၂၀၂၁ Google မှာ ရှာဖွေမှု အများဆုံး ကားကုမ္ပဏီ


၂၀၂၁ Google မှာ ရှာဖွေမှု အများဆုံး ကားကုမ္ပဏီ

၂၀၂၁ ခုနှစ်အတွင်း Google မှာ ရှာဖွေမှု အများဆုံး ကားကုမ္ပဏီမှာ Toyota ဖြစ်ပါသည်။
ယမန်နှစ်ကလည်း Toyota ကို Google မှာ အများဆုံး ရှာဖွေခဲ့သဖြင့် ၂ နစ်ဆက်တိုက် ဗိုလ်စွဲခြင်း ဖြစ်သည်။

Google Trends မှ အချက်အလက်များကို Compare the Market မှ စိစစ်ပြီး ပထမအဆင့်တွင် နိုင်ငံတစ်ခုချင်းစီ၏ အရှာအများဆုံး ကားကုမ္ပဏီများကို စာရင်းပြုစုသည်။

နောက်တစ်ဆင့်တွင် ကားကုမ္ပဏီ တစ်ခုချင်းစီအတွက် အရှာအများဆုံးနိုင်ငံ အရေအတွက်ကို စာရင်းပြုစုသည်။

ထိုစာရင်းတွင် နိုင်ငံအရေအတွက် အများဆုံးမှ အနည်းဆုံးသို့ နံပါတ်စဉ် ထိုးပေးပြီး ရှာဖွေမှု အများဆုံး ကားကုမ္ပဏီကို ထုတ်ပြန်ပေးသည်။

Compare the Market မှ စိစစ်ပြီး အဖြေထုတ်ပေးချက်များအရ Toyota သည် ၂၀၁၈၊ ၂၀၂၀၊ ၂၀၂၁ တို့တွင် ပထမနေရာကို ရရှိခဲ့သည်။

၂၀၂၁ ခုနှစ်အတွင်း နိုင်ငံပေါင်း ၁၅၄ နိုင်ငံအနက် မြန်မာနိုင်ငံ အပါအဝင် ၄၇ နိုင်ငံတို့တွင် Toyota ကို အရှာအများဆုံး ဖြစ်ခဲ့ပါသည်။

BMW သည် ဒုတိယနေရာတွင် ရှိနေသည်။ 

Compare the Market က ၂၀၁၈ ခုနှစ်မှစ၍ ထိပ်ဆုံးမှာ ရောက်နေသည့် မော်တော်ယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီများကို လေ့လာစောင့်ကြည့်ခဲ့ရာ BMW သည် ၂၀၁၉ တွင် အရှာအများဆုံး ပထမနေရာကို ရောက်ရှိခဲ့ပြီး နိုင်ငံပေါင်း ၁၁၈ နိုင်ငံတွင် ရှာဖွေမှု အများဆုံး ဖြစ်ခဲ့သည်။

 Mercedes သည် တတိယနေရာတွင် ရှိနေသည်။ BMW ထက် ၆ နိုင်ငံနည်းသည်။ ၂၀၂၈ မှစ၍ ယခုနှစ်အထိ တတိယနေရာမှာ ဆက်ရှိနေသည်။

Audi သည် ယခင် နံပါတ်(၆) ဖြစ်ပြီးယခု နံပါတ်(၄) သို့ တက်လာသည်။ ၂၀၂၀ တွင် Audi ကို အရှာအများဆုံးဖြစ်သည့်နိုင်ငံ ၅ နိုင်ငံရှိခဲ့ပြီး ၂၀၂၁ တွင် ၁၁ နိုင်ငံ ဖြစ်လာသည်။

 
Compare the Market က ၂၀၂၁ ခုနှစ်မှစ၍ Tesla ကို စာရင်းတွင် ထည့်သွင်းခဲ့သည်။
တရုတ်၊ ဟောင်ကောင်၊ အစ္စရေး၊ မာကာအို၊ စင်ကာပူ ၅ နိုင်ငံတို့တွင် ရှာဖွေမှု အများဆုံး ဖြစ်ခဲ့ပါသည်။ နောက်ထပ် ၂၄ နိုင်ငံတို့တွင် ထိပ်ဆုံး ၃ ခုတွင် ပါဝင်သည်။

 

 

Read 754 times