ထိုင်း Google Maps တွင် အားသွင်းရုံများ  စတင်ဖော်ပြ


ထိုင်း Google Maps တွင် အားသွင်းရုံများ  စတင်ဖော်ပြ

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U


ထိုင်းနိုင်ငံ‌ေမြပုံ အတွက် Google Maps တွင် လုပ်ဆောင်ချက်အသစ်တစ်ခု ဖြည့်ထည့်လိုက်ပါတယ်။ အီးဗီအားသွင်းရုံများရဲ့ တည်နေရာများကို အလွယ်တကူ ရှာဖွေနိုင်တဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။ 
ကားမောင်းသူများက အက်ပ်ကို ဖွင့်ပြီး အီးဗီ အားသွင်းစခန်းများကို ရှာဖွေရန် အနီးနားရှိ အားသွင်းရုံများကို မြေပုံမှာ စာရင်းနှင့်တကွ စုစည်း ဖော်ပြပေးထားပါတယ်။ 

 More > Services > Electric vehicle charging အဆင့်ဆင့် ဝင်ပြီးတော့လည်း ရှာဖွေနိုင်ပါတယ်။

အားသွင်းစခန်း တည်နေရာ၊  ရရှိနိုင်သော အားသွင်းတိုင် အရေအတွက်နှင့် အားသွင်းသည့် အမျိုးအစားများကို ပြသပေးပါတယ်။
အမြန်အားသွင်း၊ ပုံမှန်အားသွင်း ကိုလည်း ဖော်ပြပေးပါတယ်။ 
Google Maps တွင် အားသွင်းရုံ ရှာဖွေတာ များလာခဲ့ပြီး ပြီးခဲ့တဲ့နှစ်မှာ ရှာဖွေကြိမ်ရေ ၃၅၀% တိုးလာခဲ့တဲ့အတွက် အားသွင်းရုံ အချက်အလက်များကို Google Maps တွင် စတင်ဖော်ပြပေးလိုက်ကြောင်း Google က ပြောကြားပါတယ်။
ယခုအခါ ထိုင်းနိုင်ငံတွင် EV အားသွင်းစခန်းပေါင်း ၁,၂၀၀ ကျော်ရှိနေပြီ ဖြစ်ပါတယ်။ အများစုက ဘန်ကောက်မြို့တော်မှာ ဖြစ်ပါတယ်။ 

အီးဗီအားသွင်းရုံ တည်နေရာ ရှာဖွေဖို့ လူသုံးများတဲ့ ဝဘ်ဆိုက်က PlugShare  ဖြစ်ပါတယ်။ 

 

အီးဗီအားသွင်းရုံ တည်နေရာ ရှာဖွေဖို့ လူသုံးများတဲ့ ဝဘ်ဆိုက် PlugShare ရဲ့ လင့်

https://www.plugshare.com/

ဖြစ်ပါတယ်။ ကမ္ဘာတစ်လွှားမှာ ရှိနေတဲ့ အားသွင်းရုံတွေကို ရှာဖွေနိုင်ပါတယ်။
Source huahintoday
TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U

Read 387 times