အီးဗီထုတ်လုပ်မှု တိုးမြှင့်ရေး အစီအစဉ် GM, Ford ,Tesla ဆိုင်းငံ့


အီးဗီထုတ်လုပ်မှု တိုးမြှင့်ရေး အစီအစဉ် GM, Ford ,Tesla ဆိုင်းငံ့

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


General Motors နှင့် Ford တို့က အီးဗီ ထုတ်လုပ်မှုစွမ်းရည်ကို တိုးချဲ့ခြင်းအတွက် ဆိုင်းငံ့ထားကြသည့်အထဲ Tesla လည်း ပါဝင်လာသည်။
 စီးပွားရေး မသေချာ မရေရာမှုများနှင့် ဝယ်လိုအား နှေးနေခြင်းတို့ကြောင့် အီးဗီ တိုးမြှင့်ထုတ်လုပ်ရေး အစီအစဉ်များကို သတိထားပြီး လုပ်ဆောင်သွားမည်ဟု တက်စလာက ပြောကြားသည်။


တက်စလာ စီအီးအို အီလွန်မတ်စ်က ကားဝယ်ရန် ဈေးငွေအတွက် အတိုးနှုန်းများ မြင့်မားနေသဖြင့် တက်စလာ အီးဗီးများအတွက် ဈေးနှုန်းများကို သိသိသာသာ လျှော့ချပေးထားသော်ငြားလည်း ချေးငွေကုန်ကျစရိတ်များကြောင့် အီးဗီဝယ်ဖို့ စိတ်ကူးထားသူများ အကောင်အထည် ဖော်နိုင်ကြမည်မဟုတ်ဟု ပြောကြားသည်။
အီးဗီအသစ် ဝယ်စီးဖို့ ငွေကြေး လက်လှမ်းမမီ ဖြစ်နေကြရသည်ဟု ၎င်းက ပြောကြားသည်။

 မက္ကဆီကိုတွင် စီစဉ်ထားသော စက်ရုံကို တိုးချဲ့ခြင်း မပြုသေးဘဲ  စီးပွားရေး ကြည်ကြည်လင်လင် ဖြစ်လာသည်အထိ သူ စောင့်ဆိုင်းမည်ဟု ပြောကြားသည်။ 

"လူတွေက စီးပွားရေးမှာ မသေချာရင် မရေမရာ ဖြစ်နေရင် ကားအသစ်ဝယ်ဖို့ တွန့်ဆုတ်နေကြတယ်" ဟု မတ်စ်က ပြောကြားသည်။

GM မှ အမေရိကန်တွင် အီးဗီဝယ်လိုအား သိသိသာသာ မြင့်တက်လာခြင်း မရှိသဖြင့်  မီရှီဂန်ရှိ စက်ရုံတွင် Chevrolet Silverado နှင့် GMC Sierra လျှပ်စစ် ပစ်ကပ်ထရပ်ကားများ ထုတ်လုပ်မှုကို တစ်နှစ် နှောင့်နှေးထားမည်ဟု ပြောကြားခဲ့သည်။

 Ford သည် ဇူလိုင်လတွင် အီးဗီ တိုးမြှင့် ထုတ်လုပ်ရေး အစီအစဉ်ကို နှေးထားလိုက်ပြီး အီးဗီအတွက် လျာထသည့် ရင်းနှီးမြှုပ်နှံမှုများကို လုပ်ငန်းသုံး ယာဉ်များနှင့် ဟိုက်ဘရစ်ကားများအတွက် စတင်သုံးစွဲခဲ့သည်။
၎င်း၏ လျှပ်စစ် F-150 Lightning ပစ်ကပ်ထရပ်ကားကို ထုတ်လုပ်သည့် စက်ရုံတွင် အဆိုင်းသုံးဆိုင်းအနက်မှ တစ်ဆိုင်းကို ယာယီလျှော့ချထားပြီး နှစ်ဆိုင်းဖြင့် ထုတ်လုပ်မည်ဟု ဆိုသည်။
 

အီးဗီ လုပ်ငန်းသစ်များ ဖြစ်ကြသည့် Lucid  နှင့် Rivian တို့က ထုတ်လုပ်မှု လျှော့ချမည်ဟု ကြေညာခဲ့ကြသည်။

Lucid မှ  ထုတ်လုပ်သည့် Air တန်းမြင့် ဆီဒင် အီးဗီကို ဈေးလျှော့ပေးထားသော်လည်း ရောင်းအား မြင့်တက်မလာသဖြင့် ထုတ်လုပ်မှု ၃၀% နီးပါး လျှော့ချထားသည်။
Rivian သည် လျှပ်စစ်ပစ်ကပ်ထရပ်ကားများနှင့် sport utility vehicle SUV များကို ထုတ်လုပ်လျက် ရှိရာ၌ တစ်နှစ်တာ ထုတ်လုပ်မည့် ပမာဏ တိုးမြှင့်ရန် အစီအစဉ် မရှိကြောင်း ကြေညာခဲ့သည်။
လာမည့် ကာလတိုအတွင်း အီးဗီ ဝယ်လိုအား လျော့ကျနိုင်ဖွယ် ရှိသည်ဟု ပြောကြားခဲ့သည်။

ငွေဖောင်းပွမှု မြင်မားနေသည်ကို တိုက်ဖျက်ရန် အမေရိကန် ဗဟိုဘဏ်က အတိုးနှုန်းများ မြင့်မားထားသဖြင့် ကားဝယ်ရန် ချေးငွေအတိုးနှုန်းများ မြင့်မားနေသည့်အတွက် အီးဗီကို ဈေးချရောင်းပေးနေသော်လည်း မဝယ်နိုင်ကြဟု မတ်စ်က ပြောကြားသည်။

“အတိုးနှုန်းတွေ မြင့်နေရင်တော့ ကားဝယ်ဖို့ လူတွေအခက်တွေ့နေကြတယ်။ သူတို့ မတတ်နိုင်ဘူး" ဟု မတ်စ်က ပြောကြားသည်။
"အတိုးနှုန်းကျလာရင်တော့ မက္ကဆီကို စက်ရုံတိုးချဲ့မှုကို အရှိန်မြှင့်မယ်" ဟု မတ်စ်က ပြောကြားသည်။

အမေရိကန်တွင် အတိုးနှုန်း ကျဆင်းရန် ၂၀၂၄ ခုနှစ် ဇွန်လအထိ မဖြစ်နိုင်ဟု ခန့်မှန်းထားကြသည်။ 
Source Reuters 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 1751 times