အမေရိကန်ဈေးကွက်မှာ GM သရဖူ ပြန်ရ


အမေရိကန်ဈေးကွက်မှာ GM သရဖူ ပြန်ရ

 

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U


တနင်္လာနေ့(အောက်တိုဘာ ၃)တွင် ထုတ်ပြန်ခဲ့တဲ့ ကိန်းဂဏန်းအချက်အလက်များအရ ၂၀၂၂  တတိယသုံးလပတ်တွင် အမေရိကန်ကားအသစ်ဈေးကွက်မှာ General Motors ကုမ္ပဏီ ရောင်းအားက ကားစီးရေအရ အ‌ရောင်းရဆုံး ပထမနေရာမှာ ရောက်ရှိနေတဲ့ ဂျပန်မော်တော်ကားထုတ်လုပ်ရေးလုပ်ငန်း Toyota Motor Corp ထက် သာလွန်ကြောင်း  ဖော်ပြခဲ့ပါတယ်။


လေ့လာဆန်းစစ်သူတွေက စီးပွားရေး အုံ့ဆိုင်းနေတာကြောင့် ကားအသစ်ရောင်းအား ကျဆင်းနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာတော့ ကိုဗစ် ကူးစက်ရောဂါကြောင့် ကိုယ်ပိုင်ကားဖြင့် သွားလာလိုသူ များပြားနေတာကြောင့် ဝယ်လိုအား မြင့်တက်နေဆဲ ဖြစ်ပါတယ်။ ဈေးပိုပေးပြီး ဝယ်ဖို့လည်း ဝန်မလေးကျတာကြောင့် ကားကုမ္ပဏီများ၊ အရောင်းကိုယ်စားလှယ်များက ပေးနေကျ လျှော့ဈေးနှင့် လက်ဆောင် အစီအစဉ်များ ရုပ်သိမ်းထားပြီး အမြတ်ပိုရယူနေကြပါတယ်။


Wards Intelligence ဒေတာအရ နှစ်စမှ စက်တင်ဘာလ လကုန်အထိ ရောင်းအားမှာ စီးရေ ၁၃.၄၉ သန်းဖြစ်ပြီး စက်တင်ဘာလတွင် အမေရိကန်ဈေးကွက်မှာ  မော်တော်ယဉ်သစ် အစီးရေ ၁.၁၁ သန်း ရောင်းချခဲ့ပါတယ်။
.
စက်တင်ဘာလ လကုန်မှာ ပြီးဆုံးတဲ့ ၃ လပတ်မှာ မော်တော်ယာဉ် စီးရေ ၅၅၅,၅၈၀ ရောင်းချခဲ့ကြောင်း GM က ပြောကြားပါတယ်။ Toyota က စီးရေ ၅၂၆,၀၁၇ ရောင်းချခဲ့ပါတယ်။


 


GM က Toyota ထက် စီးရေ ၈၀,၀၀၀ ဝန်းကျင် ပိုမိုရောင်းချခဲ့ပါတယ်။ 
.
ယမန်နှစ် ၂၀၂၁ မှာ ကားအရောင်းရဆုံး သရဖူကို GM ထံမှ Toyota ရယူခဲ့ပါတယ်။ GM ထက် စီးရေ ၁၁၀,၀၀၀ ခန့် Toyota က ပိုမိုရောင်းချခဲ့ပြီး သရဖူကို ရယူခဲ့တာဖြစ်ပြီး ၁၉၃၁ ခုနှစ်ကတည်းက GM နှစ်စဉ်နှစ်တိုင်း ဆက်တိုက်ဆောင်းလာခဲ့တဲ့ သရဖူကို နှစ်ပေါင်း ၉၀အကြာမှာ Toyota က ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 
Toyota Motor ရဲ့ ဉက္ကဋ္ဌ Akio Toyoda က သတင်းကောင်းကို ကြားသိရတဲ့အခါ ပျော်လို့ သူ့ရုံးခန်းမှာ ထ ကခဲ့ကြောင်း ပြီးခဲ့တဲ့အပတ်က အရောင်းကိုယ်စားလှယ်များကို သူက ပြောကြားခဲ့ပါတယ်။ 
.

.
GM ရဲ့အီးဗီ Chevrolet Bolt မော်ဒယ်များ ဝယ်လိုအား မြင့်တက်နေလို့ စီးရေ တိုးမြှင့် ထုတ်လုပ်နိုင်ဖို့ လုပ်ဆောင်နေကြောင်း GM က ပြောကြားပါတယ်။ 
Source Reuters
#MyanmarAutomobileGuide 

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U

 

အဖွားရဲ့ ကလေးတွေပေါ့ သားရဲ့

 

MAG

 

 

 

Read 268 times