ဒေါ်လာ ၂ သောင်းခွဲတန် အီးဗီများကို GigaBerlin, GigaTexas, GigaMexico တွင် ထုတ်လုပ်မည်ဟု အီလွန်မတ်စ်


ဒေါ်လာ ၂ သောင်းခွဲတန် အီးဗီများကို GigaBerlin, GigaTexas, GigaMexico တွင် ထုတ်လုပ်မည်ဟု အီလွန်မတ်စ် ကြေညာ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Tesla စီအီးအို Elon Musk သည် ဂျာမနီနိုင်ငံမှ တက်စလာကားစက်ရုံ Giga Berlin သို့ သွားရောက်ကြည့်ရှုခဲ့သည်။

Giga Berlin စက်ရုံ၏ ကွန်ကရိနံရံများ အားလုံးကို ပန်းချီရေးဆွဲပြီး အလှဆင်ရန်  အစီအစဉ်များအပြင် တက်စလာ တန်ဖိုးသင့် အီးဗီ ကန်ဒေါ်လာ ၂ သောင်းခွဲတန် အီးဗီကို Giga Berlin မှာ ထုတ်လုပ်ရန်  အစီအစဉ်ကိုလည်း အသိပေးခဲ့ပါသည်။

 

 

မတ်စ်သည် တက်စလာ ကားစက်ရုံများသို့ မကြာခဏ သွားရောက်‌ေလ့ရှိပြီး ထုတ်လုပ်မှုနှင့် လုပ်ငန်းလည်ပတ်မှု အခြေအနေများ တိုးတက်မှုကို စစ်ဆေးကြည့်ရှုလေ့ ရှိသည်။  ထုတ်လုပ်မှုဆိုင်ရာ တာဝန်ရှိသူများ အပါအဝင် လုပ်ငန်းအဖွဲ့၀င်များနှင့်လည်း တွေ့ဆုံပါသည်။

ဒေါ်လာ ၂ သောင်းခွဲတန် အီးဗီကို တက်စလာ ထုတ်လုပ်မည်ဟု လွန်ခဲ့သည့် နှစ်အနည်းငယ်က ကြေညာခဲ့ပါသည်။ ဒေါ်လာ ၃ သောင်းအောက် အီးဗီကိုသာ ဝယ်စီးလိုသူများ အများအပြား ရှိနေသဖြင့် ဒေါ်လာ ၂ သောင်းခွဲတန် အီးဗီ ထုတ်လုပ်ခြင်းဖြစ်ကြောင်း မတ်စ်က ရှင်းပြခဲ့ပါသည်။

ဒေါ်လာ ၂ သောင်းခွဲတန် အီးဗီကို အိန္ဒိယတွင် ထုတ်လုပ်မည်ဟု သတင်းထွက်ပေါ်ခဲ့ပါသည်။ ထို့နောက် တရုတ်နှင့် မက္ကဆီကိုတို့တွင် ထုတ်လုပ်မည်ဟု သတင်းထွက်ပေါ်ပါသည်။

ယခုအခါ ဉရောပ ဈေးကွက်အတွက် Giga Berlin မှာ ထုတ်လုပ်မည်။
အမေရိကန်ဈေးကွက်အတွက် GigaTexas နှင့် GigaMexico တို့တွင် ထုတ်လုပ်မည် ဖြစ်ပါသည်။

 

 

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 1052 times