လျှပ်စစ်ကား တာယာ အစားမြန်သည့်ပြဿနာ Goodyear ဖြေရှင်း


လျှပ်စစ်ကား တာယာ အစားမြန်သည့်ပြဿနာ Goodyear ဖြေရှင်း

Source bangkokpost 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 


လျှပ်စစ်ကားများသည် အလေးချိန်ပိုများသဖြင့် တာယာအစားမြန်သည်။ သို့ဖြစ်ရာ အီးဗီပိုင်ရှင်အဖို့ ကုန်ကျစရိတ် တမျိုးတိုးနေစေသည်။

 
အမေရိကန် တာယာလုပ်ငန်း Goodyear က သမားရိုးကျ တာယာနှင့် မတူဘဲ အီးဗီများအတွက် အထူးရည်ရွယ်ထားသည့် တာယာများကို ထုတ်လုပ်သည်။ 

အီးဗီတွင် အလေးချိန်စီးသည့် ဘက်ထရီထုပ် ပါနေသဖြင့် အင်ဂျင်ကားများထက် အလေးချိန် သိသိသာသာ ပိုများသည်။ သို့ဖြစ်ရာ တာယာအစားမြန်သည်။ Goodyear က ElectricDrive 2 ဟု အမည်ပေးထားသော အီးဗီတာယာ အမျိုးအမည်အသစ်ကို ထုတ်လုပ်သည်။ 
ပုံမှန် အီးဗီတာယာများသည် ကီလိုမီတာ ၄၈,၀၀၀ မှ ၆၄,၀၀၀ အထိ ဘီးလှိမ့်ပြီးလျှင် ပန်းကုန်သဖြင့် အသစ်လဲလှယ်ရသည်။ 
 ElectricDrive 2 ကို အီးဗီမှာ အသုံးပြုသည့်အခါ ကီလိုမီတာ ၁ သိန်း ( ၆၂,၀၀၀ မိုင်) အာမခံချက် ပေးသည်။ 
Goodyear သည် ၂၀၂၃ ခုနှစ် ဇွန်လတွင် လျှပ်စစ်ဘတ်စ်ကားများအတွက် Urban Max BSA အမည်ဖြင့် တာယာများ ထုတ်လုပ်ရောင်းချခဲ့သည်။ 
Goodyear Tire & Rubber Co မှ အသစ်ထုတ်သော ElectricDrive 2 တာယာများကို မေလတွင် အမေရိကန်မှာ စတင်ရောင်းချမည်။ ယခုအခါ ဈေးနှုန်းကို မကြေညာသေးပါ။ 

ElectricDrive 2 စီးရီးကို အရွယ်အစား ၁၇ မျိုးဖြင့် ထုတ်လုပ်သည်။ အမေရိကန် အီးဗီများ ဖြစ်သည့် Tesla Model Y, Ford Mustang Mach-E, Chevy Bolt တို့တွင် အသုံးပြုနိုင်မည့် အရွယ်အစား ပါဝင်သည်။

Source bangkokpost 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 256 times