ရန်ကုန်တိုင်းအတွင်း မောင်းနှင်သွားလာနေသော ၂ တန်နှင့်အထက် (က) လုပ်ငန်းလိုင်စင် ပြုလုပ်မည့် ယာဉ်များအားလုံးကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က GPS စနစ်၊ အလုံးစုံအာမခံ မဖြစ်မနေလုပ်ဆောင်တပ်ဆင်ထားရန်ညွှန်ကြားထားကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။
၂ တန်နှင့်အထက်ယာဉ်များကို GPS စနစ်များနှင့် အလုံးစုံအာမခံ လုပ်ဆောင်တပ်ဆင်ထားရှိမှ လုပ်ငန်းလိုင်စင်ပြုလုပ်ပေးသွားမည်ဖြစ်ရာ ယာဉ်မှတ်ပုံတင်ပြုလုပ်ပေးခြင်း၊ ယာဉ်သက်တမ်းတိုးလုပ်ငန်းများ လာရောက်ဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် မော်တော်ယာဉ် အလုံးစုံအာမခံနှင့် GPS စနစ်များ လုပ်ဆောင်တပ်ဆင်ထားရန် လိုအပ်မည်ဖြစ်ကြောင်း သိရပါတယ်။
"ရန်ကုန်တိုင်းမှာ ၂ တန်နဲ့ အထက် (က) လုပ်ငန်းလိုင်စင် ပြုလုပ်တဲ့ ကားတွေအားလုံး အလုံးစုံအာမခံ နဲ့ GPS စနစ် မဖြစ်မနေ လုပ်ဆောင်တပ်ဆင်ထားဖို့ သတ်မှတ်ထားပါတယ်။ ရန်ကုန်တိုင်းအစိုးရကလည်း ညွှန်ကြားထားပြီးသားပါ။ ဒါတွေပါမှ ယာဉ်စစ်တာလုပ်ပြီး လုပ်ငန်းလိုင်စင်လုပ်လို့ရမှာပါ" ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားချက်အရ သိခဲ့ရပါတယ်။
လုပ်ငန်းသုံး ၂ တန်နှင့်အထက် မော်တော်ယာဉ်များ (က) လုပ်ငန်းလိုင်စင် လုပ်ဆောင်မည့်ကားများကို အလုံးစုံအာမခံလုပ်ဆောင်ခြင်းနှင့် GPS စနစ်များတပ်ဆင်ခြင်းတို့ကို မိမိတို့အစီအစဉ်ဖြင့်လုပ်ဆောင်နိုင်ရာ သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်မောင်းနှင်သောယာဉ်များကို GPS စနစ်မှတဆင့် ထိန်းချုပ်မှုများလုပ်ဆောင်သွားမည် ဖြစ်သည်ဟုလည်းသိရပါတယ်။
Source;Carsdb