အိန္ဒိယက လျှပ်စစ်ဘတ်ထရီ ဝန်ဆောင်မှုစနစ်အတွက် ထိုင်ဝမ်မှ Gogoro နှင့် ပူးပေါင်း


ပြည်နယ်အတွင်းမှာ လျှပ်စစ်ယာဥ်ဘတ်ထရီ လဲလှယ်ဖို့နဲ့ ဘတ်ထရီအားသွင်းဖို့ ဝန်ဆောင်မှုပေးတဲ့ နေရာတွေ တည်ဆောက်ဖို့အတွက် မဟာရက်ရှထရာပြည်နယ် အစိုးရက ထိုင်ဝမ်အခြေစိုက် Gogoro ကုမ္ပဏီအပါအဝင် ပြည်တွင်းက ကားစနစ်တင်သွင်းသူတွေနဲ့ ဒေါ်လာ ၂.၅ ဘီလီယံဖြင့် ပူးပေါင်းဆောင်ရွက်မယ့်အကြောင်းကို သက်ဆိုင်ရာဌာနက ပြီးခဲ့တဲ့ အင်္ဂါနေ့ ( ဇန်နဝါရီ ၁၇ ရက်၊ ၂၀၂၃ ခုနှစ် ) က ပြောကြားခဲ့ပါတယ်။

အိန္ဒိယကုမ္ပဏီတစ်ခုဖြစ်တဲ့ Belrise စက်မှုလုပ်ငန်းနဲ့ Gogoro ကုမ္ပဏီတို့ဟာ မဟာရက်ရှထရာပြည်နယ် အစိုးရနဲ့  ပူပေါင်းပြီး အဲ့ဒီလုပ်ငန်းအပေါ်မှာ (၈) နှစ်ကျော်ကြာ အကျိုးတူ ရင်းနှီးမြှုပ်နှံကြမှာ ဖြစ်တယ်လို့ ပြောပါတယ်။

အမေရိကန်  ရှယ်ယာစာရင်းများအရ ထိုင်ဝမ်က လျှပ်စစ်ဘတ်ထရီတွေအတွက် ဝန်ဆောင်ပေးတဲ့ လုပ်ငန်းတွေဟာ ရှယ်ယာ (၃) ရာခိုင်နှုန်းအထိ မြင့်တက်သွားတယ်လို့ ဆိုပါတယ်။

Source - https://www.gogoro.com/

အိန္ဒိယဟာ သူ့ရဲ့ အဓိက မြို့ကြီးတွေမှာ လေထုညစ်ညမ်းစေတဲ့ ဓာတ်ငွေ့တွေကို ထုတ်လွှတ်နေတဲ့ လုပ်ငန်းတွေ ယာဥ်တွေကို လျော့ချလိုတဲ့အပြင် ပြည်တွင်းကို ဆီတင်ပို့မှုကိုလည်း လျှော့ချချင်နေတဲ့ အတွက်ကြောင့် အခုလို စီစဥ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အိန္ဒိယဟာ လျှပ်စစ်ယာဥ် ထုတ်လုပ်ရေးလုပ်ငန်းတွေကို တိုးချဲ့ချင်နေပြီး လျှပ်စစ်ယာဥ်နဲ့ ဆက်စပ်ပစ္စည်း ထုတ်လုပ်သူများကိုလည်း ပြည်တွင်းမှာ ထုတ်လုပ်နိုင်ဖို့ ဖိတ်ခေါ်နေတယ်လို့ သိရပါတယ်။

အိန္ဒိယဟာ ၂၀၃၀ ခုနှစ်မှာ ပြည်တွင်းမှာ လျှပ်စစ်ယာဥ်တွေကို ဈေးကွက်အတွင်းမှာ (၃၀) ရာခိုင်နှုန်းအထိ ရောက်ရှိလာဖို့ရည်ရွယ်ထားပေမဲ့ လက်ရှိမှာ လျှပ်စစ်ယာဥ်ရောင်းရတဲ့ ရာခိုင်နှုန်းက ၂၀၂၃ အထိ (၁) ရာခိုင်နှုန်းလောက်ပဲ ရှိနေပါသေးတယ်။

 

Asia Pacific Inspection Agency

မဟာရက်ရှထရာရဲ့ ဒုပြည်နယ်ဝန်ကြီးချုပ် Devendra Fadnavis က အခုလိုမိတ်ဖက်အနေနဲ့ ပူးပေါင်းမှုဟာ ကမ္ဘာ့အကြီးဆုံး ခေတ်မှီစွမ်းအင်နဲ့ တည်ဆောက်ထားတဲ့ အခြေခံအဆောက်အအုံတစ်ခုကို ချပြပေးနိုင်မှာ ဖြစ်တဲ့အကြောင်းနဲ့ လောင်စာဆီ အသုံးပြုနေရတဲ့ အခြေအနေကို ကျော်လွန်ပြီး စွမ်းအင်အသစ်အတွက် လမ်းဖွင့်ပေးနိုင်မှာ ဖြစ်တဲ့အကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။

မဟာရက်ရှထရာပြည်နယ်က အိန္ဒိယနိုင်ငံရဲ့ စက်မှုလုပ်ငန်းတွေ အများဆုံးတည်ရှိနေတဲ့ ပြည်နယ်ဖြစ်ပြီး ပြည်နယ်ရဲ့ မြို့တော် မွမ်ဘိုင်းကလည်း အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးမြို့တော် ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံဟာ ဆိုင်ကယ်အသုံးပြုမှု အများဆုံးနိုင်ငံများတွင် နံပါတ် (၆) နေရာမှာ ရှိနေပြီး ၂၀၂၂ ခုနှစ်အတွက်လည်း ကမ္ဘာ့မော်တော်ကားဈေးကွက်မှာ နံပါတ် (၃) နေရာမှာ ရောက်ရှိနေပါတယ်။

၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှာလည်း Gogoro က အိန္ဒိယနိုင်ငံရဲ့ နာမည်ကြီး လျှပ်စစ်ယာဥ်ဝန်ဆောင်မှုပေးနေတဲ့ Zypp Electric နဲ့ ပူပေါင်းမှုကို ကြေညာခဲ့ပါသေးတယ်။

Source - Times of India

Gogoro Inc. အကြောင်း

==================

Gogoro ကုမ္ပဏီက ထိုင်ဝမ်အခြေဆိုက် ကုမ္ပဏီတစ်ခုဖြစ်ပြီး လျှပ်စစ်ဆိုင်ကယ်တွေကို အဓိကထား ထုတ်လုပ်နေတဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ ဘတ်ထရီကို အလျင်အမြန် လဲလှယ်နိုင်ပြီး အားသွင်းဖို့ အချိန်စောင့်စရာမလိုတဲ့ Station တွေနဲ့ လည်ပတ်နေအောင် စနစ်တွေ နေရာတွေ ပြုလုပ်ပေးပြီး မြန်မြန်ဆန်ဆန်နဲ့ သက်သောင့်သက်သာရှိဖို့ ဆောင်ရွက်ပေးနေတဲ့ ကုမ္ပဏီပါ။

အဲ့ဒီဘတ်ထရီ လဲလှယ်အသုံးပြုတဲ့ စနစ်တွေကို ထိုင်ဝမ်တွင်သာမကပဲ အင်ဒိုနီးရှားနိုင်ငံမှာပါ ဆောင်ရွက်ပေးနေရပြီး ထိုင်ဝမ်နိုင်ငံအတွင်းက လျှပ်စစ်ဆိုင်ကယ်ဈေးကွက်မှာ နံပါတ် (၁) နေရာ ရောက်ရှိနေတဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။

Read 327 times