုပါ လုပ်ကိုင်ပါတယ်။
.
ယခုအခါ airasia ride မှာ စာရင်းပေးသွင်းထားတဲ့ ယာဉ်မောင်းဦးရေ ၅၃,၀၀၀ ရှိလာပြီဖြစ်ပြီး အက်ပ်ဖြင့် ငှားစီးကြိမ်ရေ ၂ သန်းကျော်သွားပြီ ဖြစ်ပါတယ်။ ဘန်ကောက်က airasia ride အက်ပ်အတွက် အကြီးမားဆုံး ဈေးကွက် ဖြစ်ပါတယ်။
.
airasia Super App ၏ ပို့ဆောင်ရေးအဖွဲ့ အကြီးအကဲ Lim Ben-Jie က "အသုံးပြုသူအများစုဟာ ခရီးသွားများဖြစ်ကြပြီး တစ်ဦးစီသည် တစ်နေ့လျှင် ၅ ကြိမ် ၆ ကြိမ်အထိ ငှားစီးကြတယ်။ နောက်ထပ် သွားမယ့်နေရာတွေအတွက် အက်ပ်မှတစ်ဆင့် ကြိုတင်စာရင်းသွင်းထားလို့ရတယ်" လို့ ပြောကြားပါတယ်။
ထိုင်းဈေးကွက်ရဲ့ ဘန်ကောက်မြို့တော်မှာ airasia တက္ကဆီ ငှားရမ်းအက်ပ်ကို ၂၀၂၂ မေလမှာ စတင်ခဲ့ပါတယ်။ တက္ကဆီကုမ္ပဏီမှ တက္ကဆီများဖြင့် ဝန်ဆောင်မှု စတင်ခဲ့ပါတယ်။ ယခုအခါ ကိုယ်ပိုင်တဲ့ကားဖြင့် ကိုယ်တိုင်တက္ကဆီမောင်းတဲ့ ယာဉ်မောင်းများလည်း ပါဝင်လာပါတယ်။
နောက်နှစ်မှာ အခြားမြို့များမှာလည်း ဝန်ဆောင်မှု ပေးအပ်ဖို့ အစီအစဉ်ရှိကြောင်း Mr Lim က ပြောကြားပါတယ်။
"လက်ရှိဈေးကွက်ကို ကစားသမားတစ်ဦးတည်းက လွှမ်းမိုးထားပါတယ်။ အငှားယာဉ် ငှားရမ်းပေးတဲ့ ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍမှာ ထိပ်တန်းအော်ပရေတာနှစ်ခုတွင် ကျွန်တော်တို့က တစ်ခုအပါအဝင် အဖြစ်သို့ အမြန်ဆုံး ရောက်ရှိရန် ဖြစ်ပါတယ်" ဟု Lim က ပြောကြားပါတယ်။
..
airasia Super App Thailand ရဲ့ အကြီးအကဲ Nattinee Tawanchulee က airasia Super App ပလက်ဖောင်းရဲ့ မဟာဗျူဟာက ခရီးသည်ရဲ့ ခရီးစဉ်တစ်လျှောက် "လေယာဉ်မှသည် မြေပြင်အထိတိုင်" ဝန်ဆောင်မှု ပေးအပ်ရန်ဖြစ်ကြောင်း ပြောကြားပါတယ်။
.
"ခရီးသွားများအား လေယာဉ်လက်မှတ် ကြိုတင်ဝယ်ယူခြင်း၊ ဟိုတယ်အခန်း ကြိုတင်ငှားရမ်းခြင်း၊ တက္ကဆီ ကြိုတင်ငှားရမ်းစီစဉ်ခြင်း အကုန်လုံး လုပ်ပေးနိုင်တဲ့ အက်ပ်ဆိုလို့ ကျွန်မတို့ရဲ့ အက်ပ်တစ်ခုတည်းပဲ ရှိပါတယ်" ဟု သူမက ပြောကြားသည်။
ခရီးသည်က တက္ကဆီငှားရမ်းတဲ့အခါ ယာဉ်မောင်း ၃ မျိုး ရွေးချယ်နိုင်အောင် စီစဉ်ထားကြောင်း သူမက ပြောကြားပါတယ်။
အမျိုးသမီးယာဉ်မောင်း၊ နှုတ်ဆိတ်ယာဉ်မောင်း၊ အင်္ဂလိပ်စကားပြော ယာဉ်မောင်း သုံးမျိုးသုံးစား စီစဉ်ထားပါတယ်။
airasia တက္ကဆီငှားရမ်း ဝန်ဆောင်မှုမှာ စာရင်းပေးသွင်း ပါဝင်တဲ့ ယာဉ်မောင်း အမျိုးအစား ၃ မျိုး ထားရှိပါတယ်။
ပထမတစ်မျိုးက တက္ကဆီယာဉ်မောင်းများ ဖြစ်ပါတယ်။
ဒုတိယတစ်မျိုးက ကိုယ်ပိုင်တဲ့ကားဖြင့် မောင်းတဲ့ ယာဉ်မောင်းများ ဖြစ်ပါတယ်။
၎င်းအမျိုးအစား ၂ မျိုးမှ ယာဉ်မောင်းများက ၎င်းတို့ရဲ့ အလုပ်ချိန်ကို စိတ်ကြိုက်သတ်မှတ်နိုင်ပြီး ဝင်ငွေ ဘယ်ရွေ့ဘယ်မျှ ရရှိဖို့ အာမခံချက် မပေးထားပါ။
တတိယတစ်မျိုးက "Private Plus" အစီအစဉ်မှာ ပါဝင်တဲ့ ယာဉ်မောင်းများ ဖြစ်ပါတယ်။ သီတင်းပတ် တစ်ပတ်ကို ဘတ် ၈,၅၀၀ ကိုလအခြေခံဝင်ငွေအဖြစ် ရရှိဖို့ အာမခံပါတယ်။ သို့မဟုတ် တစ်လ ဘတ် ၅၀,၀၀၀ ဝင်ငွေ ရရှိဖို့ အာမခံချက် ပေးထားပါတယ်။
၎င်းတို့က တစ်ပတ်မှာ ၆ ရက် မောင်းပေးဖို့ တာဝန်ရှိပါတယ်။ တစ်ရက်မှာ အနည်းဆုံး ၈ နာရီ မောင်းပေးရပါတယ်။ ချပေးတဲ့ ခရီးစဉ်များရဲ့ ၉၀% ကို အနည်းဆုံးအနေဖြင့် ပြီးမြောက်ဖို့လည်း လိုအပ်ပါတယ်။
Source Bangkokpost
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U