အိန္ဒိယမှ ဆုတ်ခွာသည့် General Motors စက်ရုံ Hyundai Motor ဝယ်ယူမည်


အိန္ဒိယမှ ဆုတ်ခွာသည့် General Motors စက်ရုံ Hyundai Motor ဝယ်ယူမည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


တောင်ကိုရီးယားမှ ကားလုပ်ငန်း Hyundai Motor Co က အိန္ဒိယမှ အမေရိကန်ကားလုပ်ငန်း  General Motors စက်ရုံကို ဝယ်ယူရန် သဘောတူညီမှု ရရှိကြောင်း ထုတ်ပြန်ကြေညာသည်။

General Motors သည် ၂၀၁၇ ခုနှစ်တွင် အိန္ဒိယဈေးကွက်မှ ဆုတ်ခွာရန် ဆုံးဖြတ်ခဲ့ပြီး  ကားများ ထုတ်လုပ်ခြင်းကို ရပ်တန့်ခဲ့သည်။ စက်ရုံကို ရောင်းချရန် ကြိုးစားခဲ့ရာ မအောင်မြင်ခဲ့ချေ။

သက်ဆိုင်ရာအစိုးရအာဏာပိုင်များနှင့် သက်ဆိုင်သူအားလုံးထံမှ စည်းမျဉ်းစည်းကမ်းခွင့်ပြုချက်ရယူခြင်းအပါအဝင် အခြေအနေအရပ်ရပ်နှင့် ကိုက်ညီပြီးသည့်နောက်တွင် အရောင်းအဝယ် ပြုကြမည်ဟု Hyundai ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

GM သည် နှစ်အတန်ကြာ ရောင်းအားကျဆင်းသွားပြီးနောက် အိန္ဒိယတွင် ကားများရောင်းချခြင်းကို ၂၀၁၇ ခုနှစ်တွင် အပြီးအပိုင် ရပ်တန့်ခဲ့သည်။
 အလုပ်သမား ကိစ္စရပ်များ ဖြေရှင်းရခြင်း၊ 
အိန္ဒိယအနောက်ပိုင်း မဟာရက်ရှထရာ ပြည်နယ်ရှိ ၎င်းစက်ရုံကို ဝယ်မည့်သူ မရရှိခြင်းတို့ကြောင့် အိန္ဒိယစျေးကွက်မှ လုံးလုံးလျားလျား ထွက်ခွာနိုင်ခြင်း မရှိသေးချေ။

၂၀၁၉ ခုနှစ်တွင် GM သည် အဆိုပါစက်ရုံအား တရုတ်မှ Great Wall Motor သို့ ရောင်းချရန် သဘောတူညီခဲ့သည်။ သို့သော် အိန္ဒိယအစိုးရက တရုတ်ကုမ္ပဏီ ဖြစ်နေသည့်အတွက် ခွင့်မပြုချေ။
စက်ရုံ ရပ်လိုက်ပြီး အလုပ်သမားများကို အလုပ်ဖြုတ်သည့်အတွက် ၂၀၂၁ မှစ၍ တရားတဘောင် ရင်ဆိုင်ခဲ့ရသည်။ 
 စက်ရုံမှ ထုတ်ပယ်ခံရသော အလုပ်သမားများအားတရားရုံးမှ အမိန့်ပေးသည့်ကို လိုက်နာခြင်း မရှိဘဲ လျော်ကြေးပေးရန် ပျက်ကွက်ခဲ့သော GM ၏ အိန္ဒိယလုပ်ငန်းခွဲနှင့် GM ၏ ကမ္ဘာလုံးဆိုင်ရာ စီအီးအိုတို့ကို ဇန်န၀ါရီလတွင် အလုပ်သမားသမဂ္ဂက အမှုအသစ်ဖြင့်  တရားစွဲဆိုခဲ့သည်။

အိန္ဒိယကားဈေးကွက်တွင် အမေရိကန်ကားလုပ်ငန်းများ ကျရှုံးကြသည်။ GM နှင့်  Ford Motor တို့ အိန္ဒိယမှ ဆုတ်ခွာခဲ့ရသည်။ 
လက်ရှိတွင် အိန္ဒိယကားဈေးကွက်သည် ကမ္ဘာ့တတိယကားဈေးကွက် ဖြစ်ပြီး ဂျပန်မှ Suzuki Motor နှင့် တောင်ကိုရီးယား Hyundai Motor တို့က ဈေးကွက်ဝေစု ၆၀% ကို ရရှိထားကြသည်။

ယခုစက်ရုံ ဝယ်ယူပြီးပါက  အိန္ဒိယတွင် Hyundai ၏ ဒုတိယကားစက်ရုံ ဖြစ်လာမည်။ 
Hyundai သည် ၂၀၂၈ တွင် အိန္ဒိယနိုင်ငံမှာ အီးဗီမော်ဒယ် ၆ မျိုး ‌ထုတ်လုပ်မည့် အစီအစဉ် ရှိသည်။
Source Reuters 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 208 times