တောင်ကိုရီးယား သမ္မတမွန်းအစိုးရ၏ အလုပ်ခန့်ပုံစံ ပထမဆုံးကျင့်သုံးသည့် GGM ကားစက်ရုံသစ်


တောင်ကိုရီးယား မော်တော်ယာဉ် ထုတ်လုပ်ရေးကဏ္ဍတွင် နောက်ဆုံးတည်ဆောက်ခဲ့သော မော်တော်ယာဉ် ထုတ်လုပ်ရေးစက်ရုံမှာ ၁၉၉၈ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့သည့် Samsung Motors ၏ စက်ရုံဖြစ်ပြီး ဘူစန်မြို့တွင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။


ယခု ၂၃ နှစ်ကြာပြီးသည့်နောက် ကားထုတ်လုပ်ရေးစက်ရုံတစ်ခုကို Gwangju Global Motors (GGM) က ဂွမ်းဂျူမြို့တွင် တည်ဆောက်ပြီးစီးခဲ့သည်။ သမ္မတမွန်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ စက်တင်ဘာလတွင် ထုတ်လုပ်မှု တရားဝင် စတင်ခဲ့သည်။


အဆိုပါစက်ရုံ အကောင်အထည်ဖော်ရန် ဂွမ်းဂျူ ဒေသအာဏာပိုင် နှင့် Hyundai Motor တို့ လွန်ခဲ့သည့် ၂ နှစ်က လက်မှတ်ရေးထိုးခဲ့ကြသည်။
စက်ရုံလည်ပတ်ရန်အတွက် ဂွမ်းဂျူ ဒေသအာဏာပိုင်၊ ပုဂ္ဂလိကကဏ္ဍနှင့် အလုပ်သမား သမ္မဂတို့ သုံးပွင့်ဆိုင် လေးနှစ်ကြာ ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး သဘောတူညီမှု ရရှိခဲ့ကြသည်။

GGM ကို ဂွမ်းဂျူးမြို့တော်က ၂၁% ပိုင်ဆိုင်သည်။ Hyundai က ၁၉% ပိုင်ဆိုင်သည်။
သုံးနှစ်တာကာလတွင် အမေရိကန်ဒေါ်လာ ၅၁၉ သန်း ရင်းနှီးမြှုပ်နှံသွားမည်။
mini SUV ဖြစ်သည့် Casper မော်ဒယ်ကို ထုတ်လုပ်ပြီး တစ်နှစ်လျှင်စီးရေ ၇၀,၀၀၀ ထုတ်လုပ်နိုင်စွမ်း ရှိသည်။ 

ပုံမှန်လုပ်သားဦးရေကို လောလောဆယ်တွင် ၃၈၅ ဦး ခန့်ထားပြီး လာမည့်နှစ်တွင် ၉၀၈ ဦးအထိ ခန့်ထားရန်လျာထားသည်။ လုပ်သားများ၏ ၇၀% သည် ဂွမ်းဂျူမြို့နေနှင့် မြို့အနီးနေ အသက် ၂၀ ကျော်မှ ၃၀ ကျော် ကြားတွင် ရှိသူများ ဖြစ်သည်။
ဂွမ်းဂျုးအာဏာပိုင်တို့က ခန့်မှန်းသည်မှာ စားသောက်ဆိုင်များနှင့် အခြားလုပ်ငန်း အသေးစားများ အပါအဝင် သွယ်ဝိုက်အလုပ်အကိုင်များ ၁၁,၀၀၀ ခု ရရှိလိမ့်မည်။


GGM ၏ တစ်မူထူးခြားချက်များအနက် တစ်ခုမှာ တောင်ကိုရီးယားတွင် ဒေသအာဏာပိုင်၊ ပုဂ္ဂလိက ကုမ္ပဏီနှင့် အလုပ်သမားသမဂ္ဂတို့ အတူတကွ ဒေသခံကုမ္ပဏီတစ်ခု ထူထောင်ခြင်း ဖြစ်သည်။ ရလဒ်အဖြစ် လုပ်သားခ ကုန်ကျစရိတ် နည်းခြင်းသည် နောက်ထပ်ထူးခြားချက်ဖြစ်သည်။ ဝန်ထမ်းလစာ  ဝမ် ၃၅ သန်းဖြင့် စတင်သဘ်။ တစ်ရက် အလုပ်ချိန် ၈ နာရီဖြင့် တစ်ပတ် နာရီ ၄၀ ဟု သတ်မှတ်ထားသည်။

သမ္မတမွန်း အစိုးရ၏ အလုပ်ခန့်စံပုံစံဖြင့် ပထမဆုံးလုပ်ကိုင်သည့်းစက်ရုံ  ဖြစ်သည်။

၎င်းအလုပ်ခန့်စံပုံစံတွင် လုပ်သားနှင့် စီမံခန့်ခွဲမှုတို့အကြား လိုက်လျောမှု ပြုထားသည်။ ကုမ္ပဏီက အလုပ်အရေအတွက် တိုးချဲ့ခန့်ထားရန်အတွက် လုပ်သား၏ တစ်နှစ်တာ လစာကို ထက်ဝက်လျှော့ချပြီး လုပ်သားများ တိုးမြှင့်ခန့်ထားနိုင်သည်။ ဗဟိုအစိုးရနှင့် ဒေသအာဏာပိုင်တို့က နေဖို့ အိုးအိမ်၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု စသည့် လူမှုဘဝ ဖူလုံရေးကို လုပ်သားများအား ပေးအပ်သည်။ သို့ဇြစ်ရာ စက်ရုံမှ ရသည့်လစာနှင့် အစိုးရမှ ပေးအပ်သည့် အထောက်အပံ့ ခံစားခွင့်များ ပေါင်းလိုက်ပါက တစ်နှစ်တာ တကယ်ရသည့်လစာသည် နိမ့်ကျမနေတော့ချေ/ 
စံပုံစံကို ထောက်ခံအားပေးမှုများ ရရှိနေသည်။ ဂွမ်းဂျူ ကားစက်ရုံမှ ထုတ်လုပ်သည့် Hyundai Casper စီးရေ ၃၀,၀၀၀ ကြိုတင်အမှာစာ လက်ခံရရှိထားပါသည်။ တစ်မူထူးခြားသည်မှာ ကားအရောင်းကို အွန်လိုင်းမှသာ ဈေးဖွင့် ရောင်းချပေးသည်။ တောင်ကိုရီးယားတွင် Casper ကို အမျိုးသမီးများ ကြိုက်နှစ်သက်ကြသည်ဟု သိရပါသည်။

koreajoongangdaily.joins.com

Read 855 times