ဆီတင်ယာဉ်များ GPS တပ်ဆင်ရေးနှင့် စပ်လျဉ်း၍ ကြေညာချက်ထုတ်ပြန်
ရေယာဉ်ဆီတွဲများနှင့် ဆီတင်ယာဉ်များတွင် GPS များ အမြန်ဆုံးတပ်ဆင်ရေး နှင့် တပ်ဆင်ပြီးပါက GPS နှင့် သက်ဆိုင်သည့် အချက်အလက်များ စုစည်းပေးပို့ တင်ပြရေးကိစ္စနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း Myanmar Petroleum Trade Association MPTA မှ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၊ ၂၀ ရက် ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ထားသည်ကို ဖော်ပြအပ်ပါသည်။
အကြောင်းအရာ။ ။ ရေယာဉ်ဆီတွဲများနှင့် ဆီတင်ယာဉ်များတွင် GPS များ အမြန်ဆုံးတပ်ဆင်ရေး နှင့် တပ်ဆင်ပြီးပါက GPS နှင့် သက်ဆိုင်သည့် အချက်အလက်များ စုစည်းပေးပို့ တင်ပြရေးကိစ္စ
၁။ အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ဆီတင်ရေယာဉ် ယာဉ်များဖြင့် စက်သုံးဆီများ ကို တစ်နေရာမှ တစ်နေရာသို့ သယ်ယူပို့ဆောင် လက်ခံ ဖြည်းတင်းမှုများ ဆောင်ရွက်ရာတွင် ဤဦးစီးဌာန အပါအဝင် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများမှ လိုအပ်သော စိစစ်ကြပ်မတ်မှုများ ဆောင်ရွက်နိုင်ရန်နှင့် ယာဉ်မတော်တဆမှု၊ ထူးခြားမှုများအား အချိန်နှင့် တပြေးညီသိရှိ စိစစ်ဆောင်ရွက် နိုင်ရန်အတွက် အဆိုပါဆီတင်ရေယာဉ်/ ယာဉ်များတွင် Global Positioning System (GPS) များ တပ်ဆင်ထားရှိရန်လိုအပ်ပါသည်။
၂။ သို့ဖြစ်ပါ၍ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီများ၊ သယ်ယူပို့ဆောင်သည့်ကုမ္ပဏီများအခြားပုဂ္ဂလိက လုပ်ငန်းရှင်များပိုင်ဆိုင်သည့် ရေယာဉ်ဆီတွဲများနှင့် ဆီတင်ယာဉ်များတွင် GPS တပ်ဆင်ထားပြီးဖြစ်ပါက GPS တပ်ဆင်ထားရှိမှု အချက်အလက်များကို ပူတွဲပါ ဇယားတွင် ဖြည့်စွက်ပြီး ၂၈.၇.၂၀၂၂ နောက်ဆုံးထား၍ ဤဦးစီးဌာန၏ [email protected] သို့ ပေးပို့ရန်ဖြစ်ပါသည်။ GPS မတပ်ဆင်ရသေးသည့် ဆီတင်ရေယာဉ်/ ယာဉ်များအနေဖြင့် နှစ်သက်ရာ GPS နှစ်သက်ရာ GPS တပ်ဆင်သည့် ကုမ္ပဏီများနှင့် ချိတ်ဆက်၍ ၅.၈.၂၀၂၂ ရက်နေ့ နောက်ဆုံးထား တပ်ဆင်စေရေး . သက်ဆိုင်ရာလုပ်ငန်းရှင်များသို့ ဆက်လက်အသိပေးအကြောင်းကြား ဆောင်ရွက်ရန် နှင့် တပ်ဆင်ပြီးပါက ပူးတွဲပါဇယားတွင် ဖြည့်စွက်၍ အထက်ဖော်ပြပါ Gmail Address သို့ မပျက်မကွက်ပေးပို့ တင်ပြရန်ဖြစ်ပါသည်။
၃။ ဆီတင်ရေယာဉ်/ယာဉ်များတွင် လုပ်ငန်းလိုင်စင်နှင့် ကြီးကြပ်လက်မှတ်မပါရှိခြင်း၊ GPS တပ်ဆင်ထားမှုမရှိခြင်းတို့ကို စိစစ်တွေ့ရှိပါက စက်သုံးဆီ သယ်ယူပို့ဆောင်သည့်လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ခွင့်ပြုမည် မဟုတ်ပါကြောင်း ရည်ညွှန်းပါစာဖြင့် အကြောင်းကြားလာပါသည်။
၄။ သို့ဖြင့်ပါ၍ သက်ဆိုင်ရာကုမ္ပဏီများအားလုံးမှ ရေယာဉ်ဆီတွဲများနှင့် ဆီတင်ယာဉ်များတွင် GPS များအမြန်ဆုံးတပ်ဆင်ရေးနှင့် တပ်ဆင်ပြီးပါက GPS နှင့်သက်ဆိုင်သည့် အချက်အလက်များ စုစည်းပေးပို့တင်ပြရေး ညှိနှိုင်းအကြောင်းကြားအပ်ပါသည်။
ဒေါက်တာဝင်းမြင့်
(အတွင်းရေးမှူး)
မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း
#MyanmarAutomobileGuide
Telegram Channel
https://t.me/Guid4U